စစ်ရေးသတင်း

ရှမ်းတောင်မှာ အိမ်ငှားခ ဈေးတက်လို့ စစ်ဘေးရှောင်တွေ အခက်အခဲ ဖြစ်နေ

မဲခေါင် 18 Jun - 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ မြို့နယ်တချို့မှာ အိမ်ငှားခတွေ ဈေးတက်လာတာကြောင့် စစ်ဘေးရှောင်တွေ အခက်အခဲ ဖြစ်နေတယ်လို့ ‌ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

မဲခေါင် ဇွန် ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ မြို့နယ်တချို့မှာ အိမ်ငှားခတွေ ဈေးတက်လာတာကြောင့် စစ်ဘေးရှောင်တွေ အခက်အခဲ ဖြစ်နေတယ်လို့ ‌ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

တောင်ကြီးနဲ့ ညောင်ရွှေမြို့နယ်တွေမှာ အဓိက အိမ်ငှါးခတွေ ဈေးတက်လာတာဖြစ်ပြီး အနည်းဆုံး ၆ လချုပ်တွေ ဖြစ်တာကြောင့် လက်ရှိစာချုပ်သက်တမ်း ကုန်နေဆုံးသူတွေက နောက်ထပ်ချုပ်ဖို့ ငွေကြေးခက်ခဲနေတယ်လို့ ဆိုပါတယ်။

“သူများတော့ ပြန်ကြပြီလေနော်။ ကျမတို့ကတော့ မပြန်ရဲသေးတော့ ထပ်ချုပ်ရမှာပေါ့။ ဘုန်းကြီးကျောင်းတွေလည်း ဘယ်သူမှတစ်သက်လုံး လက်မခံဘူးလေ။ ခဏတစ်ဖြုတ်ပဲ နေလို့ရတာ။ တခြားမြို့ကြတော့လည်း ဈေးတော့ သက်သာပါတယ်။ လုပ်စားဖို့မရှိတော့ အဆင်မပြေဘူး” လို့ တောင်ကြီးမြို့တွင်း အိမ်ငှား နေထိုင်နေသူ တစ်ဦးက ပြောပါတယ်။

အရင်က အိမ်တစ်လုံးကို အနိမ့်ဆုံး တစ်သိန်းကျပ်သာ ရှိခဲ့ပေမယ့် လက်တလောမှာတော့ တစ်သိန်းခွဲကျပ်အထိ ပေးနေရပြီး အခန်းငှားခတွေလည်း အရင်နှစ်တွေထက် ကျပ် ၅ သောင်းခွဲ ကနေ ၇ သောင်းကျပ်အထိ တက်လာတယ်လို့ ပွဲစားတွေဆီက သိရပါတယ်။

ဒါ့အပြင် တချို့အိမ်တွေဟာ နေထိုင်တဲ့လူဦးရေအလိုက် ဈေးနှုန်းအပြောင်းအလဲရှိတာ၊ သတ်မှတ်လူဦးရေထက် ပိုနေလို့မရတာတွေကြောင့် မိသားစုအချင်းချင်း ပေါင်းနေလို့ မရဘဲ ကုန်ကျစရိတ်က ပိုများလာတယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။

“ဒီမှာက မြို့ပေါ်ဆိုတော့ ထင်သလောက် အဖွဲ့အစည်းတွေက မများဘူးပေါ့။ ပင်လောင်းဘက်ကတော့ အကူညီကပေါတယ်။ ဒါမဲ့ သူများလှူတာပဲ ထိုင်စားနေလို့ မရဘူးလေ။ အလုပ်ကိုင်ကြတော့ တောင်ကြီး၊ ညောင်ရွှေ၊ အေးသာယာတို့ဘက်ပဲ ရှိကြတာ။ ဒီတစ်လ ဈေးတက်လာပြီဆိုတော့ စာချုပ်ကုန်ရင် သက်သာတဲ့မြို့ ပြောင်းနေရမှာပေါ့” လို့ ပြောပါတယ်။

တောင်ကြီးနဲ့ ညောင်ရွှေမြို့နယ်တွေမှာ အိမ်ငှားနေကြသူတွေဟာ ကရင်နီပြည်နဲ့ ဆီဆိုင်မြို့နယ်ဘက်‌တွေက တိန်းရှောင်လာသူတွေဖြစ်ပြီး တစ်နိုင်တစ်ပိုင် ဈေးရောင်းတာ၊ တချို့ လုပ်ငန်းတွေမှာ အောက်ခြေသိမ်း သွားရောက်လုပ်ကိုင်တာ၊ ရိုးရာအစားသောက်တွေ ချက်ရောင်းတာတွေ လုပ်ကိုင်ကြတယ်လို့ စစ်ဘေးရှောင် သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ဆီဆိုင်နဲ့ လွိုင်ကော်မြို့ကို မေလ နောက်ဆုံးအပတ်ကစပြီး တစ်သုတ်ပြီးတစ်သုတ် ပြန်ကြတဲ့သူတွေ ရှိပေမယ့် ရှမ်းတောင်‌ဒေသတွင်းမှာ ဆီဆိုင်မြို့နယ်က စစ်ဘေးရှောင် ၅ သောင်းကျော်နဲ့ လွိုင်ကော်မြို့က ၂ သိန်းကျော် ကျန်ရှိနေသေးတယ်လို့ စစ်ဘေးရှောင်အရေး သုတေတနလုပ်တဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

MK014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

မိုးကုတ်မြို့ကို အပြီးသတ်သိမ်းယူလိုက်ပြီလို့ TNLA ထုတ်ပြန်

မဲခေါင်၊ ဇူလိုင် ၂၄ ရှမ်းပြည်မြောက်ပိုင်း၊ မိုးကုတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၃၀ ရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့
မြန်မာ့နွေဦး

ဘိန်းဘုရင်လော်စစ်ဟန်သားပိုင် အေရှားဝေါကုမ္ပဏီက MNDAA ကို အပစ်ရပ်ရန် စာပို့

မဲခေါင်၊ ဇူလိုင် ၂၄ စစ်ကောင်စီနဲ့ နီးစပ်တဲ့ ဘိန်းဘုရင်လော်စစ်ဟန်သားပိုင်ကုမ္ပဏီ Asia World က MNDAA ကို ရှမ်းမြောက်တိုက်ပွဲတွေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လောက်ကိုင်ကို စစ်ကောင်စီက ၃ ရက် ဆက်တိုက် လေကြောင်းက ဗုံးကြဲ

မဲခေါင်၊ ဇူလိုင် ၂၄ ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ကို စစ်ကောင်စီက ဇူလိုင် ၂၂ ရက်နေ့ ကနေ ဒီနေ့ ဇူလိုင်လ ၂၄ ရက်နေ့အထိ ၃ ရက် ဆက်တိုက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးထောင်ကနေ လွတ်မြောက်လာတာမဟုတ်ဘဲ ခလရ ၄၁ စစ်ကြောရေးစခန်းက လွတ်မြောက်လာကြတာလို့ WOPP ကဆို

မန္တလေးတိုင်း၊ လားရှိုးမြို့မှာ မနေ့ (ဇူလိုင် ၂၃)ညနေပိုင်းက အကျဉ်းသားတချို့ လွတ်မြောက်လာကြတယ်လို့ နိုင်ငံရေး အကျဉ်းသူများအဖွဲ့ (WOPP) တာဝန်ရှိသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စဉ့်ကူးမြို့က ဆုတ်ခွါသွားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ လိုက်လံ တိုက်ခိုက်

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ရွာသာရွာကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီစခန်းကို Drop For Justice အဖွဲ့က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အထိခိုက် အကျအဆုံး ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကူသွားတဲ့ Loikaw Local PDF ကို ဒေသခံတွေ အောင်သပြေနဲ့ကြို

ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေကို စစ်ကူသွားတဲ့ Loikaw Local PDF ကို ဒေသခံတွေက မနေ့ (ဇူလိုင် ၂၃)ရက်မှာ အောင်သပြေပန်းတွေနဲ့ ကြိုဆိုခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေး ၁၀၀၉ IPDF စစ်ဆင်ရေးလိုအပ်ချက် စစ်ကြောင်းသုံး စက်သေနတ်လိုအပ်နေ

ရှမ်းတောင်၊ အင်းလေးဒေသမှာ စစ်အာဏာရှင်အမြစ်ပြတ်ရေးတိုက်ပွဲဝင်နေတဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်-၁၀၀၉ IPDF ဟာ စစ်ရေးလိုအပ်ချက်အရ စစ်ကြောင်းသုံး ဘရောင်နီ စက်သေနတ် လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းလားတပ်ဖွဲ့ မိုင်းယောင်းမြို့အနီးတဝိုက် ရောက်ရှိနေရာယူထား

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားလက်နက်ကိုင်တပ်ဖွဲ့ NDAA ဟာ မိုင်းယောင်းမြို့အနီးထိ ဝင်ရောက်နေရာယူပြီး စစ်ကောင်စီတပ်တွေကို နေရာဖယ်ခိုင်းတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now