နန်းဖဲမြို့အနီးကို စစ်ကောင်စီ ဗုံးကြဲ၊ ပြည်သူ တစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ
မဲခေါင်၊ ဖေဖေါ်ဝါရီ ၇
ကရင်နီပြည်၊ ဘောလခဲမြို့နယ်၊ နန်းဖဲမြို့အနီးကို စစ်ကောင်စီက မနေ့( ဖေဖော်ဝါရီ ၆) ညပိုင်းတွင် ဗုံးကြဲသဖြင့် စစ်ဘေးရှောင် ပြည်သူတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီ ဗုံး သုံးလုံးကြဲချ တိုက်ခိုက်ခဲ့သောကြောင့် တစ်ဦး နေရာ၌ပင်သေဆုံးကာ ဒဏ်ရာရသူ သုံးဦးအနက် တစ်ဦးစိုးရိမ်ရသည့်အပြင် စစ်ရှောင်နေအိမ် ငါးအိမ်နှင့် ဆိုင်ကယ်တစ်စီးပျက်စီးခဲ့သည်။
“ ပြည်သူတွေအပေါ်ပစ်မှတ်ထားတာက အရင်တုန်းက မှားကြဲတာပေါ့၊ ခုတော့မဟုတ်တော့ဘူး။ တမင်ကြဲချနေတာဆိုတော့ သူ့လောက် ယုတ်မာတဲ့ အစိုးရ မရှိတော့ပါဘူး”ဟု စစ်ရှောင်များကို ကူညီပေးနေသော Karenni Hope မှ ကိုလွမ်းကပြောသည်။
ယခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်၊ နေ့လယ်ပိုင်းကလည်း ဘောလခယ်မြို့နယ်၊ ချိကွဲရွာကို ပေါင် ၅၀၀ ဗုံးကြဲခဲ့သဖြင့် အသက် ၅၀ ကျော်အမျိုးသမီးတစ်ဦး သေဆုံးကာ နေအိမ် ၁၀ လုံးပျက်စီးခဲ့သည်။
ဘောလခဲမြို့နယ်၊ စောလုံကျေးရွာကို ၂၀၂၃ခုနှစ်၊ မေလက ဗုံးကြဲသဖြင့် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးကာ အသက်ကြီးပိုင်း အမျိုးသမီးလေးဦး ဒဏ်ရာရခဲ့ဖူးသည်။
မြူနှင်း
#MeKongNews









