စစ်ရေးသတင်း

ကောလင်းမြို့တိုက်ပွဲ တော်လှန်ရေးတပ်များ လက်နက်တွေ သိမ်းမိ၊ မြို့ပြန်သိမ်းနိုင်ပြီး လိုင်ဇာထိ ချီတက်မယ်လို့ စစ်လော်ဘီတွေ ဝါဒဖြန့်

မဲခေါင် 9 Feb - 2024
ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ပြန်ရဖို့ စစ်ကောင်စီတပ်ဟာ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နေပေမယ့် စစ်ကောင်စီဘက်က အထိနာပြီး တော်လှန်ရေးတပ်တွေက လက်နက်တွေ သိမ်းမိခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၉

ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ပြန်ရဖို့ စစ်ကောင်စီတပ်ဟာ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နေပေမယ့် စစ်ကောင်စီဘက်က အထိနာပြီး တော်လှန်ရေးတပ်တွေက လက်နက်တွေ သိမ်းမိခဲ့တယ်လို့ သိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၈ ရက်က ကောလင်းမြို့တွင်း မင်းချမ်းကျောင်းနဲ့ တဲကြီးကုန်းဘက်ကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာ အကျအဆုံးများခဲ့တယ်လို့ ကောလင်းခရိုင် တပ်ရင်း ၁ မှ တာဝန်ရှိသူတစ်ဦးက သူရဲ့ Facebook ကနေ အသိပေးထားပါတယ်။

“သိမ်းဆည်းရမိ ပစ္စည်း လေးတွေကတော့ ဓာတ်ပုံနှင့်တကွ တင်ပြလိုက်ရပါတယ် အမျိုးတို့ ။ ကျနော်တို့ အစွမ်းကုန်ကြိုးစားနေဆဲပါ။ တပ်ရင်း ၁ လည်း အစွမ်းကုန်ကြိုးစားနေပါတယ်” လို့ သိမ်းမိခဲ့တဲ့ ဓာတ်ပုံတွေနဲ့အတူ အသိပေးထားပါတယ်။

အဲ့ဒီ့တိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ၄ ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်က KIA နဲ့ PDF တွေ သိမ်းပိုက်လိုက်တဲ့ ကောလင်းမြို့ကို ပြန်ရဖို့ စစ်ကောင်စီက မြေပြင်အင်အား အလုံးအရင်းအပြင် လေကြောင်းကလည်း အပြင်းအထန်တိုက်ခိုက်နေတာ ၇ ရက်ရှိပါပြီ။

ကောလင်းမြို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့အုပ်ချုပ်ရေး စတင်လည်ပတ်တဲ့ မြို့လည်းဖြစ်ပြီး လက်ရှိအချိန်ထိ မြို့ကို တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်တပ်လော်ဘီ ဝါဒဖြန့်တဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကောလင်းမြို့ကို စစ်ကောင်စီက ပြန်သိမ်းလိုက်ပြီး ထိုမှတဆင့် ကချင်ပြည်နယ်ကို ဖြတ်ကာ လိုက်ဇာအထိ ချီတက်မယ်လို့ ကြုံးဝါးနေကြပါတယ်။

“ကောလင်းကနေ လိုင်ဇာအထိ ချီတက်နိုင်ရင် အတိုင်းထက်အလွန်ပေါ့” လို့ စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေထဲမှ ဖောလိုဝါးအများဆုံး ကျော်စွာချန်နယ်မှာ ရေးသားထားပါတယ်။

အဲ့ဒီ့ စစ်တပ်လော်ဘီ ဝါဒဖြန့်တယ်လီဂရမ် ချန်နယ်ဟာ ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့)မှာ ဒေသကွပ်ကဲရေးဌာနချုပ် (ဒ.က.စ လောက်ကိုင်)မှ ဗိုလ်မှူးချုပ် ၆ ယောက်နဲ့အတူ တိုက်ခိုက်ရေးတပ်သား နှစ်ထောင်ကျော် လက်နက်ချအညံ့ခံတုန်းကလည်း သတင်းမှားဟု တဖက်သတ်ငြင်းပြီး စစ်တပ်ထောက်ခံသူများကို ဝါဒဖြန့်ခဲ့ပါသေးတယ်။

#MeKongNews

#ကောလင်း

#လိုင်ဇာ

#တိုက်ခိုက်

#လော်ဘီ

#စစ်ကောင်စီ

#PDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now