စစ်ရေးသတင်း

ငြိမ်းချမ်းရေး ဆွေးနွေးရန် အဆင်သင့်ရှိကြောင်းTNLA ထုတ်ပြန်

မဲခေါင် 25 Nov - 2024
စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံရေး အခြေအနေတည်ဆောက်ဖို့ တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိတယ်လို့ တအာင်း(ပလောင်) အမျိုးသားတပ်မတော်TNLAက ဒီကနေ့ (နိုဝင်ဘာလ ၂၅) မှာ ထုတ်ပြန်ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးရန် အဆင်သင့်ရှိကြောင်းTNLA ထုတ်ပြန်

မဲခေါင်၊ နိုဝင်ဘာ ၂၅

စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံရေး အခြေအနေတည်ဆောက်ဖို့ တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိတယ်လို့ တအာင်း(ပလောင်) အမျိုးသားတပ်မတော်TNLAက ဒီကနေ့ (နိုဝင်ဘာလ ၂၅) မှာ ထုတ်ပြန်ပါတယ်။

တအာင်းဒေသအတွင်း နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းအပါအဝင် ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒဏ် ဆိုးရွားစွာ ခံစားနေရတဲ့ ဒေသပြည်သူတွေရဲ့ အကျိုးကို ငဲ့ညှာထောက်ထား၍သော်လည်းကောင်း၊ နယ်စပ်တည်ငြိမ်ရေးနဲ့ တိုက်ပွဲရပ်စဲရေး ကြားဝင်ကြိုးပမ်းဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍သော်လည်းကောင်း တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

စစ်ရေးပဋိပက္ခတွေကို အဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံရေး အခြေအနေ တည်ဆောက်ဖို့အတွက် တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို အပြုသဘောဆောင် ကောင်းကျိုးရှိတဲ့အမြင်နဲ့ အမြဲပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းလျက်ရှိကြောင်း၊ ကောင်းမွန်တဲ့ရလဒ်တွေ ရရှိစေဖို့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှစတင်ပြီး တအာင်းဒေသအတွင်း တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလာတာဟာ နှစ်ပတ်လည်လာခဲ့ပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်စခန်းတွေ၊ စစ်ကြောင်းတွေကို မိမိတို့ရဲ့ မြို့ရွာ နယ်မြေများဒေသတွေမှာ ကင်းစင်အောင် ဖယ်ရှားတိုက်ထုတ်နိုင်ခဲ့ပြီဖြစ်ပေမယ့် စစ်တပ်က ပြည်သူကို ဦးတည်ပစ်မှတ်ထားကာ လေကြောင်းနဲ့ တိုက်ခိုက်နေတဲ့အတွက် အပြစ်မဲ့ ပြည်သူလူထု စစ်ဘေးဒဏ်ပေါင်းစုံ ဆိုးရွားပြင်းထန်စွာ ခံစားနေရတယ်လို့ TNLAက ဆိုပါတယ်။

တအာင်းလူမျိုးတွေ အဖိနှိပ်ခံဘ၀မှ လွတ်မြောက်ဖို့၊ တအာင်းပြည်နယ်ရရှိဖို့၊ လက်နက်ကိုင်တိုက်ပွဲဝင်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တိုင်းရင်းသား မြန်မာပြည်သူတွေနဲ့ အတူတကွ တည်ဆောက်ဖို့ အမြဲတစေ ကြိုးပမ်းဆောင်ရွက်မှာဖြစ်ကြောင်း၊ ပြည်သူကို ထောက်ထားညှာတာမှုနဲ့အတူ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် အခွင့်အရေးကို ကိုင်စွဲထားပြီး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရေး တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ အဆင်သင့်ရှိတယ်လို့ TNLAရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

၁၀၂၇စစ်ဆင်ရေးစတင်ချိန်ကစပြီး တအား(ပလောင်) အမျိုးသားတပ်မတော် TNLAအနေနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မြို့ပေါင်း ၁၁မြို့အထိကို သိမ်းပိုက်ထားနိုင်တာဖြစ်ပေမယ့် စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုအပြင် ကုန်စည်၊ စက်သုံးဆီအပါအဝင် ကန့်သတ်မှုမျိုးစုံကို ရင်ဆိုင်နေရတာဖြစ်သလို TNLA၊ MNDAA၊ အာရက္ခတပ်တော် (AA) အဖွဲ့တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ကြောင်းစစ်ကောင်စီကအခုနှစ် စက်တင်ဘာလ ၂ ရက်မှာ ထုတ်ပြန်ကြေညာထားတာလည်း ဖြစ်ပါတယ်။

CJ-003
#MekongNews
#ငြိမ်းချမ်းရေးဆွေးနွေးမယ်
#TNLA
#တအာင်းလူမျိုး
#၁၀၂၇စစ်ဆင်ရေး
နိုဝင်ဘာ ၉ ရက်က အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲမှာ တွေ့ရတဲ့ TNLA တပ်ဖွဲ့ဝင်များ (Photos- TNLA)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now