စစ်ရေးသတင်း

PNO က နားခိုက်ရွာမှာ နေအိမ်မီးရှို့ဖျက်စီးပြီး ပစ္စည်းတွေယူဆောင်သွား

မဲခေါင် 10 Jul - 2024
ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ PNO က ပြည်သူတွေရဲ့နေအိမ် တွေကို မွှေနှောက်ဖျက်ဆီးပြီး ဘုရားဆင်းတုတော်တွေနဲ့ ငွေတွေ၊ ကားတွေ ဆိုင်ကယ်တွေကို လုယက်ယူဆောင်သွားတယ်လို့သိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၀

ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ PNO က ပြည်သူတွေရဲ့နေအိမ် တွေကို မွှေနှောက်ဖျက်ဆီးပြီး ဘုရားဆင်းတုတော်တွေနဲ့ ငွေတွေ၊ ကားတွေ ဆိုင်ကယ်တွေကို လုယက်ယူဆောင်သွားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်က နားခိုက်ရွာထဲကို သေနတ်ပစ်ဖေါက်ဝင်လာတဲ့ PNO ဟာ ကျေးရွာဒေသခံပြည်သူတွေရဲ့ နေအိမ် ၁၅၆ အိမ်ကို မွှေနှောက်ရှာဖွေကာ ဘုရားကြေးဆင်းတုတော် ၁၅ ဆူ၊ ကား ၄ စီး၊ ဆိုင်ကယ် ၂၈ စီး ၊ ငွေသား ကျပ်သိန်း ၃၄၀၊ ရွှေ ၁၀ ကျပ်သား၊ ဖုန်းတွေ၊ ပါ၀ါဘဏ်တွေ ကို လုယက်ယူဆောင်သွားတဲ့အပြင် ဒေသခံ ၃ဦးကို သတ်ဖြတ်ကာ ၈ ဦးကို ပြင်းထန်စွာရိုက်နှက်ခဲ့ပြီး ဘုန်းကြီးကျောင်းကို သေနတ်တွေနဲ့ ၃ ကြိမ်ပစ်ခတ်ခဲ့ပြီးနောက် ကား ၁၀ စီးနဲ့ ၈ အိမ်ကို မီးရှို့ဖျက်ဆီးပြီး မီးမရှို့ဘဲ ၄ အိမ်ကို ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

“ PNO စတင်ဖွဲ့စည်းစဉ်က လွတ်လပ်တဲ့ ပအိုဝ်းပြည်တည်ထောင်မယ်ဆိုပြီး ပန်းတိုင်ချမှတ်ခဲ့ပေမယ့် နောက်ဆုံးတော့ စစ်ကောင်စီရဲ့ကျွန်အဖြစ်ခံယူပြီး ပအိုဝ်းပြည်သူကို ပြန်လည်သတ်ဖြတ်တာနဲ့ လမ်းဆုံးနေတဲ့ အကြမ်းဖက်ဓားပြအဖွဲ့ဖြစ်လာနေပါတယ်`လို့ PNLO ပြောရေးဆိုခွင့်ရှိသူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

PNLO စစ်ဦးစီးချုပ်ရဲ့ မိသားစုပိုင်အိမ်ကို ထပ်မံမီးရှို့ခဲ့သလို အခြားအိမ်တွေကို ရဟန်းသံဃာတွေတောင်းပန်လို့ မီးငြိမ်းသတ်ပေးလို့ မပျက်စီးခဲ့ဘူးလို့သိရပါတယ်။

နားခိုက်ကျေးရွာဟာ ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသမှာ တည်ရှိပြီး အိမ်ခြေ ၃၅၀ ကျော်ရှိတဲ့ကျေးရွာကြီးဖြစ်ကာ PNO တွေကြောင့် ရွာတဝက် နီးပါးမျှ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီက MNDAA ဆီ အရာရှိတွေအပါအဝင် ၃၁၇ ဦး လက်နက်ချခဲ့လို့ MNDAA ဆို

ရှမ်းမြောက် လားရှိုးတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က အရာရှိတွေအပါအဝင် ၃၁၇ ဦး လက်နက်ချအလင်းဝင်လာတယ်လို့ ဇူလိုင်လ ၂၁ ရက် မနက်ပိုင်းက MNDAA
ဒေသတွင်းသတင်း

လားရှိုး အောင်မင်္ဂလာဈေးမှာ နေ့ခင်းကြောင်တောင် ခိုးယူနေကြပြီး စစ်ကောင်စီလွှတ်ပေးထား

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၊ အောင်မင်္ဂလာဈေးက ဆိုင်ခန်းတွေမှာ နေ့ခင်းကြောင်တောင် ဖောက်ထွင်း ခိုးယူမှုတွေ ကြုံနေရတယ်လို့ ဆိုင်ရှင်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုး က ခလရ-၆၈ တပ် ကို MNDAA တပ်တွေ သိမ်းပိုက်

ရှမ်းမြောက်၊ လားရှိုးမြို့က ခံစစ် တပ်တစ်တပ်ဖြစ်တဲ့ ခလရ-၆၈ ကို ဒီနေ့မနက် ပိုင်းမှာ MNDAA က သိမ်းပိုက်လိုက်လိုက်နိုင်ပြီလို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆည်ခေါင်းမှာ စစ်ဘေးရှောင်တွေကို ဖုန်းတွေ သိမ်းဆည်းပြီး အမျိုးသမီးတွေကို ကာယအိန္ဒြေပျက်စီးတဲ့အထိ စစ်ဆေးနေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားမြို့အနီး၊ ဆည်ခေါင်းကျေးရွာမှာ စစ်ဘေးရှောင်တွေကို ဖုန်းနဲ့ ငွေကြေးတွေ သိမ်းဆည်းပြီး အမျိုးသမီးတွေကိုလည်း ကာယအိန္ဒြေပျက်စီးတဲ့အထိ စစ်ဆေးနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆိုင်ကယ်မောင်းနှင်လာတဲ့ ကျောက်မဲဒေသခံ ၄ ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်သတ်

ရှမ်းမြောက်၊ ကျောက်မဲမြို့မှာ ဆိုင်ကယ် ၂ စီးနဲ့ မောင်းနှင်လာတဲ့ ဒေသခံ ၄ ဦးကို စစ်ကောင်စီရဲ့ လုံခြုံရေးတပ်သားတွေက မေးမြန်းတားဆီးမှုမရှိဘဲ သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ TNLA က ဒီနေ့ ဇူလိုင် ၂၃ မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်ပြီး စစ်ဘေးရှောင်တွေ တိုးလာလို့ စံကားမြို့က ကူညီကယ်ဆယ်ရေး အခက်အခဲ ဖြစ်လာ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားမြို့ အနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်ပြီး ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေမှာ စစ်ဘေးရှောင်တွေ တိုးလာတဲ့အတွက် အခက်အခဲတွေဖြစ်လာနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ဘေးရှောင်တွေကို ကားသမားအယောင်ဆောင် ငွေလိမ်လည်မှုတွေ ကြုံနေရ

ရှမ်းမြောက်က စစ်ဘေးရှောင်တွေကို ကားသမားအယောင်ဆောင်ပြီး ကားခ လိမ်ညာယူမှုတွေ၊ စျေးညှိသဘောတူပြီးမှ ငွေပိုပေးတဲ့သူနောက်ကို လိုက်သွားတာတွေ၊ ပြောတဲ့စျေးနဲ့တင်လာပြီးမှ လမ်းခရီးမှာစျေးပိုတောင်းတာတွေကြောင့် စစ်ဘေးရှောင်ဒုက္ခအပေါ် ကိုယ်စိတ်ဒုက္ခတွေ ထပ်မံရရှိမှုတွေ ဖြစ်စေနေတယ်လို့ ယင်းဒုက္ခတွေကို တွေ့ကြုံခံစားခဲ့ရတဲ့ ကာယကံရှင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မင်းအောင်လှိုင် ယာယီ သမ္မတ လုပ်မယ်

မဲခေါင်၊ ဇူလိုင် ၂၂ ကျန်းမာရေးမကောင်းတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ရာထူးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီနေ့မှာ လွှဲပြောင်းရယူလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆေးခွင့်ယူထားတဲ့ ယာယီသမ္မတရဲ့ တာဝန်တွေကို စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်ဆီကို လွှဲပေးတဲ့အကြောင်း ဒီညမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now