ရှမ်းပြည်အတွင်း စကခမှူးတွေအပြောင်းအလဲပြုလုပ်လာ
မဲခေါင်၊ နိုဝင်ဘာ ၁၄
အာဏာသိမ်းစစ်ခေါင်းဆောင် တရုတ်နိုင်ငံကပြန်လာပြီးနောက် ရှမ်းပြည်အတွင်းမှာ စကခမှူးတွေအပြောင်းအလဲပြုလုပ်လာပါတယ်။
ရှမ်းပြည်အရှေ့ မိုင်းဖြတ်က စကခ(၁၈)မှူး ဗိုလ်မှုးချုပ်ဇော်မင်းဦးကို မိုင်းရယ်ရဲ့ တိုက်စစ်စည်းဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းနောင်မှာတည်ရှိတဲ့ စကခ(၂ )ကိုပြောင်းရွှေ့လိုက်ပါတယ်။ ဒါဟာ စစ်မတိုက်ရသေးဘဲ အင်အားပြည့် လန်းဆန်းနေတဲ့ တပ်မှူးကိုမိုင်းရယ်က ရမခအသစ်အတွက် အားဖြည့်လိုက်တာလို့ စစ်ရေးအကဲခတ်သူတွေက သုံးသပ်နေကြပါတယ်။
လက်ရှိ မိုင်းရယ်မှာ ပြန်လည်ဖွဲ့စည်းထားတဲ့ ရမခကို OTS-91 က ဗိုလ်မှူးချုပ် မြင့်ကျော်ထွန်းက တိုင်းမှူးအဖြစ်တာဝန်ယူထားတယ်လို့သိရပါတယ်။
လားရှိုးကို ပြန်တိုက်ယူဖို့နဲ့ တောင်ခမ်းကိုစစ်ရှိန်မြင့်ဖို့ ခုလို အပြောင်းအလဲတွေလုပ်တာလို့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။
“ဗိုလ်မှူးချုပ်ဇော်မင်းဦးက အရင်မိုင်းတုံဗျူဟာမှာ အာဏာသိမ်းကတည်းကရှိတာ၊ အဲတာကနေမိုင်းဖြတ်ကို ရာထူးတက်တာ၊ ဘယ်စစ်မှ မပါသေးဘူး၊ ခုတော့ ချသုံးတော့မယ်၊ အထိုင်ကျောင်းတပ်တွေပြောင်းရတဲ့သူတွေကတော့သေဘေးနဲ့ ခဏဝေးသွားတာပေါ့”လို့ စစ်သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။
၎င်း ပြောင်းရွှေ့တာနဲ့အတူ စကခ( ၂ ) မှူး ဗိုလိမှူးချုပ်စံထူးကျော် ကို တတက( ၁၀ ) ကျောင်းအုပ်ကြီး အဖြစ်၊ တတက( ၁၀) ကျောင်းအုပ်ကြီး မှူးချုပ် နိုင်၀င်းအောင် ကို ဗသက (ဗထူး) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး အဖြစ်၊ စကခ (၁၀) မော်လိုက်၊ စကခမှူး ဗိုလ်မှူးချုပ် နေလင်းကို တနတ (တမာတောနည်းပညာတက္ကသိုလ်) ဒုကျောင်းအု-ပ်ကြီး အဖြစ် ၊ တမခ( ၅၅) ကလော ဒုတပ်မမှူး မှူးကြီး သန့်လွင်စိုး စကခ (၁၈ )မိုင်းဖြတ် စကခမှူးအဖြစ် စစ်ကောင်စီက ပြောင်းရွှေခန့်အပ်ကြောင်း သိရပါတယ်။
“ဘယ်သူတွေက ဘယ်လိုဆိုတာ သိထားတော့ သူတို့ ဘယ်လိုလုပ်တတ်တယ်ဆိုတာ ခန့်မှန်းပြီး တိုက်လို့ရတာပေါ့” လို့ တော်လှန်ရေးတပ်ရင်းမှူးတစ်ဦးက ယင်းအပြောင်းအရွှေ့အပေါ် သုံးသပ်ပြောဆိုပါတယ်။
စစ်ကောင်စီဟာ မြေပြင်တပ်တွေနဲ့ တောင်ခမ်းကို တပ်အင်အားဖြည့်နေသလို မနေ့နဲ့တနေ့ကပဲ လေကြောင်းကလဲ ဗုံးကြဲလို့ နောင်ချိုနဲ့ မိုးကုတ်မှာ ပြည်သူ ၂၀ သေဆုံးရပြီး ၂၄ဦးဒဏ်ရာခဲ့ကာ ပြည်သူ့အိုးအိမ်အမြောက်အများ ပျက်စီးခဲ့ပါတယ်။
MK – 012
#MeKongNews







