စစ်ရေးသတင်း

ဝိုင်းမော်ဘက် စစ်ကောင်စီ လေ‌ယာဉ်နဲ့ ဗုံးလာကြဲပြီး ဝူယန် နဲ့ လုမြန်ကြားလည်း ထိတွေ့ တိုက်ပွဲ ဖြစ်ပွား

မဲခေါင် 20 Jun - 2024
ကချင်ပြည်နယ်၊ ဝိုင်းမော်ဘက် မနေ့ ဇွန်လ ၁၉ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီ လေ‌ယာဉ်နဲ့ ဗုံးလာကြဲပြီး မနက်ပိုင်းမှာ ဝူယန် နဲ့ လုမြန်ကြားလည်း ထိတွေ့ တိုက်ပွဲ ဖြစ်ပွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မဲခေါင်၊ ဇွန် ၂၀

ကချင်ပြည်နယ်၊ ဝိုင်းမော်ဘက် မနေ့ ဇွန်လ ၁၉ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီ လေ‌ယာဉ်နဲ့ ဗုံးလာကြဲပြီး မနက်ပိုင်းမှာ ဝူယန် နဲ့ လုမြန်ကြားလည်း ထိတွေ့ တိုက်ပွဲ ဖြစ်ပွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ဝိုင်းမော်ဘက်ခြမ်း၊ စန်းကား အောက်ဘက်လောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲသွားတယ်။ တုန်ဟီးသွားတာပဲ။ နေ့လယ် ၁ နာရီ ၅၃ မိနစ်ခန့်လောက်မှာ လာကြဲချသွားပြီး‌‌တော့ ဂျက်ဖိုက်တာ ဝဲ နေတာ” လို့ မြစ်ကြီးနား ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

KIA နဲ့ ပူးပေါင်း အဖွဲ့ ဘက်က လို့ ယူဆရတဲ့ လက်နက်ကြီးတွေ နေ့လယ် ၂ နာရီဝန်းကျင်ခန့်က ‌စစ်ကောင်စီ လေတပ်ဘက် ၅ ကြိမ်၊ ၆ ကြိမ်လောက် ပစ်ခတ်သံ ကြားရပြီး အဲဒီနောက် စစ်ကောင်စီရဲ့ အမြောက်တပ်နဲ့ လေတပ်တွေဘက်နေ စန်းကားအောက်ဘက်လောက်ကို ပစ်ထည့်နေတာလို့ သူက ပြောပါတယ်။

“စန်းကားအောက်ဘက်ထိ လေယာဉ် သွားကြဲနေတယ်။ လေတပ် ကနေလည်း လက်နက်ကြီး Howitzer နဲ့ ပစ်တယ်။” လို့ သူက ရှင်းပြပါတယ်။

ဒါ့အပြင် မနေ့ မနက်ပိုင်းမှာလည်း ဝူယန်နဲ့ လုမြန်ကြားမှာ ရွာပြင်နားဘက် စစ်ကောင်စီတွေ စစ်ကြောင်းထိုးလာလို့ KIA နဲ့ ပူးပေါင်း အဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာရှိပြီး အချိန် အတိအကျတော့ မသိရဘူးလို့ ဒေသခံ အမျိုးသား တစ်‌ဦးက ပြောပါတယ်။

“အခု စကားပြော‌ နေရင်း ၂ လုံးလောက် အုန်းဆိုကျလာပြီ။ ဒီမနက် စစ်ကောင်စီဘက်က အလောင်းတွေ ကားလမ်းပေါ်မှာ တွေ့တယ်တဲ့။ ကားသေးအဖွဲ့က ပြောပြသွားတယ်။” လို့ ကုန်တင်ယာဉ်မောင်း တစ်ဦးကလည်း ပြောပြပါတယ်။

ဝိုင်းမော်မြို့နယ်ထဲ လတ်တလော တိုက်ပွဲကြီးကြီးမားမားမရှိပေမယ့် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်းဗုံးကြဲတာတွေရှိလို့ စိုးရိမ်နေကြရကြောင်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ ဝိုင်းမော်က စစ်ကောင်စီ ၅၈ တပ်စခန်းနဲ့ ကံပိုင်တည် သွားရာလမ်းဘက်ရှိ ဝေါ်ချုံးက စစ်ကောင်စီ ၁၀၀၃ တပ်စခန်းတွေ ကျရှိနေသေးတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ တစ်ရက်ထဲ ဝိုင်းမော် – ကံပိုင်တည် ကုန်သွယ်ရာ လမ်းကြောင်းပေါ်က ဆဒုံး ဗျူဟာ အပါအဝင် စစ်ကောင်စီ စခန်း ၁၀ ခုကျော်ကို KIA နဲ့ ပူး‌ပေါင်း တော်လှန်ရေး တပ်ဖွဲက သိမ်းပိုက် ရရှိထားတာ ဖြစ်ပါတယ်။

CJ-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now