မဲခေါင်၊ ဇူလိုင် ၃၀
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) ဆီကို ဇူလိုင်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ်သားတစ်ဦး လာရောက်ခိုလှုံခဲ့တယ်လို့ လွိုင်ကော် LPDF က ဒီနေ့ (ဇူလိုင် ၃၀) မှာ ထုတ်ပြန်ပါတယ်။
စစ်တွေမြို့၊ မိုင်းနှောင် အခြေစိုက် ခလရ (၉) တပ်ရင်းက တပ်သားဟာ လွိုင်ကော်မြို့ကို စစ်ကောင်စီစစ်ကြောင်းထိုးလာစဥ်မှာ ထွက်ပြေး လွတ်မြောက် လာခဲ့ပြီး ကျည်၊ ခဲယမ်း၊ လက်ပစ်ဗုံးတွေ ယူဆောင်လာနိုင်ခဲ့တယ်လို့ စစ်ဆေးချက်အရ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ စစ်မြေပြင်ကျဆုံးနေမှုတွေကို သတင်းအမှောင်ချထားတာကြောင့် တပ်တွင်းမိသားစုတွေက မသိရှိရဘဲ ရှေ့တန်းထွက်တပ်သားတွေရဲ့ မိသားစုဝင်တွေကို ခြိမ်းခြောက်တာတွေ ကြုံနေရပြီး အလင်းဝင်လာချင်သူတွေ အများအပြားကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။
လာရောက်ခိုလှုံတဲ့ တပ်သားကို လွိုင်ကော် LPDF တပ်ရင်းက လုံခြုံတဲ့နေရာကိုပို့ဆောင်ကာ စီစစ်မေးမြန်း သွားမှာဖြစ်ပြီး နောက်ထပ်လာရောက်ခိုလှုံချင်သူတွေအနေနဲ့လည်း ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လွိုင်ကော် LPDF ဟာ အရင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU ကနေ ပြောင်းလဲဖွဲ့စည်းလိုက်တာ ဖြစ်ပြီး လက်ရှိမြေပြင်မှာ မဟာမိတ်တွေနဲ့အတူ စစ်ရေးလှုပ်ရှားနေပါတယ်။
MK-015








