စစ်ရေးသတင်း

ပဲခူးမြို့ထွက် ကလိစစ်ဆေးရေးဂိတ် ဒုတိယအကြိမ်မြောက် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီ ၃ ဦး ပြင်းထန်ဒဏ်ရာရ

မဲခေါင် 19 Jan - 2024
ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့ထွက်၊ ကလိစစ်ဆေးရေးဂိတ်ကို ဇန်နာဝါရီလ ၁၇ ရက် ည ၉ နာရီခွဲအချိန်လောက်က ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နဲ့ ဒိုက်ဦး ကာကွယ်ရေးတပ် (DDF) တို့က မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၉

ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့ထွက်၊ ကလိစစ်ဆေးရေးဂိတ်ကို ဇန်နာဝါရီလ ၁၇ ရက် ည ၉ နာရီခွဲအချိန်လောက်က ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နဲ့ ဒိုက်ဦး ကာကွယ်ရေးတပ် (DDF) တို့က မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

မိုင်း ၂ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သား ၂ ဦးနဲ့ ရဲတပ်သား တစ်ဦးတို့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး ညတွင်းချင်း ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံ စစ်ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ ဆိုပါတယ်။

စစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူ တစ်ဦးက “ပေါက်ကွဲသံကြားပြီး လူနာတင်ကားတွေ ရောက်လာတယ်။ ၃ ရောက်ထိပြီလို့ အော်သံတွေ ကြားတယ်။ ဒဏ်ရာက တော်တော်ပြင်းပုံ ရတယ်” လို့ ပြောပါတယ်။

ဆင်ဖြူကွင်း လမ်းထိပ်မှာ ဘယ်ရီကားရပ်ထားပြီး ကုန်ကားတွေကို ပိုက်ဆံကောက်နေတဲ့ ကလိစစ်ဆေးရေးဂိတ်နဲ့ အမှတ် ၂ နယ်မြေ ရဲစခန်းဟာ ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက် ၅ နာရီလောက်တုန်းကလည်း မိုင်းဆွဲ တိုက်ခိုက်ခံရဖူးပါတယ်။

အဲဒီ တိုက်ခိုက်မှုတုန်းက စစ်ကောင်စီတပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၂ ဦးပြင်းထန် ဒဏ်ရာ ရရှိခဲ့ပေမယ့် လုံခြုံရေး အင်အားတိုးချထားတာမျိုး မရှိခဲ့တာကြောင့် အခုလို ဒုတိအကြိမ် တိုက်ခိုက်ခံရတာလို့ တပ်တွင်း သတင်းအရင်းအမြစ် တစ်ဦးက သုံးသပ်ပါတယ်။

“ဒဏ်ရာရတာတော့ သတင်းတက်နေကြပြီ။ တပ်ဘက်ကတော့ ထိခိုက်သူ မရှိဘူးလို့ သတင်းထုတ်ထားတယ်။ ဒုတိယ တစ်ခေါက် ခံရတာဆိုတော့ တော်တော်ကို ပေါ့ဆလို့ ဖြစ်တာ။ အင်အားတိုးဖို့ကလည်း အထက်အမိန့် မကျသေးဘူး ထင်တယ်”

မိုင်းဆွဲ တိုက်ခိုက်မှုအပြီးမှာ တော်လှန်ရေး အင်အားစုတွေဘက်က တစ်စုံတစ်ရာ ထိခိုက်မှု မရှိဘဲ ပြန်လည် ဆုတ်ခွါနိုင်ခဲ့တယ်လို့ ပဲခူးမြို့နယ် ပကဖနဲ့ DDF တပ်ဖွဲ့တို့က ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာ တပ်မ ၆၆၊ ၇၇ လက်အောက်ခံ တပ်ရင်းတွေနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေဟာ ပဲခူးမြို့အတွင်း ကင်းလှည့် စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

CJ-007

#MeKongNews

#စစ်ကောင်စီ

#ပဲခူး

#ကလိ

#စစ်ဆေးရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now