စီးပွားရေး

စက်သုံးဆီဈေး ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးတန်းအထိမကျသေးဟု လုပ်ငန်းရှင်များ သုံးသပ်

မဲခေါင် 6 Oct - 2022
ယခုရက်ပိုင်းမှာ ပြည်တွင်း စက်သုံးဆီဈေးတွေ ပြန်လည် ကျဆင်းနေတယ် ဆိုပေမယ့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးတန်းအထိ မကျသေးဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ နောက်ဆုံး အပတ်က ဒီဇယ် တစ်လီတာ ၃၂၀၀ ကျပ်ဝန်းကျင်နဲ့ 92 တစ်လီတာ ၂၆၃၅ ကျပ်အထိ ဈေးမြင့်တက်ခဲ့ပြီး မနေ့ အောက်တိုဘာလ ၅ ရက်မှာ 92 တစ်လီတာ ၁၈၈၀ ကျပ်၊ 95 တစ်လီတာ ၁၉၅၀ ကျပ်၊ ရိုးရိုးဒီဇယ် ၂၄၈၀ ကျပ်၊ ပရီမီယံဒီဇယ် ၂၅၆၅ ကျပ်အထိ ကျဆင်းခဲ့ပါတယ်။ “ စက်သုံးဆီဈေး ကျဆင်းလာတာလို့ ပြောလို့ မရပါဘူး၊ အရင်တုန်းက ဈေးတန်း

ယခုရက်ပိုင်းမှာ ပြည်တွင်း စက်သုံးဆီဈေးတွေ ပြန်လည် ကျဆင်းနေတယ် ဆိုပေမယ့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးတန်းအထိ မကျသေးဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ နောက်ဆုံး အပတ်က ဒီဇယ် တစ်လီတာ ၃၂၀၀ ကျပ်ဝန်းကျင်နဲ့ 92 တစ်လီတာ ၂၆၃၅ ကျပ်အထိ ဈေးမြင့်တက်ခဲ့ပြီး မနေ့ အောက်တိုဘာလ ၅ ရက်မှာ 92 တစ်လီတာ ၁၈၈၀ ကျပ်၊ 95 တစ်လီတာ ၁၉၅၀ ကျပ်၊ ရိုးရိုးဒီဇယ် ၂၄၈၀ ကျပ်၊ ပရီမီယံဒီဇယ် ၂၅၆၅ ကျပ်အထိ ကျဆင်းခဲ့ပါတယ်။

“ စက်သုံးဆီဈေး ကျဆင်းလာတာလို့ ပြောလို့ မရပါဘူး၊ အရင်တုန်းက ဈေးတန်း တစ်ခုနဲ့ယှဉ်ရင်။ နိုင်ငံရေး အခြေနေကြောင့် ဈေးတွေက အဆမတန် မြင့်တက်သွားတာ၊ အရင်ဈေးတန်း နီးပါးတောင် မရောက်သေးတဲ့ အတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးတန်း တစ်ခု မရောက်သေးဘူး။ ဆီဈေး ကျတယ်ဆိုတာ လတ်တလော အရမ်းမြင့်တက်မှု အတွက် ဈေးကျတယ်ပဲ ပြောလို့ရမယ်”  လို့ အမည်မဖော်လိုသူ လုပ်ငန်းရှင် တစ်ဉီးက ပြောပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်း ဓာတ်ဆီ တန်ချိန် ၈ သောင်းနဲ့ ဒီဇယ်တန်ချိန် ၁ သိန်းခွဲ တင်သွင်းခွင့် ပြုခဲ့ပြီး စက်သုံးဆီ လုံလောက်ဖို့နဲ့ ဈေးနှုန်းကျဆင်းဖို့ လုပ်နေတယ်လို့ ပြောနေပေမယ့် စစ်အာဏာမသိမ်းခင်က ဈေးတန်း ပြန်ရောက်ရန် လိုအပ်နေကြောင်း ၎င်းကဆိုပါတယ်။

“ နှစ်ထောင်အောက် ရောက်တယ် ဆိုပေမယ့် သိသာတဲ့ ကျဆင်းမှုတော့ မဟုတ်ဘူး၊ အရင်က တစ်လီတာမှ ၁၃၀၀ ပဲ ရှိတာလေ၊ ဈေးကျတယ်ဆိုပြီး ပြောဖို့ကတော့ စောင့်ကြည့်ရမယ်၊ ပြန်တက်ဖို့ အရှိန်ယူတာလည်း ဖြစ်နိုင်တယ်၊ ပြီးခဲတဲ့ လတွေတုန်းက တစ်ရက်ကို ၂၀၊ ၃၀ လောက် အကျပြပြီး ၁၀၀ လောက် ပြန်တက်ခဲ့တာ၊ စောင့်ကြည့်ရမှာပေါ့၊ အခုလို တဖြည်းဖြည်း ကျသွားရင်တော့ အဆင်ပြေတာပေါ့၊ ကုန်ဈေးနှုန်းတွေကတက် ဆီဈေးကတက်ဆို အဆင်မပြေဘူး”  လို့ ရန်ကုန်မြို့က အဌားယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက နေ့စဉ်စ က်သုံးဆီ ရည်ညွှန်းဈေးကို စင်္ကာပူ အခြေစိုက် MOPS ရဲ့ ဈေးနှုန်းအပေါ် အခြေခံ တွက်ချက်တာ ဖြစ်ပြီး လက်ရှိ MOPS ဈေး ကျဆင်းမှုနဲ့ ပြင်ပ ဒေါ်လာငွေလဲနှုန်း ကျဆင်းမှုကြောင့် ပြည်တွင်း စက်သုံးဆီ ဈေးနှုန်း ကျဆင်းခဲတာလို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

စီးပွားရေး

လက်ဖက်လုပ်ငန်း လုပ်ကိုင်သူတွေ လိုက်နာရမဲ့ စည်းကမ်းချက် TNLA ထုတ်ပြန်

မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်း ပြည်နယ်အတွင်း လက်ဖက် ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူတွေ လိုက်နာရမဲ့
စီးပွားရေး

ဈေးကစားလိုသူတွေရဲ့ အွန်လိုင်းကောလဟလ ထုတ်လွှင့်တာကြောင့် ရွှေဈေးတက်နေရတယ်လို့ YGEA ထုတ်ပြန်

မဲခေါင်၊ မတ်လ ၂၂ ကမ္ဘာရွှေဈေးနဲ့ ပြည်တွင်းရွှေဈေး ချိတ်ဆက်မှုမရှိဘဲ ဈေးကစားလိုသူတွေ အွန်လိုင်းမီဒီယာတွေကနေ တစ်ဆင့်ကောလဟလ ထုတ်လွှင့်နေတာကြောင့်သာ ရွှေဈေးတက်နေရတယ်လို့ ရန်ကုန်တိုင်း
စီးပွားရေး

တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားခတွေဈေးကြီးနေပြီး ဆင်မောင်းမှာ ညအိပ်ခ အဆမတန်ပေးရ

မဲခေါင်၊ မတ် ၁၉ ရှမ်းပြည်နယ်၊ တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားခတွေ ဈေးကြီးနေတဲ့အပြင် မိုင်းပျဉ်းမြို့နယ် ၂၄ မိုင်ရွာ ဆင်မောင်းမှာ ရပ်နား ညအိပ်ရာ တည်းခိုခန်းခတွေ အဆမတန် ပေးနေရတယ်လို့ဒေသခံတွေက ပြောပါတယ်။
စီးပွားရေး

ပြည်တွင်းအာလူးပေါ်ချိန် တရုတ်နဲ့ ဘင်္ဂလားဒေရှ့်က အလုံးအရင်းနဲ့ဝင်နေလို့ တောင်သူတွေ တွက်ခြေမကိုက်

မဲခေါင်၊ မတ်လ ၁၈ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အညာဒေသက အာလူးပေါ်ချိန်မှာ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်က အလုံးအရင်းနဲ့ ဝင်ရောက်နေတာကြောင့် ဈေးကွက်အတွင်း ကုန်ပေါပြီး ဈေးရရှိမှုနည်းကာ အမြတ်အစွန်းနည်းလို့ တွက်ခြေမကိုက် ဖြစ်နေတယ်လို့ ရှမ်းတောင် အာလူးစိုက် တောင်သူတွေက
စီးပွားရေး မြန်မာ့နွေဦး

ဂျပန်ထွက်ဖို့ကြိုးစားနေတဲ့ မြန်မာလုပ်သား အရေအတွက်က ဂျပန်အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြား

မဲခေါင်၊ မတ် ၁၁ အာဏာသိမ်းပြီးနောက် ဂျပန်ထွက်ဖို့ ကြိုးစားနေတဲ့ လူငယ် မြန်မာ လုပ်သား အရေအတွက်က ဂျပန် အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြားနေတယ်လို့ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့
စီးပွားရေး

စစ်ခေါင်းဆောင်မက်လုံးပေးတဲ့ ချေးငွေတိုင်း လုပ်ငန်းရှင်တွေတကယ်ရဖို့ခက်နေ

မဲခေါင်၊ မတ် ၁၀ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့တိုင်း လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ချေးငွေတွေထုတ်ပေးမယ်လို့ မက်လုပ်ပေးနေပေမယ့် တကယ်တန်းမှာ ချေးငွေရရှိဖို့ခက်ခဲနေတယ်လို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။
စီးပွားရေး

ဆီစျေးတက်၊ စစ်ဆေးရေးကြာလို့ ရှမ်းပြည်သွားကုန်ကားအချို့ ယာယီရပ်

ရှမ်းပြည်နယ်ကို အတက်အဆင်း ကုန်သယ်နေတဲ့ ကုန်တင်ယာဉ်တွေဟာ ဆီစျေးတွေ တက်လာတဲ့အပြင် စစ်ဆေးရေးဂိတ်တွေမှာ ကြာမြင့်စွာ စောင့်ဆိုင်း စစ်ဆေးခံရတာကြောင့် ယာယီရပ်နားထားရတယ်လို့ ကုန်တင်ယာဉ်မောင်းအချို့ထံက သိရပါတယ်။
စီးပွားရေး

၂၀၂၂ ခုနှစ်မှာ ကျောက်ဖြူ-ယူနန် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ စစ်ကောင်စီ ဒေါ်လာ ၁.၄၃ ဘီလီယံရရှိ

မဲခေါင်၊ ဇန်နဝါရီ ၁ ၂၀၂၂ ခုနှစ်အတွင်း တရုတ်ကို ရခိုင်ရွှေကမ်းလွန်သဘာ၀ဓာတ်ငွေ့ လုပ်ကွက်မှ သဘာ၀ဓာတ်ငွေ့ ရောင်းချမှုကနေ စစ်ကောင်စီက ဒေါ်လာ ၁ . ၄၃ ဘီလီယံ ရရှိခဲ့တယ်လို့ သိရပါတယ်။