မဲခေါင်၊ ဇူလိုင် ၃၀
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်နဲ့ကျောက်မဲမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားတပ်မတော် (TNLA)၊ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဒီနေ့ (ဇူလိုင် ၃၀) မှာ မိုးမိတ်ဗျူဟာကုန်းကို စစ်ကောင်စီက Y12 နဲ့ ဗုံး ၁၄ လုံးကြဲချခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
မိုးမိတ်မြို့၊ မိုးမိတ်ဗျူဟာကုန်းကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၃၆ ရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့ မနက်ပိုင်း ၆ နာရီခွဲဝန်းကျင်မှာ TNLA က စစ်ဆင်ရေး ဆက်လက်ပြုလုပ်နေပြီး စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂၁)၊ ခလရ (၃၄၈) နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမိတ်ဗျူဟာကုန်းကို စစ်ကောင်စီက Y12 နဲ့ ဗုံး ၁၄ လုံးကြဲချခဲ့ပြီး ဒိုးပင်ရွာမှာလည်း စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂၁)၊ ခလရ (၂၇၆) နဲ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အလားတူ ကျောက်မဲမြို့နယ်က စစ်ကောင်စီတပ် ခမရ (၅၀၁၊ ၅၀၂) တပ်စခန်းအတွင်းကိုလည်း စစ်ကောင်စီတပ်က Y12 နဲ့ လက်နက်ခဲယမ်းတွေ လာရောက်ပို့ချပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MK-015











