စစ်ရေးသတင်း

ရှမ်းမြောက်စစ်ဆင်ရေး ၄ ရက်မြောက်နေ့မှာ ပြင်ဦးလွင်နယ်စပ်အထိ စစ်မီးကူးစက်လာ

မဲခေါင် 28 Jun - 2024
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ နောင်ချိုမြို့နယ်အစပ်၊ ဝက်ဝံကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်နဲ့ နယ်မြေရဲစခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)က စတင်ထိုးစစ်ဆင်နေပြီလို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

မဲခေါင်၊ ဇွန် ၂၈

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ နောင်ချိုမြို့နယ်အစပ်၊ ဝက်ဝံကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်နဲ့ နယ်မြေရဲစခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)က စတင်ထိုးစစ်ဆင်နေပြီလို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဒီနေ့ ဇွန် ၂၈ ရက်နေ့ မနက် ၅ နာရီကတည်းက ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဘက်ကလည်း ပြင်ဦးလွင်မြို့အထွက် ဧကတစ်သောင်းခြံကနေ လက်နက်ကြီးနဲ့ လှမ်းပစ်နေတာကြောင့် ဒေသခံအများစုဟာ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

“သူတို့ မနက်အစောကတည်းက ထဆော်နေလို့ ဝက်ဝံရွာနဲ့ ဘန့်ဘွေးကျင်းရွာကလူတွေ ပြေးနေရတယ်။ မန္တလေးဘက် ပြေးကြတာပေါ့။ နောင်ချိုဘက်ကိုကျတော့ ဝင်လို့မရတော့ဘူးလေ။ တစ်လမ်းလုံးက တိုက်ပွဲ ဖြစ်နေတာ” လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

လတ်တလောမှာ ပြင်ဦးလွင်မြို့ခံတွေဟာလည်း စိုးရိမ်စိတ်တွေကြောင့် ဗုံးခိုကျင်းကြိုတူးထားကြပြီး ဒီမနက်ပိုင်းကတည်းက မန္တလေးဘက်ကို ကားအစီးရေ ရာနဲ့ချီထွက်ခွါနေကြတယ်လို့ သိရပါတယ်။

“ပါအယ်၊ ထုံးကုန်း၊ ထုံးဘို ဘက်ကလူတွေလည်း ရှောင်ဖို့ ပြင်နေကြပြီ။ တကယ်ဖြစ်ရင် သူတို့ဆီ အရင်ဆုံးရောက်မှာ။ ပြင်ဦးလွင်က ဆိုင်တွေတော်တော်များများ ပိတ်ထားပြီ” လို့ အဝေးပြေးယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

ဝက်ဝံစစ်ဆေးရေးဂိတ်နဲ့ စစ်တက္ကသိုလ်(DSA) အကွာအဝေးဟာ ကားနဲ့ နာရီဝက်ခန့်သာ ရောက်ရှိနိုင်ပြီး စစ်ကောင်စီရဲ့ ရာထူးကြီးပိုင်းတွေ နေထိုင်ကြတာကြောင့် ပြင်ဦးလွင်မြို့ကို ဒီနေ့မှာပဲ အင်အားအလုံးရင်းနဲ့ TNLA က ထိုးစစ်ဆင်နေတာပဲ ဖြစ်ပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘဏ်ကဖေါက်လာတဲ့ ခိုးရာပါပစ္စည်းတွေနဲ့အတူ စစ်ကောင်စီတပ်သားအလောင်းတွေ သိမ်းဆည်းရမိတယ်လို့ TNLA ကပြော

မိုးကုတ်မြို့က KBZ Bank တွေကို စောင့်ကြပ်ရတဲ့ စစ်ကောင်စီတပ်သားတွေ ဖောက်ထွင်းခိုးယူထားတဲ့ရတနာနဲ့ ငွေတွေကို တိုက်ပွဲမှာရတဲ့အလောင်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကျောက်မဲမြို့နယ်အတွင်း တအာင်း(TNLA)တပ်နဲ့ ရှမ်းတပ်(SSPP) တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သား အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ရှမ်းမြောက်၊ ကျောက်မဲမြို့နယ်အတွင်း မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ SSPP တို့ နေရာ ၃ နေရာမှာ ထိတွေ့မှုဖြစ်ပြီး အမျိုးသမီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြစ်ကြီးနားမှာ လောင်စာဆီ တစ်လီတာ ၂ သောင်းကျပ်အထိ ပြင်ပဆိုင်တွေမှာ ပေါက်ဈေး ရှိနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်(ဆီပန့်)တွေက အကန့်အသတ်နဲ့သာ ရောင်းချပေးတာကြောင့် ပြင်ပဆိုင်တွေမှာ တစ်လီတာ ၂ သောင်းကျပ်အထိ ပေါက်ဈေး ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ မီတာခ ၃ ဆ တိုးကောက်တော့မယ်လို့ဆို

တောင်ကြီးမြို့မှာ မီတာခ ၃ ဆတိုးကောက်တော့မယ်ဆိုပြီး ဇူလိုင်လ ပထမပတ်အတွင်းက ရပ်ကွက်တချို့မှာ လိုက်လံကြေညာခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကွတ်ခိုင်ကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံး ၃လုံး ကြဲချ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့ မနက်ပိုင်းမှာ ဂျက်လေယာဉ်နဲ့ ဗုံး ၃ လုံး ကြဲချခဲ့တယ်လို့ ကွတ်ခိုင်ဒေသခံ တစ်ဦးထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စဉ့်အင်မှာ စစ်ဘေးရှောင် ကား ၁ စီး ကျပ် ၅ သိန်းအထိ ပေးပြီး ကူးနေရ

ရှမ်းမြောက်၊ လာရှိုးက စစ်ဘေးရှောင် အိမ်စီးကားတွေဟာ စဉ့်အင်ချောင်းကူး ဖောင်မှာ ကား ၁ စီးကို ကျပ် ၅ သိန်းအထိ ပေးပြီး ကူးနေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောနေကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းရယ်သွား လမ်းဘက်ပါ စစ်ရေးကျယ်ပြန့်လာလို့ လားရှိုးစစ်ရှောင်တွေကို MNDAA ကိုးကန့်တပ်တွေက ပြန်လှည့်ခိုင်းနေ

ရှမ်းမြောက်၊ လားရှိုး-မိုင်းရယ် နှင့် မိုင်းကိုင်-မိုင်းရှုးလမ်းဘက်ကနေ တောင်ကြီးအထိ ယခင် သွားနိုင်ခဲ့ပေမယ့် ခုတော့ မိုင်းရယ်ဘက်ပါ စစ်ရေးကျယ်ပြန့်လာနေလို့ ကိုးကန့် MNDAA တပ်တွေက စစ်ဘေးရှောင်တွေကို သွားခွင့်မပြုတော့ဘဲ ပြန်လှည့်ခိုင်းနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ မိုးရွာတာကြောင့် စစ်ရှောင် နှစ်ရာကျော် စဉ့်အင်ဖောင်ဆိပ်မှာ ပိတ်မိနေ

ရှမ်းမြောက်၊ လားရှိုးမြို့မှာတိုက်ပွဲ ပြင်းထန်တာကြောင့် ဒီနေ့ဇူလိုင် ၅ရက်နေ့ မနက်ပိုင်းမှာ စစ်ရှောင်ကားအစီး ၁၀၀ လောက်ထွက်ခွာခဲ့တယ်လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now