မဲခေါင်၊ အောက်တိုဘာ၃၁
ရှမ်းတောင်၊ ရွာငံကို ထိုးဖောက်ဝင်ရောက်နေတဲ့ ရွာငံ(PDF) ချိူးဖြူတော်လှန်ရေးတပ်ဖွဲ့က ရွာငံကိုပြန်ယူမယ့် ” Project Ywangan “Campaign ပြုလုပ်တာမှာ တော်လှန်ပြည်သူတွေ ဝိုင်းကူဖို့ မေတ္တာရပ်ခံလိုက် ပါတယ်။
ရှမ်းတောင်ရဲ့ အရွေ့တစ်ခုဖြစ်လာဖို့ ရည်ရွယ်ထားပြီး ပြုလုပ်လိုက်တဲ့ Campaign တစ်ခုဖြစ်ပြီးCampaign ကာလကတော့ အောက်တိုဘာ ၂၈ရက်က နိုဝင်ဘာ၂၃ရက်အထိဖြစ်တယ်လို့ ယင်းတပ်ဖွဲ့ရဲ့ တပ်ရင်းမှူးက ပြောပါတယ်။
“တိုက်ပွဲတွေရှည်ကြာလာတာနဲ့အမျှ တိုက်ပွဲသုံးလက်နက်ခဲယမ်းတွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေ များစွာလိုအပ်လာပါတယ်၊ ထိုထဲကမှ အရေးတကြီးလိုအပ်ချက်တွေဖြစ်တဲ့ ဝေဟင်သုံး Drone ပစ္စည်းနဲ့ စက်လတ်ငါးကြင်းမီး၊ 79mm ဝယ်ယူဖို့ ဒီကမ်ပိန်းလုပ်ရတာပါ၊ တော်လှန်ပြည်သူတွေကူပေးပါလို့ မဲခေါင်သတင်းဌာနကတဆင့် မေတ္တာရပ်ပါတယ်’လို့ ဂျိုးဖြူ တပ်ရင်းမှူး စိုင်းစွမ်ဖက ပြောပါတယ်။
၎င်းအဖွဲ့ဟာ ကရင်နီနဲ့ ရွာငံနယ်တစ်ဝိုက်မှာ မဟာမိတ်တပ်ဖွဲ့များနဲ့ အတူလက်တွဲပြီး စစ်ကြောင်းများ ဖော်ဆောင်ခဲ့ပြီး နောက်ဆုံးလှိုင်းမှာ ဇာတိဖြစ်တဲ့ရွာငံဒေသမှာတိုက်ပွဲဖော်ဆောင်ပြီး စိုးမိုးနယ်မြေဖြစ်အောင် လွတ်မြောက်နယ်မြေဖြစ်အောင် ကြိုးစားပြီးထိုးဖောက်နေတယ်လို့ ပြောပါတယ်။
ချိူးဖြူတော်လှန်ရေးတပ်ဖွဲ့ကို ရွာငံမြို့နယ်၊ နပန်းကြီးကျေးရွာအနီး၂၀၂၁ခုနှစ် ဧပြီလက ၄ယောက်ထဲနဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး KIAမှာ စစ်သင်တန်းတွေ တက်ပြီးနောက် စစ်အာဏာရှင်ကို တိုက်ခိုက်ခဲ့တဲ့ ယခုထိ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတွေကျဆုံးခဲ့ရသလို ရဲဘော်၊ရဲမေ၆ယောက် အသက်စွန့်ခဲ့ရပြီး စစ်ကောင်စီဘက်ကိုလည်း ဒုဗိုလ်မှူးကြီးအပါအဝင်၄၀ ကျော် ချေမှုန်းသုတ်သင်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။
တော်လှန်ရေးစတင်စဥ်က တူမီးတွေနဲ့စခဲ့ရသလို အမျိုးသမီးတွေ မပါခဲ့ပေမယ့် လက်ရှိမှာအမျိုးသမီးတပ်ဖွဲ့ဝင်တွေ ပါဝင်လာနေပြီး drone တပ်ဖွဲ့ကအစ လူ၊ လက်နက်အင်အားတွေ တိုးလာနေကာ သင်တန်းတွေ ဖွင့်ဖို့လဲရှိနေတယ်လို့ ပြောပါတယ်။
Projectပြီးတာနဲ့ ပေါက်မဲနံပါတ်တွေကို မဲနိုက်ကံစမ်းပေးပြီးဆုမဲပစ္စည်းတွေကို လက်ဆောင် ပြန်ပေးသွားမှာဖြစ်ပြီးတော့ ရွာငံရဲ့ မြေပြင်ကော ဝေဟင်မှာပါ ကြမ်းနိုင်ဖို့ ကမ်ပိန်းTarget Amount က သိန်း-တစ်ထောင် ဖြစ်ပြီး မဲတစ်စောင်ကို ၃၀၀၀၀ကျပ်နှုန်းနဲ့ရောင်းချမှာ ဖြစ်တယ်လို့သိရပါတယ်။
MK-012









