စစ်ရေးသတင်း

သိန္နီမြို့မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်၊ မြို့နဲ့ ၁၂မိုင်ပတ်လည်ကို စစ်တပ်က လေကြောင်းနဲ့တောက်လျောက်ပစ်နေလို့ ပြည်သူပိတ်မိနေ

မဲခေါင် 6 Nov - 2023
သိန္နီမြို့မှာ စစ်ကောင်စီရဲ့ စကခ ၁၆ ရှိရာ အနီးတဝိုက်နဲ့ မြို့ပတ်ချာလည်မှာ မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ပြည်သူပိုင်နေအိမ်တွေ မီးလောင်နေသလို ထိခိုက်သေဆုံးမှုတွေလည်း ရှိတယ်လို့ သိန္နီမြို့ခံတွေထံကနေ သိရပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၆

သိန္နီမြို့မှာ စစ်ကောင်စီရဲ့ စကခ ၁၆ ရှိရာ အနီးတဝိုက်နဲ့ မြို့ပတ်ချာလည်မှာ မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ပြည်သူပိုင်နေအိမ်တွေ မီးလောင်နေသလို ထိခိုက်သေဆုံးမှုတွေလည်း ရှိတယ်လို့ သိန္နီမြို့ခံတွေထံကနေ သိရပါတယ်။

တိုက်ပွဲတွေဟာ နိုဝင်ဘာလ ၆ရက် ဒီနေ့မနက်ပိုင်းအထိ ပြင်းထန်နေပြီး စစ်တပ်က မြို့နဲ့ ၁၂မိုင်ပတ်လည်အတွင်း လေကြောင်းနဲ့ လျောက်ပစ်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ဘေးရှောင်ဖို့လည်းခက်ခဲတယ်လို့ သိန္နီမြို့ခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

“နေ့လည်စာ စားပြီးချိန်ဆို တိုက်ပွဲစပြီ။ မနေ့(အောက်တိုဘာ ၅ရက်)က ကောင်းဟော်ထဲက လူနေအိမ်တစ်အိမ်မီးလောင်တယ်။ ကျွဲသေတယ်။ လေယာဉ်လာပစ်တာ။ ရွာတွေမှာတော့ လူမရှိသလောက်ဖြစ်ကုန်ပြီ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှောင်ကုန်တာ” လို့ သူက ပြောပါတယ်။

ကောင်းဟော်ကျေးရွာအုပ်စုထဲက ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင် ပြည်သူ ၂ထောင်ကျော် ပိတ်မိနေပြီး စစ်ဘေးရှောင်ပြည်သူအများစုဟာ နေမကောင်းတာတောင် ဆေးဝယ်မသောက်နိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ရှေ့လျှောက် ရာသီဥတုကလည်း ပိုအေးလာဖို့ ရှိတာကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် စိုးရိမ်ရတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီဘက်က သိန္နီမြို့ကို ပြန်ရဖို့ အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး မဟာမိတ်တွေဘက်ကလည်း လုံးဝလက်လွှတ်မခံဘဲ ပြန်လည်ခုခံနေတယ်လို့ မြို့ခံတွေက စစ်ရေးအခြေအနေကို ပြောပါတယ်။

သိန္နီတစ်မြို့လုံးနီးပါး စစ်ဘေးရှောင်နေရတာကြောင့် လူဦးရေအတိအကျကို ခန့်မှန်းရခက်နေပြီး သိန္နီမြို့ထဲနဲ့ လားရှိုးလာတဲ့ နမ့်တူတဖက်ကမ်း ကျေးရွာအုပ်စုတွေ အပါဆိုရင် စစ်ဘေးရှောင် သောင်းဂဏန်းနီးပါးရှိကာ ကွမ်းလုံလမ်းမပေါ်က နမ့်စလပ်ကျေးရွာအုပ်စုဖက်မှာလည်း ပိတ်မိနေတယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။

MK – 004

#MeKongNews

#သိန္နီ

#စစ်ဘေးရှောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း မြန်မာ့နွေဦး

SSPDF တပ်ရင်းမှူး ကားမတော်တဆမှုအတွင်း ကျဆုံး

မဲခေါင်၊ နိုဝင်ဘာ ၂၄ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် – ၁၀၀၅ တပ်ရင်း၊ SSPDF တပ်ရင်းမှူး ကားမတော်တဆဖြစ်ပြီး ကျဆုံးသွားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ တပ်ရင်းမှူးမိုကီသည် ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်တွင် တာဝန်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now