စစ်ရေးသတင်း

အဓမ္မ စုဆောင်းခံရသူ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ထံ လက်နက်ဖြင့် အလင်းဝင်

မဲခေါင် 24 Mar - 2025
အဓမ္မ စုဆောင်းခံရသူ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ထံ လက်နက်ဖြင့် အလင်းဝင်

အဓမ္မ စုဆောင်းခံရသူ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ထံ လက်နက်ဖြင့် အလင်းဝင်

မဲခေါင်၊ မတ် ၂၄

တိုက်ပွဲပြင်းထန်နေသည့် ကရင်နီနယ်စပ် မိုးဗြဲမြို့ ရှိ ခမရ ၄၂၂ တွင် လာရောက် အင်အားဖြည့်တွဲဘက်ထားသည့် ဗထူးအခြေစိုက် ခမရ – ၅၀၈မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး လက်နက်နှင့်အတူ မတ်လ ၂၃ရက်နေ့တွင် အလင်းဝင်ရောက်လာကြောင်းအမှတ်(၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ လင်းယုန်တပ်ခွဲမှ သတင်းထုတ်ပြန်သည်။

ယင်းတပ်သားသည် စစ်မှုထမ်းဥပဒေအရ အတင်းစုဆောင်းခံရသူဖြစ်ပြီး စစ်ကောင်စီ၏ မတရားစေခိုင်းမှုကို မခံစားနိုင်သောကြောင့် ထွက်ပြေးလာခြင်းဖြစ်သည်ဟု ဆိုသည်။

မိုးဗြဲ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများပြားလျက်ရှိကြောင်းကိုလည်း ထိုတပ်သား၏ ပြောကြားချက်အရထပ်မံသိရသည်ဟု ဆိုသည်။

အလင်းဝင်တပ်သားကို တပ်ရင်းမှ ဆုငွေပေးအပ်ပြီးနောက် ဘေးကင်းလုံခြုံသည့် ထိန်သိမ်းရေးဌာနသို့ လွှဲပြောင်းရန်စီစဥ်လျက်ရှိသည်ဟု သိရသည်။

“တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲမှာ စစ်ရေးလိုအပ်ချက်များစွာရှိနေတဲ့အတွက် တော်လှန်ပြည်သူများအနေဖြင့်လည်း ကျွန်တော်တို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ကို တတ်နိုင်သလောက် ထောက်ပို့ကူညီ‌ပေးကြပါရန် အကူအညီတောင်းခံအပ်ပါတယ်”ဟု မိုးဗြဲ ၁၀၀၁ PDFတပ်ရင်းပြန်ကြားရေးမှ ပြောသည်။

ရှမ်းတောင်စစ်‌ဒေသခွဲ၊ အမှတ်(၁)ဗျူဟာမှလည်း ပြည်သူ့ဘက်တော်သား အဖြစ် ခံယူချင်သည့် ရဲဘော်များရှိခဲ့ပါက မြေပြင်မှာရှိသည့် တပ်ရင်းတပ်ဖွဲ့များထံဆက်သွယ်ပြီး ပူးပေါင်းပါဝင်ပေးကြရန် ဆက်လက်ဖိတ်ခေါ်နေပြီး ပူးပေါင်းလာသည့် တပ်သားကိုလည်း ရှမ်းတောင်စစ်ဒေသခွဲ ၊ အမှတ်(၁)ဗျူဟာ မှ လုံခြုံစွာဖြင့် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ထုတ်ပြန်သည်။

မိုးဗြဲတွင် တော်လှန်အင်အားစုများ၏ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး၊ လက်နက် ၉ လက် နှင့်ဆက်စပ်ပစ္စည်းများကိုသိမ်းဆည်းရမိခဲ့ကြောင်း ရှမ်း‌တာင်စစ်ဒေသခွဲ အမှတ် ၁ ဗျူဟာက မတ်လ၁၅ရက်က ထုတ်ပြန်ထားသည်။

မဟာ
Photo – Mobye PDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်စန်မြို့လယ် ပစ်ခတ်မှုဖြစ်၊ ဗုံးခွဲမည်ဟု ခြိမ်းခြောက်သည့် စစ်ကောင်စီဗိုလ်ကြီးအား ရဲတပ်ဖွဲ့မှ ပစ်သတ်ခြင်းဟုဆို

မဲခေါင်၊ သြဂုတ် ၂၇ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့လယ်တွင် ယမန်နေ့ည ၇ နာရီခန့်က စစ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တို့ အချင်းများရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သားသေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။ နမ့်စန်မြို့ပေါ် မြို့လယ်နာရီစင်အနီးတွင် ယမန်နေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now