စစ်ရေးသတင်း

ဟိုပုံးတိုက်ပွဲ ပြည်သူ့စစ် ၄ လောင်းနဲ့ လက်နက်တွေ PNLA သိမ်းမိ

မဲခေါင် 22 Feb - 2024
စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ် ၄ လောင်းနဲ့ လက်နက်ကြီး ၁ လက်၊ လက်နက်ငယ် ၄ လက်နဲ့ ခဲယမ်းတွေ ရခဲ့တယ်လို့ ပအိုဝ်းလွတ်မြောက်ရေးတပ်မတော် PNLA ထုတ်ပြန်

မဲခေါင်၊ ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ် ၄ လောင်းနဲ့ လက်နက်ကြီး ၁ လက်၊ လက်နက်ငယ် ၄ လက်နဲ့ ခဲယမ်းတွေ ရခဲ့တယ်လို့ ပအိုဝ်းလွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ဟိုပုံးမြို့နယ်အရှေ့ခြမ်းတစ်နေရာမှာ လုံခြုံရေးအရ လှုပ်ရှားနေတဲ့ PNLA ကြောင်းကို စစ်ကောင်စီနဲ့အပေါင်းပါတွေက လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာ အလောင်း ၄ လောင်းနဲ့ ၆၀ မမ စိန်ပြောင်း ၁ လက်၊ လက်နက်ငယ် ၄ လက်နဲ့ခဲယမ်းကျည်ဆံတွေ၊ ကား ၁ စီးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။

ဒါ့အပြင် မနေ့က စစ်ကောင်စီဟာ ဆီဆိုင်၊ ဟိုပုံးက ထန်းဆန်းဂူဒေသကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ ခရီးသွားကားတွေကိုပါ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့သလို ပအိုဝ်းလူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့နေရာတွေကို တိုက်ခိုက်တာဟာ ပအိုဝ်းလူမျိုးတွေရဲ့ နှလုံးသည်းအူကို မီးရှို့နေတဲ့လုပ်ရပ်သာမက ဘာသာရေးလွတ်လပ်ခွင့်ကိုပါ ထိပါးဖျက်ဆီးနေတာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်အာဏာရှင်ကို တွန်းလှန်တိုက်ဖျက်နေတဲ့အချိန်မှာ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တွေအနေနဲ့ နီးစပ်ရာ PNLA တပ်ဖွဲ့တွေဆီကို လက်နက်ခဲယမ်းတွေနဲ့တကွ အမျိုးသားလွတ်မြောက်ရေး လမ်းကြောင်းပေါ်ကို ကူးပြောင်းလာ်ပါက ထိုက်ထိုက်တန်တန် ဆုချီးမြင့်မယ်လို့လည်း ဖော်ပြထားပါတယ်။

လက်ရှိမှာ ဆီဆိုင်ကနေ ဟိုပုံးမြို့နယ်က ပအိုဝ်းလူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ ထန်ဆန်းဂူဝန်းကျင်အပါအဝင် စငေါ၊ ပုံအယ်ကျေးရွာတွေနဲ့ မဲနယ်တောင် လွယ်အွတ်ရွာတွေအထိ စစ်မီးပိုမိုကူးစက်နေပါတယ်။

မိုင်းပွန်မြို့နယ်အတွင်း ဆီအွန်၊ နမ်းဗေးခံးကျေးရွာတွေအထိ တိုက်ပွဲတွေ ဖြစ်လာနေပြီး ကျိုင်းတုံ-မိုင်းဆတ်ပြည်ထောင်စု ကားလမ်းမကြီး ကို ကားတွေသွားလာလို့မရအောင် ပိတ်ဆို့ထားကာ မရပ်တဲ့ကားတွေကို ပစ်ခတ်မှုတွေ ရှိနေပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီမြို့ပေါ် အမျိုးသမီးတပ်တွေအပါ KNLA၊ KNA၊ DKBA နဲ့ PDF ပူးပေါင်းတပ်တွေ ကင်းလှည့်

မြ၀တီမြို့ပေါ် KNLA၊ KNA၊ DKBA နဲ့ PDF တပ်တွေ ကင်းလှည့်နေပြီး ဘတ်တံဆိပ်ပေါင်းစုံနဲ့ ကင်းလှည့်နေတဲ့ အဖွဲ့တွေထဲမှာ မိန်းကလေး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နေပြည်တော် အေလာလေတပ်စခန်း ရှော့တိုက်ဒုံး ၇ လုံးနဲ့ တိုက်ခိုက်ခံရပြန်

နေပြည်တော် အေလာလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ ဒီနေ့ မနက်အစောပိုင်းက အောင်မြင်စွာတိုက်ခိုက်ခဲ့တယ်လို့ Mountain Knights-

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားကန့် နန့်ယားစစ်ကောင်စီစခန်း အလံဖြူထောင်

စစ်ကောင်စီတပ်နဲ့ ရှမ်းနီ ပြည်သူ့စစ် ပူးပေါင်း အဖွဲ့ အားလုံ အလံဖြူထောင် လက်နက်ချပြီး ထွက်ပြေးသွားကြောင်း KIA ရှေ့တန်း အသိုင်းအဝိုင်းဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

အင်းလေးရေပေါ်သင်္ကြန် ပြည်သူ့စစ်က လုံခြုံရေး ယူပေးမယ်

အင်းလေးရေလည်ခန်းမမှာ ကျင်းပမယ့် အင်းလေးရေပေါ်သင်္ကြန်ကို ပအိုဝ်းပြည်သူ့စစ် (PNA)က လုံခြုံရေး ယူပေးမယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ ဝန်ကြီးချုပ်လာမှာမို့ ဟိုပုံးမြို့မဈေးကြီးကို ပိတ်ခိုင်း

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့က သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ လူမစည်မှာစိုးလို့ ဟိုပုံးမြို့မစျေးကြီးကို ဖွင့်ပွဲ နေ့မှာ ပိတ်ခိုင်းထားတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြဝတီက စစ်ကောင်စီနောက်ဆုံးစခန်း ခလရ-၂၇၅ ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်၊ လက်နက်အများအပြား သိမ်းမိတယ်လို့ KNU ထုတ်ပြန်

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ နောက်ဆုံးကျန်တဲ့ ခလရ-၂၇၅ စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ ပူးပေါင်းအဖွဲ့တွေက ဒီနေ့မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ KNU က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

မိုင်းတုံမှာ လေပြင်းတိုက်လို့ စေတီတစ်ဆူထီးတော်ပြုတ်ကျ၊ ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်နေ

ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့မှာ မနေ့ ညပိုင်းက မိုးရွာလေပြင်းတိုက်လို့ စေတီထီးတော်ပြုတ်ကျပြီး အိမ်အချို့ သွပ်မိုးများလန်ကာ၊ ဆက်သွယ်ရေး တိုင်တွေပြိုလဲလို့ လိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းနောင်နဲ့ ကျေးသီးမြို့နယ်မှာ စစ်မှုမထမ်းရသူတွေကို တစ်အိမ်ကျပ်သုံးသောင်း SSPP လစဥ်ကောက်ခံ

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က စစ်မှုမထမ်းရသူတွေကို တစ်အိမ်ကျပ် ၃ သောင်း လစဥ်ပေးဆောင်ရမယ်လို့ ကောက်ခံနေကြောင်း မိုင်းနောင်ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now