တောင်ခမ်းမှ စစ်ကောင်စီတပ်သား ၃ဦး TNLA ထံ အလင်းဝင်
မဲခေါင်၊ မတ် ၃၀
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာရှိ အမှတ် (၉၀၂) အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ တပ်သား ၃ဦး လက်နက်အပြည့်စုံဖြင့် လာရောက် အလင်းဝင်ခဲ့ကြောင်း PSLF/TNLAသတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ မတ်လ၃၀ရက်တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် မတ်လ ၂၈ရက် ညနေ၃ နာရီအချိန်တွင် ၎င်းတို့ကို ဦးဆောင်သည့် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့သောကြောင့် ဦးဆောင်သူမရှိသည့်အတွက် ထွက်ပြေးပြီး TNLAတပ်ဖွဲ့ထံ လက်နက် ၃လက်နှင့်အတူ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း TNLA က ထုတ်ပြန်သည်။
ယင်းစစ်သုံ့ပန်း ၃ဦးကို TNLA မှ စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးသွားမည်ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ် အောက်တိုဘာ ၁၂ရက်ကလည်း သီပေါမြို့အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (၅၀၃)နှင့် (၅၀၄)စခန်းတို့အား တိုက်ခိုက်သိမ်းပိုက်စဥ် ဖမ်းဆီးရမိထားသည့် တပ်မိသာစုးဝင် (၁၉၁)ဦးကို PSLF/TNLAမှ လူသားချင်းစာနာထောက်ထားသောအားဖြင့် ပြန်လွှတ်ပေးခဲ့သည်ဟု ဖော်ပြပါရှိသည်။
#MeKongNews









