မဲခေါင်၊ နိုဝင်ဘာ ၂၄
ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် – ၁၀၀၅ တပ်ရင်း၊ SSPDF တပ်ရင်းမှူး ကားမတော်တဆဖြစ်ပြီး ကျဆုံးသွားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
တပ်ရင်းမှူးမိုကီသည် ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်တွင် တာဝန်ဖြင့် ခရီးသွားစဉ် ကားတိမ်းမှောက်မှုဖြစ်ပွားကာ ကျဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
“မနေ့က ခရီးသွားရင်းနဲ့ လမ်းမှာ ကားမှောက်သွားတာ တပ်ရင်းမှူး ဆုံးသွားတာ ဟုတ်တယ်။ တပ်ရင်းမှူးက လူငယ်ပဲဗျ”ဟု ၎င်းက ပြောသည်။
ယင်းတပ်ရင်းမှူး ကျဆုံးသည့်အတွက် KNDF-UAV ဒရုန်းတပ်ဖွဲ့နှင့် KNDF တပ်ရင်း ၁၂ က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့မှုကိုလည်း SSPDF က အသိပေးထုတ်ပြန်သည်။
#MeKongNews
#ရှမ်းတောင်PDF
#တပ်ရင်းမှူး
#ကားမှောက်ကျဆုံး
#SSPDF








