စစ်ရေးသတင်း

ဖယ်ခုံ – မိုးဗြဲ လမ်းတစ်လျှောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ

မဲခေါင် 18 Nov - 2024
ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံ - မိုးဗြဲလမ်း တစ်လျှောက်မှာ မနေ့ (နိုဝင်ဘာ ၁၈) နေ့လည်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖယ်ခုံ – မိုးဗြဲ လမ်းတစ်လျှောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ

မဲခေါင်၊ နိုဝင်ဘာ ၁၈

ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံ – မိုးဗြဲလမ်း တစ်လျှောက်မှာ မနေ့ (နိုဝင်ဘာ ၁၈) နေ့လည်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖယ်ခုံ – ပင်လောင်းလမ်း တစ်လျှောက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ကရင်နီတော်လှန်ရေး အင်အားစုတွေဖက်က မိုးဗြဲအထိ ပြန်ဆုတ်ပေးလိုက်ရတာကြောင့် လတ်တလောမှာ စစ်ကောင်စီဘက်က အသာစီးရနေတဲ့သဘောရှိပါတယ်။

“ပင်လောင်းမှာလည်း ဖြစ်နေသေးတယ်၊ တချို့ကျန်သေးတယ်၊ ဒီအပတ်ထဲ စစ်တပ်ဖက်က စစ်ကူပို့တာ တော်တော်များတယ်၊ မနေ့ကလည်း မိုးဗြဲမှာ မှားကြဲမိတယ်လို့ကြားတယ်” လို့ မိုးဗြဲမြို့ခံ ကိုငယ်ဆိုသူက ပြောပါတယ်။

ဖယ်ခုံမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်က အင်အား ၃၀၀ ဝန်းကျင်နဲ့ မိုးဗြဲကို စစ်ကြောင်းထိုးနေပြီး အဲဒီကနေတဆင့် နန်းမယ်ခုံ၊ လွိုင်ကော်ဘက်ကို ဆက်လက် စစ်ကြောင်းထိုးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ဖယ်ခုံ – မိုးဗြဲ – လွိုင်ကော်လမ်းအတိုင်း အင်အားဖြည့်ထားသလို နောက်ထပ် လွိုင်ကော် – ဘော်လခဲ – ဖားဆောင်းလမ်းအတိုင်းကိုလည်း စစ်ကူဖို့ စီစဉ်နေတယ်လို့ မြေပြင်အရင်းအမြစ်တွေက သုံးသပ်ပါတယ်။

“မိုးဗြဲမှာ စကစတွေ နေရာယူထားပြီ၊ အသက် ၇၀ အဖိုးအရွယ်လည်း တစ်ယောက်ဖမ်းထားတယ်၊ ကျနော်တို့လည်း အစကတည်းက ရှောင်ခိုင်းတယ်၊ ပွဲကနေတုန်းဆိုတော့ လုပ်ရကိုင်ရခက်တဲ့အခြေအနေ ဖြစ်နေတယ်” လို့ မြေပြင်သတင်းအရင်းအမြစ် ကိုစိုးဆိုသူက ပြောပါတယ်။

တိုက်ပွဲများကြောင့် ဖယ်ခုံ၊ မိုးဗြဲဘက်က တိမ်းရှောင်လာသူတွေကို ပင်လောင်းမြို့နယ်၊ နမ့်ဖာမူကျးရွာမှာ စစ်ကောင်စီတပ်က ပိတ်ဆို့နေပြီး လက်ရှိ နန်းထာရွာမှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။

ပင်လောင်း – ဖယ်ခုံလမ်း တစ်လျှောက်ကိုလည်း စစ်ကောင်စီတပ်တွေက အလုံးစုံ ထိန်းချုပ်လိုက်ပေမယ့် တော်လှန်ရေးအင်အားစုတွေဖက်က လတ်တလောတိုက်ပွဲမပြီးဆုံးတာကြောင့် သွားလာတာတွေ မပြုလုပ်ကြသေးဖို့ မေတ္တာရပ်ခံထားပါတယ်။

မိုးဗြဲမြို့ လွယ်ယင်းမင်္ဂလာရပ်ကွက်ကို နိုဝင်ဘာ ၁၅ ရက်ညက လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ နေအိမ် သုံးလုံး ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူနှစ်ဦးထိခိုက်မှု ရှိတယ်လို့ ရပ်ကွက်တွင်း နေထိုင်သူတွေက ပြောပါတယ်။

အလားတူ မနေ့ (နိုဝင်ဘာ၁၇)က နေ့လည်ပိုင်းမှာလည်း ကရင်နီပြည် ဖားဆောင်းမြို့မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ပေမယ့် ဖုန်းလိုင်းများ ပြတ်တောက်နေမှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရသေးပါ။

ဓါတ်ပုံ။ Facebook၊ လပြည့်ညက ဗိုးဗြဲကို ဗုံးကြဲခဲ့တဲ့ပုံဟောင်း၊
MK-14
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now