မဲခေါင်၊ အောက်တိုဘာ ၁၅
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းပွဲတိုက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ အောင်ပွဲရရဲဘော်တွေကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ အောက်တိုဘာ ၁၀ မှာ သွားရောက်တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ မြို့ကိုစစ်ဆေးပြီး လက်နက်ချအညံခံခဲ့တဲ့ စစ်သုံ့ပန်းတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
နှစ်လခန့်ကြာ တိုက်ခိုက်ခဲ့ရတဲ့ ပင်လည်ဘူးမြို့ကို အောက်တိုဘာ ၈ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပြီးနောက် ၂ ရက်အကြာ အောက်တိုဘာ ၁၀ ရက်မှာ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် သွားရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

















