မဲခေါင်၊ နိုဝင်ဘာ ၁
ရှမ်းပြည်မြောက်ပိုင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို ဒီနေ့ (အောက်တိုဘာ ၁) မနက်အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၃ နာရီခွဲခန့်က စစ်ကောင်စီက လေယာဥ်တွေနဲ့ ၃ ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
“ရပ်ကွက် ၃၊ ဆေးရုံ ၊ မီးသတ်ရုံး၊ အေးရှားဝေါ၊ ကွတ်ခိုင်တိုးဂိတ်အနီး၊ နတလဝန်းနဲ့ အခွန်ရုံး (တစ်ဉီးသေဆုံး)၊ဆရာလှမင်းဦးခြံဝန်းတွင် ပေါင် ၅၀၀ နှစ်လုံးကျ၊ လူထိခိုက်မှုမရှိဘူးလို့” ဒေသခံ BBM က လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုကို TNLA ကတော့ သတင်းမထုတ်ပြန်သေးပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်လ၅ ရက်မှာ စစ်ကောင်စီက ကွတ်ခိုင်မြို့မစျေးကြီးကို ပေါင် ၅၀၀ ဗုံးတွေနဲ့ ကြဲလို့ ပြည်သူ ၇ ဦးသေဆုံးခဲ့ရပါသေးတယ်။
MK-012











