အဓမ္မစစ်မှုထမ်းခိုင်းစေခံရသူ သုံးဦး လက်နက်နှင့်တကွ ဖယ်ခုံ PDF၁၀၀၆ တပ်ရင်းထံ ပြည်သူ့ဘက်ရပ်တည်ခိုလှုံ
မဲခေါင်၊ ဖေဖော်ဝါရီလ ၂၅
မိုးဗြဲအခြေစိုက် ခမရ(၄၂၂) ၌ ပူးတွဲတာဝန်ကျသည့် ခမရ(၅၁၈) မှ တပ်သား သုံးဦး ယမန်နေ့ (ဖေဖော်ဝါရီ ၂၄) တွင် ဖယ်ခုံ PDF၁၀၀၆ တပ်ရင်းထံ လက်နက်များနှင့်အတူ ပြည်သူ့ဘက် ရပ်တည်ခိုလှုံလာကြောင်း ၁၀၀၆ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။
ထိုသုံးဦးသည် MA1 တစ်လက်၊ MA3 နှစ်လက်၊ ကျည်တောင့် ၁၂၀ ပါရှိသည်။
“ ထူးထူးထွေထွေတော့မရှိပါဘူး၊ သူတို့ဟိုဘက်မှာမနေချင်လို့ လက်နက်တွေယူလာပြီး ဒီဖက်မှာခိုလှုံလာတာပါ” ဟု၁၀၀၆ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မဲခေါင်ကို ယနေ့ (ဖေဖော်ဝါရီ ၂၅) ပြောသည်။
ထိုတပ်သား သုံးဦးသည် အဓမ္မစစ်မှုထမ်းခိုင်းစေခံရသူများဖြစ်ပြီး စစ်ကောင်စီမှ ပြည်သူလူထုအပေါ် နှိပ်စက်အကြမ်းဖက်မှုများကို လက်သင့်မခံနိုင်သောကြောင့် ဓမ္မတရားအတွက် အရဲစွန့် ရုန်းထွက်လာရခြင်းဖြစ်ကြောင်း၊ ၁၀၀၆ တပ်ရင်းအနေဖြင့် ပြည်သူ့ဘက်ခိုလှုံလာသူများကို နွေးထွေးစွာကြိုဆိုခဲ့ပြီး ဆုကြေးငွေများ ချီးမြှင့်ကာ ဘေးကင်းလုံခြုံစွာ ထားရှိသည်ဟု ပြောသည်။
အမျိုးသားညီညွှတ်ရေးအစိုးရကလည်း ပြည်သူ့ဘက် ခိုလှုံလာသူများကို ပြည်သူ့ သူရဲကောင်းများအဖြစ် အသိအမှတ်ပြုပြီး ထိုက်သင့်သော အထောက်အပံ့များ ပံ့ပိုးပေးနိုင်ရန်အတွက်လည်း လုပ်ဆောင်ပေးလျှက်ရှိသည်။
မဟာ
#MeKongNews









