စစ်ရေးသတင်း

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ နှစ်ဖက် မြေပြင်အင်အားဖြည့်ပြီး ရှမ်းမြောက်တခွင် စစ်ရေးပြင်ဆင်နေ

မဲခေါင် 13 Jun - 2024
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လေကြောင်းနဲ့ ဒရုန်းတပ်ဖွဲ့တွေအပါအဝင် အင်အား ၁၅၀၀ ကျော်ကို လားရှိုးကို ပို့ဆောင်ခဲ့တာအပြင် တန့်ယန်း၊ မိုင်းရယ်ဘက်က စစ်ယာဉ်တန်းတွေနဲ့ အင်အားအများအပြား ပို့ဆောင်ပြီး ကျောက်မဲ၊ သီပေါ၊ နောင်ချိုနဲ့ မူဆယ်တွေမှာ စစ်ရေးပြင်ဆင်မှုတွေလုပ်နေခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

မဲခေါင် ဇွန် ၁၃

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လေကြောင်းနဲ့ ဒရုန်းတပ်ဖွဲ့တွေအပါအဝင် အင်အား ၁၅၀၀ ကျော်ကို လားရှိုးကို ပို့ဆောင်ခဲ့တာအပြင် တန့်ယန်း၊ မိုင်းရယ်ဘက်က စစ်ယာဉ်တန်းတွေနဲ့ အင်အားအများအပြား ပို့ဆောင်ပြီး ကျောက်မဲ၊ သီပေါ၊ နောင်ချိုနဲ့ မူဆယ်တွေမှာ စစ်ရေးပြင်ဆင်မှုတွေလုပ်နေခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းကပဲ နမ္မတူနဲ့ သီပေါကြားကို ကားလမ်းကို မြောင်းတူးပြီး ဖျက်ဆီးလိုက်သလို အနီးက ပန်နေရွာမှာလည်း စစ်ကောင်စီက ကတုတ်ကျင်းများတူးထားပြီး သီပေါမြို့တွင်း မြို့ပြင် ပတ်ပတ်လည်မှာ ခံစစ်အနေအထား စစ်ရေးပြင်ဆင်နေတာဖြစ်ပြီး ဌာနဆိုင်ရာ ရုံးတွေနဲ့ စာသင်ကျောင်းတွေ အချိန်မရွေးပိတ်ပြီး ဝန်ထမ်းတွေကို စစ်ရှောင်နိုင်ဖို့ သတိပေးနေတာလဲရှိတယ်လို့ သိရပါတယ်။

“ဓာတ်မီး၊ ဆေးဝါးနဲ့ အဝတ်အစားအနည်းငယ်နဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ အဆင်သင့်လုပ်ထားတယ်၊ အချိန်မရွေးရှောင်ဖို့ပေ့ါလေ၊ ဘယ်တော့ ဖြစ်မလဲလို့ တထိတ်ထိတ်နဲ့နေနေရတာ၊ ဒီနေ့တော့ ကလေးတွေ ကျောင်းကပြန်လွှတ်တာမရှိဘူး”လို့ သီပေါက Non-CDM ဝန်ထမ်း ၁ဦးက မဲခေါင်သတင်းဌာနကိုပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကျန်ရှိခဲ့တဲ့ မန္တလေး-မူဆယ်လမ်းမကြီးပေါ်က မြို့တွေ အနီးမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်တွေ နှစ်ဖက်အင်အားဖြည့် စစ်ရေးပြင်ဆင်နေတဲ့အတွက် ဒေသခံတွေ အထူးစိုးရိမ်ထိတ်လန့်နေကြတာဖြစ်ပါတယ်။

ရှမ်းမြောက်က မြို့တွေဖြစ်တဲ့ မူဆယ်နဲ့ လားရှိုးမှာ စစ်ကောင်စီက ဒရုန်းတပ်တွေအပါအဝင် အင်အားဖြည့်တင်းထားသလို တော်လှန်ရေးတပ်တွေဖြစ်တဲ့ MNDAA(ကိုးကန့်) သိမ်းပိုက်ထားတဲ့ ဒေသတလျှောက် အနီးဝန်းကျင် အင်အားဖြည့်နေရာယူထားပြီး သီပေါ၊ ကျောက်မဲ၊ နောင်ချို မြို့နယ်များအတွင်း TNLA(တအာင်း) အင်အားအများအပြား ရောက်ရှိလာနေပြီး မိုးကုတ်၊ မိုးမိတ်ဘက်ကိုလည်း ဆက်လက်ပြီး အင်အားတွေဖြန့်ကျက်နေတယ်လို့ ခိုင်မာတဲ့ စစ်ရေးသတင်းအမြစ်တွေထံက သိရပါတယ်။

“ကျမ သိန္နီပြန်ဖို့တောင် ကားပြောပြီးသား အခုက လမ်းဖျက်တာလားမသိဘူး၊ လမ်းကတော့ မိုးကျကတဲက ပျက်ပြီးသားလေ သတင်းတွေကြောင့် ပြန်လို့မရလို့ ဘုန်းကြီးကျောင်းမှာ ဆက်နေနေရတယ်”လို့ သိန္နီက စစ်ဘေးရှောင် ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

လားရှိုး-မိုင်းလီ-သိန္နီ၊ လားရှိုး-မိုင်းယော် လမ်းကြောင်းမှာလည်း MNDAA(ကိုးကန့်) နဲ့ စစ်ကောင်စီကြား စစ်ရေးတင်းမာလာပြီး လမ်းတွေပိတ်လိုက်တာအပြင် မိုင်းလီတံတားကျိုးသွားလို့ ခရီးသွားနဲ့ဒေသခံပြည်သူတွေ သွားလာမယ်ဆိုရင် သေချာစုံစမ်းပြီးမှသွားလာကြဖို့ သတိပေးနေကြပါတယ်။

လားရှိုး-မိုင်းယော်ကြားက ကောင်းဟုန်ရွာမှာ စစ်ကောင်စီတပ်ရှိနေပြီး MNDAA(ကိုးကန့်) က ကောင်းခမ်းရွာဘက်မှာ အင်အားရာချီရောက်နေပြီး မိုင်းလီဘက်မှာ ဒရုန်းတွေပါတဲ့ အင်အား ၄၀၀ ကျော်ရောက်နေတယ်လို့ စစ်သတင်းအရင်းအမြစ်တွေထံကသိရပါတယ်။

လားရှိုးအနီး ၉ မိုင်မှာ စစ်ကောင်စီတပ်တွေ ရာနဲ့ချီ ဖြန့်ကျက်ထားသလို လားရှိုးက စစ်ကောင်စီရဲ့ ရမခတိုင်းစစ်ဌာနချုပ်၊ မူဆယ်က တပ်မ ၉၉ ၊ ကျောက်မဲက စကခ ၁ တို့ဆီကို ဒရုန်းတွေအပါအဝင် လက်နက်ခဲယမ်းအမြောက်အများနဲ့ တပ်အင်အားတွေ ပြည်မက တက်လာပြီးအင်အားတွေဖြည့်နေတာ ရှိနေတယ်လို့ လားရှိုး၊ ကျောက်မဲနဲ့ မူဆယ်ဒေသခံတွေဆီက သိရပါတယ်။

နှစ်ဖက်တပ်တွေ စစ်ရေးပဋိပက္ခရင်ဆိုင်ပြင်ဆင်ထားမှုဟာ အင်အား ထောင်ချီရှိနေသလို ဝေဟင်၊ မြေပြင် ကလည်း တိုက်ပွဲတွေကြိမ်းသေဖြစ်ပွားလာမှဖြစ်လို့ဒေသခံလူထုကတော့ ၁၀၂၇ စစ်ဆင်ရေးရဲ့အဆက် တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်လာတော့မယ့် စစ်ရေးလှုပ်ရှားမှု တွေကြောင့် ကြိုတင်စစ်ဘေးရှောင်နိုင်ရေး ပြင်ဆင်ထားနေကြတယ်လို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now