စစ်ရေးသတင်း

စစ်ရေးပဋိပက္ခကြောင့် ရှမ်းပြည်တောင်ပိုင်းမှာ တစ်နှစ်အတွင်း ကလေး ၁၆ ဦး အပါအဝင် အရပ်သား ၁၂၇ ဦး သေဆုံးခဲ့

မဲခေါင် 14 Jan - 2025
စစ်ရေးပဋိပက္ခကြောင့် ရှမ်းပြည်တောင်ပိုင်းမှာ တစ်နှစ်အတွင်း ကလေး ၁၆ ဦး အပါအဝင် အရပ်သား ၁၂၇ ဦး သေဆုံးခဲ့

စစ်ရေးပဋိပက္ခကြောင့် ရှမ်းပြည်တောင်ပိုင်းမှာ တစ်နှစ်အတွင်း ကလေး ၁၆ ဦး အပါအဝင် အရပ်သား ၁၂၇ ဦး သေဆုံးခဲ့

မဲခေါင်၊ ဇန်နဝါရီ ၁၄

ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတစ်ခုရဲ့ စာရင်းတွေအရ ရှမ်းပြည်တောင်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း ကလေး ၁၆ ဦးအပါအဝင် အရပ်သား ၁၂၇ ဦး သေဆုံးခဲ့ပါတယ်။

ပအိုဝ်းတိုင်းရင်းသား အများဆုံးနေထိုင်ရာဖြစ်တဲ့ ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်း၊ မောက်မယ်၊ ညောင်ရွှေနဲ့ ဖယ်ခုံမြို့နယ်တွေမှာ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတာ၊ မိုင်းထိတာနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကိုပစ်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာတွေကြောင့် အရပ်သား ၁၂၇ ဦးသေဆုံးကာ ၁၈၉ ဦးဒဏ်ရာရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ဇန်နဝါရီ ၁၃ မှာ ZOOM APP နဲ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

အမျိုးသား၊ အမျိုးသမီး အတည်မပြုနိုင်သူ ခြောက်ဦး၊ ကလေး ၁၆ ဦး၊ အမျိုးသမီး ၁၆ ဦးနဲ့ အမျိုးသား ၈၉ ဦး သေဆုံးခဲ့ပြီး အမျိုးသား၊ အမျိုးသမီးအတည်မပြုနိုင်သူ ၃၄ ဦး၊ ကလေး ၂၆ ဦး၊ အမျိုးသမီး ၃၉ ဦးနဲ့ အမျိုးသား ၉၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

အရပ်သားသေဆုံးခဲ့မှုတွေဟာ စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်တာ ၃၈ ရာခိုင်နှုန်း၊ လက်နက်ကြီးနဲ့ ကျေးရွာတွေထဲပစ်ခတ်တာကြောင့် သေဆုံးတာ ၂၂ ရာခိုင်နှုန်း၊ လေကြောင်းဗုံးကြဲချတာကြောင့်သေဆုံးတာ ၁၆ ရာခိုင်နှုန်း၊ ဒရုန်းဗုံးကြဲတာကြောင့်သေဆုံးတာ ၆ ရာခိုင်နှုန်း၊ မိုင်းနင်းမိတာနဲ့ စစ်ရှောင်စဉ် အခြေခံဆေးဝါးလိုအပ်ချက်ကြောင့် သေဆုံးခဲ့တာတွေဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက် ဟိုပုံးမြို့နယ်၊ မဲနယ်တောင် စံဖူး/လုံးဟီး ဒေသမှာဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် PNLA ရဲ့ ထိတွေ့တိုက်ပွဲကစတင်ပြီး ရှမ်းတောင်ဒေသအသီးသီးမှာ တိုက်ပွဲတွေ တဖြည်းဖြည်းကျယ်ပြန့်လာခဲ့တာ ဖြစ်ပါတယ်။

“အရပ်သားဖမ်းဆီးမှုတွေ၊ ပျောက်ဆုံးမှုတွေ ၊အစအန ဖျောက်ခံရတာတွေကို တချို့သော အချက်အလက်တွေထဲမှာ ကျွန်တော်တို့တွေ့မြင်နေရတယ်”လို့ PYO တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအများဆုံးဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်၊ တစ်နှစ်အတွင်းမှာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့ ခုနစ်မြို့ကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ၅၁၈၆ ကြိမ်ပစ်ခတ်ခဲ့ပြီး လေကြောင်းက အကြိမ် ၅၀၀ နီးပါးဗုံးကြဲချခဲ့တယ်လို့ PYO စာရင်းတွေအရသိရပါတယ်။

CJ-017
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now