စစ်ရေးသတင်း

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

မဲခေါင် 19 May - 2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

မဲခေါင် မေ ၁၉

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

ဝိုင်းမော်မြို့နယ်၊ KIA တပ်မဟာ ၃ ထိန်းချုပ်နယ်မြေမှာ တပ်စွဲအ‌ခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်တွေကို မေလ ၁၈ ရက်နေ့မှာ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကောင်စီစခန်း ၈ ခုဖြစ်တဲ့ ကဇူး အခြေစိုက် ခမရ ၃၂၁ ရဲ့ ပွိုင့်ကုန်း၊ ဝလားတောင်၊ အောင်မြေ ၁၊ အောင်နမြ ၂၊ ၉ မိုင်၊ အင်းလေး၊ အင်လုံခ စခန်း၊ ဝူထောင်တောင် အခြေစိုက် စစ်ကောင်စီစခန်း တွေကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။

“ ဒီနေ့ မတ်လ ၁၉ ရက်နေ့မနက် ၆ နာရီခန့်မှာ ဂါးရာယန် လုံဇပ်‌ကုန်း စစ်ကောင်စီ စခန်းကို အပြီးသတ် သိမ်းလိုက်ပါတယ်။ မနေ့ကလဲ စစ်ကောင်စီရဲ့ ပြည်သူ့စစ်စခန်းတွေနဲ့ အောင်မြေ ၁၊ အောင်မြေ ၂၊ ခါးရှီ၊ အင်လေး စခန်းတွေကို သိမ်းခဲ့တယ် ‌” လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

လုံဇပ်ကုန်း စစ်ကောင်စီစခန်းက ကဇူးစစ်ကောင်စီစခန်း အကျော်က ကုန်းမှာ အခြေစိုက်ထားတယ်လို့ သူက ပြောပါတယ်။

“ မနေ့ မေလ ၁၈ ရက်‌နေ့ မနက်ကနေ ဒီနေ့ ၁၉ ရက်နေ့ လက်ရှိအချိန်အထိ ဒဘတ် နဲ့ ဝိုင်းမော် ကြား ကားလမ်း တလျှောက် တိုက်ပွဲ ဖြစ်နေပါတယ်။ ဒီမနက်တော့ ဝိုင်းမော်အနီး ခတ်ချိုရွာဘက်အထိ တိုက်ပွဲ ပြင်းထန်နေတယ်။” လို့ နောက်ထပ် KIA ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးကလည်း ပြောပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချာနယ်မှာတော့ တရက်ထဲ KIA, PDF တွေ အင်အားအလုံးအရင်းနဲ့ တပြိုင်ထဲ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်စခန်း နဲ့ ပြည်သူ့စစ်စခန်း ၈ ခုကို လက်လွတ်ပေးလိုက်ရပြီး နောက်ဆုံး တပ်စခန်း ၂ ခုသာကျန်ရှိတော့ကြောင်း၊ အဲဒီ လက်ကျန် စခန်း ၂ ခု ကိုလည်း အင်အားသုံးပိတ်ဆို့တိုက်ခိုက်ခံရလို့ တိုက်ပွဲပြင်းထန် နေကြောင်း ဖော်ပြထားပါတယ်။

CJ-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အောင်ပန်းပြောက်ကျားတပ်ဖွဲ့က သင်တန်းဆင်းပွဲ ပြုလုပ်

ရှမ်းပြည်တောင်ပိုင်း၊ ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU)ရဲ့ တပ်ခွဲ ၂ ဖြစ်တဲ့ အောင်ပန်းမြို့ပြ ပျောက်ကျားတပ်ဖွဲ့ (UTF) ဟာ အခြေခံစစ်ပညာသင်တန်း
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြို့ပြပြောက်ကျားတပ်တွေအတွက် ရည်ရွယ်ပြုလုပ်တဲ့ “မြို့ပြတွေမှာ မွှေမယ့်ကြွက်” ကမ်ပိန်းအစီအစဥ် အောင်မြင်ဖို့ တိုက်တွန်း

ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားက မြို့တွေမှာရှိတဲ့ မြို့ပြပြောက်ကျားတပ်တွေအတွက် ပြုလုပ်သွားမယ့် “မြို့ပြတွေမှာ မွှေမယ့်ကြွက်” ကမ်ပိန်းအစီအစဥ်မှာ ပါဝင်ပေးကြဖို့ ကမ်ပိန်းတာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ စစ်ကောင်စီဘက်က ထိပ်တန်း အကြီးအကဲတစ်ဦး လာဖို့စီစဥ်နေလို့ ပျံကျစျေးသည်တွေကို ရက်အနည်းငယ် ပိတ်ခိုင်းထား

တောင်ကြီးမြို့ ကို လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ ပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို စစ်ကောင်စီဘက်က အကြီးအကဲတစ်ဦး လာရောက်ဖို့ စီစဥ်နေတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပျားစစ်ကြောင်း (Bees Column )ရဲ့ စစ်အခြေခံသင်တန်းအပတ်စဉ်-၂ သင်တန်းဆင်းပွဲကို စစ်ကောင်စီစခန်းအနီးမှာ ပြုလုပ်

ရှမ်းတောင်၊ ပျားစစ်ကြောင်း(Bees Column )ရဲ့ စစ်အခြေခံသင်တန်းအပတ်စဉ်-၂ သင်တန်းဆင်းပွဲကို မနေ့က ညောင်ရွှေမြို့နယ်၊ စစ်ကောင်စီစခန်းဗျူဟာ တစ်ခုရဲ့ အနီးကပ်ဆုံးနေရာမှာပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီဘက်က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေလို့ လွိုင်ကော် ပစ္စည်းပြန်ယူသူတွေကို စစ်တပ်က အမြန်ဆုံး ပြန်ထွက်ခိုင်းနေ

ကရင်နီပြည်၊ လွိုင်ကော်မြို့ကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် နေရပ်ပြန် ပစ္စည်းယူသူတွေကို အမြန်ဆုံး ထွက်ခိုင်းနေတယ်လို့ လတ်တလော ပြန်ရောက်နေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မိုးညှင်းနဲ့ ဖားကန့်ကြား၊ အင်းတော်ဒေသက စစ်ကောင်စီ စခန်း ၃ နေရာကို KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့က သိမ်းပိုက်

ကချင်ပြည်နယ်၊ မိုးညှင်းနဲ့ ဖားကန့်ကြား၊ အင်းတော်ဒေသက စစ်ကောင်စီ စခန်း ၃ နေရာကို ယမန်နေ့ ဇွန်လ ၂၃ ရက်‌နေ့နဲ့ ဒီနေ့ ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်းမှာ KIA နဲ့ ပူးပေါင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မဲဖောက်ရောင်းချနေဆဲ နေအိမ်ကို ဝယ်လက် နောက်တစ်ဦးဆီ ထပ်ရောင်းလို့ ငွေကြေးအရှုပ်အရှင်း ဖြစ်ပေါ်

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာ မဲဖောက်ရောင်းချနေဆဲဖြစ်တဲ့ အိမ်ကို ဝယ်လက်နောက်တစ်ဦးဆီ ထပ်မံရောင်း‌ချမှု ဖြစ်ပွားခဲ့ပြီး ငွေကြေးအရှုပ်အရှင်းတွေ ဖြစ်ပေါ် နေတယ်လို့ မဲဝယ်ထားသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကိုးကန့်ဒေသမှာ နှစ် ၂၀ အထက် နေထိုင်သူတွေကို မူရင်းဒေသသားအဖြစ်အတည်ပြုမယ်လို့ MNDAA က ထုတ်ပြန်

ရှမ်းမြောက်၊ ကိုးကန့်ဒေသဖြစ်တဲ့ အထူးဒေသ(၁) အတွင်း နှစ်ပေါင်း ၂၀ နှစ်နဲ့အထက် နေထိုင်ခဲ့သူတွေကို "မူရင်းဒေသသား"အဖြစ် အတည်ပြုပြီး ဒေသသား မှတ်ပုံတင်ကပ်ပြားအလိုအလျောက်ရရှိနိုင်မယ်လို့ MNDAA က ဇွန်လ ၂၂ ရက်နေ့ စာနဲ့ထုတ်ပြန်လာတာတွေ့ရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now