စစ်ရေးသတင်း

ရှမ်းမြောက် ကျောက်မဲမြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူတွေ အသေအပျောက်ရှိလာ

မဲခေါင် 25 Jun - 2024
ရှမ်းမြောက်၊ ကျောက်မဲမှာ ယနေ့မနက် ၅ နာရီကျော်ကတဲက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ကျောက်မဲပြည်သူအချို့သေဆုံးထိခိုက် ဒဏ်ရာရမှုတွေဖြစ်ပွားလာနေတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇွန် ၂၅

ရှမ်းမြောက်၊ ကျောက်မဲမှာ ယနေ့မနက် ၅ နာရီကျော်ကတဲက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ကျောက်မဲပြည်သူအချို့သေဆုံးထိခိုက် ဒဏ်ရာရမှုတွေဖြစ်ပွားလာနေတယ်လို့ သိရပါတယ်။

လက်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနဲ့ မိုးကုတ်မြို့တွေမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပြီး အရပ်သားပြည်သူအချို့ သေဆုံးမှုတွေရှိလာနေတာပါ။

TNLA က သီပေါ တိုးဂိတ်နေရာ ဆွတ်လန်းအထိ စီးနင်းထားပြီး ကျောက်မဲ ရပ်ကွက်-၈ က မစောမူအိမ်ကို ယနေ့မနက် ၉း၁၅ အချိန်ခန့်မှာ လက်နက်ကြီးကျလို့ မစောမူရဲ့တူတော်သူ လူငယ် တစ်ဦး လက်နက်ကြီးထိမှန်လို့သေဆုံးရတယ်လို့ ခိုင်မာတဲ့သတင်းအရင်းအမြစ်ထံက သိရပါ တယ်။

အလားတူ တိလင် ၉ ရပ်ကွက်မှာ အမျိုးသမီး တစ်ဦး အိမ်အပြင်ဖက် ခေါင်းထွက်ကြည့်တာမှာ ဘယ်ကလာတဲ့ကျည်ဆံမှန်းမသိရဘဲ နဖူးဖောက်ဝင် သေဆုံးရပြီး ပန်ပေါင်းထမင်းဆိုင်တန်း ပြည်ထောင်စုလမ်းမ ဘေးမှာ အသက် ၁၄နှစ်အရွယ် ကလေးမငယ် တစ်ဦး လက်နက်ကြီးအစမှန်လို့ ဆေးရုံမှာကုသနေရတယ်လို့ သိရပါတယ်။

ကျောက်မဲ ရပ်ကွက် ၈၊ တောင်နောက်ရွာဘက်က ငြိမ်းချမ်းရေးကုန်းက စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားပြီး ခမရ-၅၀၂ ထဲက နေ လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ သိရကာ ယနေ့မနက် ၈ နာရီခွဲကနေ နေ့လည် ၁၂ နာရီအထိ စစ်ကောင်စီတပ်က လက်နက်ကြီး ၂၅ လုံးနဲ့ အထက်ပစ်ခတ်ခဲ့သလို နားအိုက်ခန့်၊ စခန်းသာ၊ လုံဝယ်မှာ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ငယ်ပစ်ခတ်သံများ မြို့ပေါ်ရပ်ကွက်များအတွင်း အဆက်မပြတ်ကြားနေရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဒေသခံတွေ အပြင်မထွက်ရဲသလို မနက် ၁၀ နာရီနောက်ပိုင်း မြို့ထဲကို သွားလာခြင်းမပြုဖို့ TNLA က ဆိုရှယ်မီဒီယာပေါ်မှာ သတိပေးထားတယ်လို့ ဆိုပါတယ်။

“ လက်နက်ကြီးသံကို ဂရုချိုးပြီး မှတ်ရေထားတာ၊ ဒရုန်းသံတော့ မကြားပေမယ့် လက်နက်ငယ်သံကတော့ အဆက်မပြတ်ဘူး၊ ဥပဒေအထောက်အကူပြုရုံး ပေါ်လက်နက်ကြီးကျတယ် ၊ လူတွေမရှိတော့ အထိအခိုက်မရှိဘူး၊ လူတွေလဲ ဘယ်က ကျည်လာမလဲဆိုပြီး ကြောက်နေကြတာယ်” လို့ ကျောက်မဲရပ်ကွက် ၂ နေ ပြည်သူ ၁ ဦး က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မနက် ၉နာရီခွဲမှာ သီပေါနဲ့ လားရှိုးကြားက ဆွတ်လန်းရွာ တံတားဖြူကို တော်လှန်ရေးတပ်ဖွဲ့ဘက်က ဖျက်ဆီးလိုက်ပြီး လားရှိုးဖက်က စစ်ကောင်စီတပ်တွေ မလာနိုင်အောင်ပိတ်ဆို့လိုက်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောင်ချိုနဲ့ ကျောက်မဲဘက်က စစ်ကြိုရှောင်သူတွေ နောင်ပိန်ဘက်ကို ရာချီရောက်ရှိလာနေလို့ နောင်ပိန်လူမှုရေးအသင်းက ယာယီတည်းခိုရမယ့်နေရာတွေ လိုက်လံကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

နောင်ချို၊ ပြင်ဦးလွင်ကြား ဘန့်ဘွေး၊ ဆမ္မဆယ်၊ ကျောက်ကြမ်းဘက်မှာ မြေပြင်တိုက်ပွဲတွေအပြင် စစ်ကောင်စီက လေကြောင်းကပါတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

နောင်ချိုနဲ့ ဘန့်ဘွေးကြားက ရေဝင်ရွာအနီးမှာ ခရီးသည်တင်ကားတစ်စီးပစ်ခံရလို့ ခရီးသည်အမျိုးသား တစ်ဦး သေဆုံးသွားခဲ့ပါတယ်၊ ဝက်ဝံနဲ့ ထင်းရှူးတောအကြား စစ်ကောင်စီတပ်တွေက ဘန့်ဘွေးကျော်ပြီး မသွားဖို့ ခရီးသွားတွေကိုပြောတယ်လို့လဲ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး(အဆက်)အနေနဲ့ TNLA က တိုက်ပွဲထုတ်ပြန်ရာမှာ နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာမှာ ယနေ့မနက် ၅ နာရီခွဲက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ဂျက်လေယာဉ် နဲ့ ဗုံး ၄ လုံးလာကြဲခဲ့တယ်လို့ပြောပါတယ်။

မိုးကုတ်မြို့နယ်၊ ပန်ဆပေရွာဘက်မှာ ယနေ့မနက် ၉း၄၁၂ အချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်ပြီး နောင်ချို၊ မိုးမိတ်နဲ့ မိုးကုတ်တို့ကို လေကြောင်းက ဆက်တိုက်တိုက်ခိုက်နေလို့ အချိန်မရွေး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနိုင်တယ်လို့ TNLA အထွေထွေအတွင်းရေးမှူး တာဘုန်းကျော်က မနေ့ ဇွန် ၂၄ ရက်နေ့မှာ ပြောဆိုခဲ့ပြီးနောက် ယနေ့မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတာဖြစ်ပါတယ်။

ဟိုင်ဂင်သဘောတူညီချက်အရ ရပ်ခဲ့တဲ့ တိုက်ပွဲတွေဟာ ၄ လကျော်အကြာ အင်အားတွေ တဖြည်းဖြည်းစုစည်းလာကြပြီးနောက်ယနေ့မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာတာဖြစ်လို့ ၁၀၂၇ စစ်ဆင်ရေးအဆက် ၀၆၂၅ စစ်ဆင်ရေးလို့ဒေသခံတွေက အမည်တပ်ပြောဆိုနေကြပြီး လောက်ကိုင်လို အမြန်ဆုံး ပြီးဆုံးနိုင်ဖို့ မျှော်လင့်နေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

မိုးကုတ်မြို့ကို အပြီးသတ်သိမ်းယူလိုက်ပြီလို့ TNLA ထုတ်ပြန်

မဲခေါင်၊ ဇူလိုင် ၂၄ ရှမ်းပြည်မြောက်ပိုင်း၊ မိုးကုတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၃၀ ရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့
မြန်မာ့နွေဦး

ဘိန်းဘုရင်လော်စစ်ဟန်သားပိုင် အေရှားဝေါကုမ္ပဏီက MNDAA ကို အပစ်ရပ်ရန် စာပို့

မဲခေါင်၊ ဇူလိုင် ၂၄ စစ်ကောင်စီနဲ့ နီးစပ်တဲ့ ဘိန်းဘုရင်လော်စစ်ဟန်သားပိုင်ကုမ္ပဏီ Asia World က MNDAA ကို ရှမ်းမြောက်တိုက်ပွဲတွေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လောက်ကိုင်ကို စစ်ကောင်စီက ၃ ရက် ဆက်တိုက် လေကြောင်းက ဗုံးကြဲ

မဲခေါင်၊ ဇူလိုင် ၂၄ ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ကို စစ်ကောင်စီက ဇူလိုင် ၂၂ ရက်နေ့ ကနေ ဒီနေ့ ဇူလိုင်လ ၂၄ ရက်နေ့အထိ ၃ ရက် ဆက်တိုက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးထောင်ကနေ လွတ်မြောက်လာတာမဟုတ်ဘဲ ခလရ ၄၁ စစ်ကြောရေးစခန်းက လွတ်မြောက်လာကြတာလို့ WOPP ကဆို

မန္တလေးတိုင်း၊ လားရှိုးမြို့မှာ မနေ့ (ဇူလိုင် ၂၃)ညနေပိုင်းက အကျဉ်းသားတချို့ လွတ်မြောက်လာကြတယ်လို့ နိုင်ငံရေး အကျဉ်းသူများအဖွဲ့ (WOPP) တာဝန်ရှိသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စဉ့်ကူးမြို့က ဆုတ်ခွါသွားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ လိုက်လံ တိုက်ခိုက်

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ရွာသာရွာကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီစခန်းကို Drop For Justice အဖွဲ့က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အထိခိုက် အကျအဆုံး ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကူသွားတဲ့ Loikaw Local PDF ကို ဒေသခံတွေ အောင်သပြေနဲ့ကြို

ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေကို စစ်ကူသွားတဲ့ Loikaw Local PDF ကို ဒေသခံတွေက မနေ့ (ဇူလိုင် ၂၃)ရက်မှာ အောင်သပြေပန်းတွေနဲ့ ကြိုဆိုခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေး ၁၀၀၉ IPDF စစ်ဆင်ရေးလိုအပ်ချက် စစ်ကြောင်းသုံး စက်သေနတ်လိုအပ်နေ

ရှမ်းတောင်၊ အင်းလေးဒေသမှာ စစ်အာဏာရှင်အမြစ်ပြတ်ရေးတိုက်ပွဲဝင်နေတဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်-၁၀၀၉ IPDF ဟာ စစ်ရေးလိုအပ်ချက်အရ စစ်ကြောင်းသုံး ဘရောင်နီ စက်သေနတ် လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းလားတပ်ဖွဲ့ မိုင်းယောင်းမြို့အနီးတဝိုက် ရောက်ရှိနေရာယူထား

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားလက်နက်ကိုင်တပ်ဖွဲ့ NDAA ဟာ မိုင်းယောင်းမြို့အနီးထိ ဝင်ရောက်နေရာယူပြီး စစ်ကောင်စီတပ်တွေကို နေရာဖယ်ခိုင်းတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now