မဲခေါင်၊ မေ ၁၈
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့က ထပ်မံသိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။
“အောင်မြေ ၁၊ အောင်မြေ ၂၊ ခါးရှီ၊ အင်လေး စတဲ့ စစ်ကောင်စီ စခန်းတွေမှာတော့ KIA နဲ့ PDF တွေ သိမ်းပိုက် နေရာယူထား လိုက်ပြီ” လို့ KIA ရှေ့တန်း နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
လိုင်ဇာ – ဝိုင်းမော်လမ်းပေါ်က ကဇူးကျေးရွာ အခြေစိုက် စစ်ကောင်စီ စခန်းနဲ့ ဝိုင်းးမော် ရွှေညောင်ပင် ခလရ – ၃၂၁ တွေဘက်မှာတော့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။
KIA တပ်မဟာ ၃ နယ်မြေမှာ တပြိုင်ထဲ နေရာ ၁၀ ခုမှာ ထိုးစစ်ဆင်နေတာ ဟုတ်တယ်။ ဒီမနက် ပစ်ခတ်သံတွေ ကြား နေရတယ်။ မနေ့ည ကတည်းက အဲဒီ ကဇူး စစ်ကောင်စီ တပ်မှာ အခြေအနေ မငြိမ်တော့ဘူး။” လို့ နောက်ထပ် KIA ရှေ့တန်း နဲ့ နီးစပ်သူ နောက်ထပ် တစ်ဦးက ပြောပါတယ်။
ဒီမနက်မှာတော့ မြစ်ကြီးနားက စစ်ကောင်စီရဲ့ နမ့်ပေါင်လေတပ်စခန်းကို ဒီနေ့ မေလ ၁၈ ရက်နေ့ မနက်ပိုင်းက KIA နဲ့ ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့တွေ ရှော့တိုက်ဒုံးနဲ့ သွားရောက်ပစ်ခတ်ရာ စစ်ကောင်စီဘက်က အနီးနား ရွာတွေဘက်ထဲ လက်နက်ကြီးနဲ့ ရမ်းသမ်း တုံ့ပြန် ပစ်ခတ်တာကြောင့် ပမ္မတီးရွာထဲ ကျရောက်ပေါက်ကွဲလို့ ဒေသခံ ၂ ဦး သေဆုံးကာ ၆ ဦး ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
CJ-008








