မဲခေါင်၊ နို၀င်ဘာ ၁
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စစ်ကောင်စီ လက်အောက်ခံ ကိုးကန့် ပြည်သူ့စစ် ၁၅ ဦး လက်နက် အပြည့်အစုံနဲ့ MNDAA ထံ လက်နက်ချ အလင်း၀င်လာတယ်လို့ ဒီကနေ့ နို၀င်ဘာ ၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ကိုးကန့် ပြည်သူ့စစ် ၁၅ ဦးဟာ လက်နက်ငယ် ၁၄ လက်၊ ပစ္စတို ၂ လက်နဲ့ ကျည်ဘောက်တွေနဲ့ အတူ MNDAA တပ်ဖွဲ့ထံ အောက်တိုဘာ ၃၁ ရက်မှာ ဆက်သွယ် အလင်း၀င်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်နက်ချ အလင်း၀င်လာတဲ့ ပြည်သူ့စစ်တွေကို ဘေးကင်းတဲ့နေရာ ပို့ဆောင်ပေးခဲ့ပြီး လမ်းစရိတ်အဖြစ် တစ်ဦး ငွေကျပ် ၁၅ သိန်းစီ ထောက်ပံ့ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ အောက်တိုဘာ ၃၁ ရက်မှာ ကွမ်းလုံမြို့နယ်၊ ကံမိုင်းဒေသ အခြေစိုက် ခလရ (၁၄၃) တပ်က စစ်သား ၄၁ ဦးဟာ တပ်ရင်းလိုက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်း၀င်လာခဲ့လို့ တစ်ဦးကို ငွေကျပ် ၁၅ သိန်းစီ ထောက်ပံ့ပြီး ဘေးလွတ်ရာ ပို့ဆောင်ပေးခဲ့တယ်လို့ MNDAA က အသိပေးထားပါတယ်။
အော်ပရေးရှင်း ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကစပြီး လက်ရှိအချိန်ထိ ၅ ရက်တာ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်သား ၁၀၀ ကျော် လက်နက်ချ အလင်း၀င်လာတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောဆိုထားပါတယ်။
MK-007
#MekongNews
#MNDAA
#ကိုးကန့်_ပြည်သူ့စစ်
#အလင်း၀င်








