မဲခေါင်၊ အောက်တိုဘာ ၂၁
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အကျဉ်းထောင်ထဲမှာ တိုက်ပွဲအတွင်း ဖမ်းဆီးရတဲ့ စစ်ကောင်စီသုံ့ပန်း မိသားစုဝင် ၃၁ ဦးကို ကိုးကန့်တပ် MNDAA က ပြန်လည်လွတ်ပေးခဲ့တယ်လို့ မနေ့အောက်တိုဘာ ၂၀ ရက်နေ့ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးထားခံခဲ့ရတဲ့ စစ်သုံ့ပန်းနဲ့အတူ လိုက်ပါလာတဲ့မိသားစုဝင်တွေကိုလည်း အောက်တိုဘာ ၁၉ ရက်မှာ လူသားချင်းစာနာထောက်ထားမှုဖြင့် လားရှိုးမြို့မှ စစ်ဘေးကြားခံဇုန်သို့ ပို့ဆောင်ပေးခဲ့တယ်လို့ ကိုးကန့်ထုတ်ပြန်ချက်က ဆိုပါတယ်။
ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို ကိုးကန့်တပ်က ရိုက်နှက်ညှင်းပန်းခြင်း စစ်သုံ့ပန်းများရဲ့ စိတ်ဓာတ်ရေးဆိုင်ရာ စော်ကားတာမျိုးလုံးဝမရှိကြောင်းနဲ့ စစ်သုံ့ပန်းအပေါ် ကောင်းမွန်စွာဆက်ဆံခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၉ ရက်နေ့မှာ ဒုတိယအဆင့်အနေနဲ့ ကိုးကန့်တပ် အရာရှိတွေအပြင် စစ်သည်တွေနဲ့ ပူပေါင်းပါဝင်မှာကြောင့် စစ်ကောင်စီစစ်သုံ့ပန်းတွေကို ဘေးကင်းလုံခြုံစွာနဲ့ ပြန်လည်ရောက်နိုင်ဖို့ မော်တော်ယာဉ်တွေကို ပြင်ဆင်ပေးခဲ့သလို လမ်းခရီးစရိတ်ဖြစ်တဲ့ စားနပ်ရိက္ခာတွေအပြင် တည်းခိုစရိတ်တွေကိုပါ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
MK -011















