စီးပွားရေး

ကော်ဖီစေ့အစို ဈေးနှိမ်လို့ တောင်သူတွေ တွက်ခြေမကိုက်ဖြစ်နေ

မဲခေါင် 7 Dec - 2022
ရှမ်းပြည်နယ်ထွက် ကော်ဖီစေ့ အစိုတွေကို ကုန်သည်တွေက ဈေးနှိမ် ဝယ်ယူနေတဲ့ အတွက် တောင်သူတွေ ကုန်ကျစရိတ်နဲ့ တွက်ခြေမကိုက် ဖြစ်နေပြီး ထပ်မံ တိုးချဲ့ စိုက်ပျိုးဖို့ စိတ်မဝင်စားကြတော့ဘူးလို့ ကော်ဖီစိုက် တောင်သူတွေက ပြောပါတယ်။

လက်ရှိ ကော်ဖီအစို တစ်ပိဿာကို ကျပ် ၃,၀၀၀ ကျော် ပေါက်ဈေးရှိပေမယ့် ကော်ဖီစိုက် ဒေသတွေကို လာဝယ်တဲ့ ကုန်သည်တွေက ဈေးနှိမ်ပြီးတော့ တစ်ပိဿာကို ၁,၃၅၀ ကျပ်နဲ့ ဈေးဖြတ် ဝယ်ယူနေတာကြောင့် ကော်ဖီစိုက် တောင်သူတွေ အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။

အခုလို ကော်ဖီစိုက် တောင်သူတွေ အခက်အခဲ တွေ့နေစဉ်မှာ အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်က ကော်ဖီ အတွက် GAP လက်မှတ်တွေ စနစ်တကျ ထုတ်ပေးနေပြီး အလေ့အကျင့်ကောင်းတွေ ရရှိလာတာနဲ့ အမျှ အခွန် ဖြေလျော့မှုတွေ လုပ်ပေးမယ်လို့ ပြင်ဦးလွင်မှာ ကော်ဖီစိုက် တောင်သူနဲ့ လုပ်ငန်းရှင်တွေကို ပြောဆို ခဲ့ပါတယ်။

ကော်ဖီက ဘိန်းအစားထိုး သီးနှံပါ၊ အခွန်က အဓိက ပြဿနာ မဟုတ်ပါဘူး။ ငွေလဲနှုန်း ကန့်သတ်ချက်က အခက်ခဲ ဖြစ်စေတာရယ်၊ ခိုင်မာတဲ့ မူဝါဒ ဈေးကွက်စီးပွားရေး စနစ်ကို ဖော်ဆောင်နိုင်ခြင်း မရှိရင် မုန့်လုံး စက္ကူကပ် ဖြစ်နေမှာပဲ။ တူတူတန်တန် ဈေးပေးဝယ်မယ့် ဈေးကွက်မရှိဘူး။ အခုလက်ရှိက တောင်သူရော ကုန်သည်ရော အဆင်မပြေတာ။ အခုလက်ရှိ ပြည်ပပို့နေတဲ့ ဟာတွေကလည်း တောင်သူက အကျိုးခံစားခွင့် မရှိပါဘူး။ တောင်သူရတဲ့ဈေးက အဆင်မပြေနိုင်တဲ့ ဈေးမျိုးဖြစ်နေတာ

လို့ ကော်ဖီ လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

လက်ရှိ ပြည်ပတင်ပို့ရာမှာ ကော်ဖီ တစ်တန် သိန်း ၂၀၀ ဈေးဖွင့်ပါက တောင်သူဆီက သိန်း ၄၀ ဝန်းကျင်သာ ဈေးပေးဝယ်ပြီး ဘိန်းစိုက်ပျိုးမှုနဲ့ ယှဉ်ပါက ဝင်ငွေများစွာ ကွာဟနေလို့ ဘိန်းအစားထိုး သီးနှံ အဖြစ် စိုက်ပျိုးဖို့ စိတ်ဝင်စားမှု နည်းလာတယ်လို့ သူကဆိုပါတယ်။

ရှမ်းပြည်တောင်ပိုင်းက ရွာငံဒေသမှာ ကော်ဖီစိုက်ပျိုးမှု များပြားလာပြီး တစ်နှစ် တန်ချိန် ၃,၅၀၀ နီးပါး ထွက်ရှိနေ ပေမယ့် ဈေးနှိမ်ဝယ်ယူမှုတွေကြောင့် ခြံပိုင်ရှင်တွေ တွက်ခြေမကိုက် ဖြစ်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

စီးပွားရေး

၂၀၂၂ ခုနှစ်မှာ ကျောက်ဖြူ-ယူနန် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ စစ်ကောင်စီ ဒေါ်လာ ၁.၄၃ ဘီလီယံရရှိ

မဲခေါင်၊ ဇန်နဝါရီ ၁ ၂၀၂၂ ခုနှစ်အတွင်း တရုတ်ကို ရခိုင်ရွှေကမ်းလွန်သဘာ၀ဓာတ်ငွေ့ လုပ်ကွက်မှ သဘာ၀ဓာတ်ငွေ့ ရောင်းချမှုကနေ စစ်ကောင်စီက ဒေါ်လာ
စီးပွားရေး

လျှပ်စစ်ကားတင်သွင်းမှုက ပွင့်လင်းမြင်သာမှုမရှိတဲ့ ပရော့ချက်တစ်ခုသာဖြစ်တယ်လို့ ကား လောကသားတွေ ဝေဖန်

မဲခေါင်၊ ဇန်နဝါရီ ၂၆ စစ်ကောင်စီရဲ့ လျှပ်စစ်ကားတင်သွင်းမှုဟာ ရေပေါ်ဆီ လူတန်းစာတစ်ရပ် အတွက်သာ ဖြစ်ပြီး ပွင့်လင်းမြင်သာမှု မရှိတဲ့ နိုင်ငံတော်ဆိုင်ရာ
စီးပွားရေး

ရွှေလီ – မူဆယ် နယ်စပ်ဂိတ်ပြန်ဖွင့်ပေမယ့် တရုတ်ဘက်က ပို့ကုန်တွေပဲ အများဆုံးဝင်

တရုတ်-မြန်မာ အဓိကနယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ရွှေလီ - မူဆယ် ဂိတ်ကို ဇန်နဝါရီ ၁၄ ရက်နေ့မှာ တရားဝင်ပြန်ဖွင့်ခဲ့ပေမယ့် သူတို့ဘက်ကသာ ပို့ကုန်တွေကို အဓိကပို့နေပြီး မြန်မာဘက်က ကုန်တွေကို ကန့်သတ် ထားတယ်လို့ သိရပါတယ်။ 
စီးပွားရေး

ပြတ်ချင်သလိုပြတ်နေတဲ့ လျှပ်စစ်မီးကြောင့် အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ အခက်ကြုံနေရ

စစ်ကောင်စီက ရန်ကုန် အပါအဝင် နိုင်ငံတဝှမ်းမှာ အလှည့်ကျ စနစ်နဲ့ လျှပ်စစ်မီး ပေးနေတယ် ဆိုပေမယ့် မီးလာရမယ့် အချိန်မှာပါ ပြတ်တောက်နေတဲ့ အတွက် အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ အခက်ခဲများနဲ့ ကြုံတွေ့နေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
စီးပွားရေး

ရုံးခန်းမရှိတဲ့ Yagon Time Investment ကုမ္ပဏီက ကျပ်သိန်းပေါင်းများစွာ လိမ်လည်သွား

Yagon Time Investment ဆိုတဲ့ အမည်ခံ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး ငွေကြေး ရင်းနှီးမြှုပ်နှံထားသူတွေကို အဆက်အသွယ် မပြုလုပ်တော့ဘဲ ငွေကျပ် သိန်းပေါင်းများစွာ လိမ်လည်သွားတယ်လို့ ငွေကြေး ရင်းနှီးမြုပ်နှံသူတွေ
စီးပွားရေး

စားသုံးဆီ တစ်ပိဿာ ကျပ် ၆,၀၀၀ ဝန်းကျင်အထိ ဈေးပြန်ကျစဉ် စစ်ကောင်စီက ရည်ညွှန်းဈေးတိုးမြှင်လို့ ကုန်သည်တွေ ဝေဖန်

လက်လီ ဈေးကွက်အတွင်း စားသုံးဆီ တစ်ပိဿာ ကျပ် ၆,၀၀၀ ကျော်ဝန်းကျင် အထိ ပြန်ကျနေစဉ်မှာ စစ်ကောင်စီ လက်အောက်ခံ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီက ရန်ကုန်အထိုင် ရည်ညွှန်းဈေးကို တစ်ပိဿာ ၄၃၅၀
စီးပွားရေး

ရန်ကုန်အခြေစိုက် ရွှေစက်ဝန်းကုမ္ပဏီက ကျပ်သိန်းပေါင်းတစ်သိန်းကျော် လိမ်သွား

ငွေကြေး လည်ပတ်မှု အဆင်မပြေတော့လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ရန်ကုန်မြို့ အခြေစိုက် ဆန်လုပ်ငန်း လုပ်ကိုင်တဲ့ ရွှေစက်ဝန်း ကုမ္ပဏီက ငွေကျပ်သိန်းပေါင်း တစ်သိန်းကျော် လိမ်လည်ခဲ့ပြီး ကုမ္ပဏီပိုင်ရှင် ထွက်ပြေး တိမ်းရှောင် နေတယ်လို့ ဘုရင်နောင် ဆန်ကုန်စည်ဒိုင်က
စီးပွားရေး

စစ်ခေါင်းဆောင်က မြေပြင်အခြေအနေကို မျက်ကွယ်ပြုပြီး ထင်ရာမြင်ရာပြောနေဟု လုပ်ငန်းရှင်များဝေဖန်

အာဏာသိမ်း စစ်ခေါင်းဆောင်က သီးနှံစိုက်ပျိုးမှု အထွက်နှုန်းကောင်းကာ ပြည်ပတင်ပို့မှု အားကောင်း လာတယ်လို့ ပြောဆိုမှုဟာ မြေပြင်အခြေနေကို မျက်ကွယ်ပြုပြီး ထင်ရာမြင်ရာ ပြောဆိုမှုသာ ဖြစ်တယ်လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေက ဝေဖန်ပါတယ်။ မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ