မဲခေါင်၊ သြဂုတ် ၂
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့ကို ဇူလိုင်လ (၃၁) ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တဲ့အကြောင်းကို မန္တလေး PDF ကလည်း ဒီနေ့ သြဂုတ်လ (၂) ရက်နေ့မှာ ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်လာပါတယ်။
မိုးမိတ်မြို့ဟာ မန္တလေး PDF ရဲ့ တိုက်ပွဲဝင်ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေထဲက စတုတ္ထမြောက်သိမ်းယူနိုင်ခဲ့တဲ့ မြို့ဖြစ်ပြီး စဥ့်ကူး၊ နောင်ချိုနဲ့ မိုးကုတ်မြို့တို့ကိုလည်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ သိမ်းပိုက်ထား နိုင်တာပဲ ဖြစ်ပါတယ်။
မိုးမိတ်စစ်ဆင်ရေးမှာ မန္တလေး PDF ရဲ့ ဒရုန်းတပ်ဖွဲ့ကလည်း မဟာမိတ်တွေနဲ့အတူ ဟန်ချက်ညီညီပူးပေါင်းပြီး စစ်ဆင်ရေးတွေကိုဖော်ဆောင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၁ လကျော်ကြာပြီးတဲ့နောက်မှာ မန္တလေး PDF နဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော် (TNLA) ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ မိုးမိတ်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
MK-015








