မဲခေါင်၊ သြဂုတ် ၂၆
ရှမ်းမြောက်၊ သိန္နီမြို့နယ် သံလွင်ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးထပ်ကြဲလို့ လူနေအိမ်တွေ ပျက်စီးကုန်တယ်လို့ ကိုးကန့်သတင်းစဉ်က ဖော်ပြလာပါတယ်။
တနေ့ သြဂုတ်လ ၂၄ ရက် ညနေ ၃း၄၀ အချိန်မှာ စစ်ကောင်စီဟာ မြေပြင်တိုက်ပွဲမဖြစ်ဘဲ သိန္နီမြို့နယ် သံလွင်ကျေးရွာကို ဗုံး ၂လုံး ကြဲချခဲ့တာမှာ လူနေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုတော့ မရှိဘူးလို့ ပြောပါတယ်။
သိန္နီမြို့ကို ၁၀၂၇ စစ်ဆင်ရေး အပိုင်း-၁ မှာ MNDAA က စစ်ကောင်စီလက်အောက်က သိမ်းယူခဲ့ပြီးနောက် ဇူလိုင် ၁၈ ရက် ညနေပိုင်းမှာ လေယာဉ်နဲ့ မြို့မစျေးထဲ ဗုံးကြဲလို့ ကျား ၂ ဦး မ ၁ ဦး သေဆုံးခဲ့ရပါသေးတယ်။
အလားတူ ဇူလိုင်လ ၃ ရက် နေ့ည သန်းခေါင်ကျော်မှာ စစ်ကောင်စီက ဗုံး၃ လုံးကြဲချလို့ နေအိမ် ၁၀ လုံးထက် မနည်း ပျက်စီးခဲ့ရကြောင်း သိရှိရပါတယ်။
MK-012








