စစ်ရေးသတင်း

ရေး-ထားဝယ် လမ်းမကြီးကို မဟာမိတ်ပူးပေါင်းအဖွဲ့တွေ ထိန်းချုပ်စစ်ဆေး

မဲခေါင် 20 Mar - 2024
မွန်ပြည်တော်လှန်ရေးတပ် (MSRF) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ မတ်လ ၁၉ ရက်မှာ အမှတ်(၈)ပြည်ထောင်စုလမ်းမပေါ်ရှိ ရေး-ထားဝယ်လမ်းပိုင်း မလွဲတောင်နဲ့ ကလိန်အောင်ကြား နယ်မြေစိုးမိုးမှုလုပ်ငန်းတွေ လုပ်ဆောင်နေကြောင်း ဓာတ်ပုံတွေနဲ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ မတ် ၂၀

မွန်ပြည်တော်လှန်ရေးတပ် (MSRF) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ မတ်လ ၁၉ ရက်မှာ အမှတ်(၈)ပြည်ထောင်စုလမ်းမပေါ်ရှိ ရေး-ထားဝယ်လမ်းပိုင်း မလွဲတောင်နဲ့ ကလိန်အောင်ကြား နယ်မြေစိုးမိုးမှုလုပ်ငန်းတွေ လုပ်ဆောင်နေကြောင်း ဓာတ်ပုံတွေနဲ့ ထုတ်ပြန်ပါတယ်။

မွန်ပြည်တော်လှန်ရေးတပ်(MSRF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(KBDF) ဒေါနတပ်ခွဲ(၄)၊ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) ဒေါနတပ်ခွဲ(၇)၊ဝေဟင်‌ဒေါနတပ်ခွဲ(၆)၊ တနင်္သာရီ တပ်ရင်း(၁)၊ရေးသိမ်းငှက်၊ Ye Defense Force(YDF)၊ ရေးပြောက်ကျားတပ် (YGF) ဒေါနတပ်ခွဲ(၃)၊ ABSDF ကျောင်းသားတပ်မတော် တပ်ရင်း(၁)၊Ye Air Force(YAF)၊ KNLA တပ်ရင်း(၂၇) တို့က အမှတ်(၈) လမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော ပြည်သူများနဲ့လည်းတွေ့ဆုံခဲ့ပြီး စစ်ကောင်စီနဲ့ထောက်တိုင်တွေ ဖြတ်သန်းသွားလာမှုကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးမဟာမိတ်တပ်များဘက်မှ စတင်စစ်ဆေးချိန်တွင် မလွဲတောင်ဂိတ်မှ ခရီးသွားပြည်သူများရဲ့ သွားလာမှုလမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်မှုများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်မှ မလွှဲတောင်ဂိတ်ကို သော့ခလောက်ဖြင့်ပိတ်ကာ စခန်းအတွင်း ပုန်းအောင်း‌နေခဲ့ကြတယ်လို့ ဆိုပါတယ်၊

ခရီးသွားပြည်သူများတွင် အမျိုးသမီးများပါရှိတဲ့အတွက် ‌မဟာမိတ်ပူးပေါင်းတပ်များရှိ ရဲမေများကလည်း နယ်မြေစိုးမိုးလှုပ်ရှားမှုတွင် ပါဝင် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

နယ်မြေစိုးမိုးရှင်းလင်းမှုအား မနက် ၇ နာရီမှ ညနေ ၃ နာရီခွဲအထိ စစ်ဆေးခဲ့ပြီး စစ်ကောင်စီဘက်မှ တုံ့ပြန်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

မဟာမိတ် ပူးပေါင်းတပ်များဘက်က မလွဲတောင် တောင်ခြေ အလယ်စခန်းရွာရှိ သစ်တောရုံးကိုလည်း ရှင်းလင်းစစ်ဆေးမှုများလည်းပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်တိုက်ပွဲမှာ တင်ပါးဒဏ်ရာရသွားတဲ့ ခရိုနီ PNA ဒု စစ်ဦးစီးချုပ် နေဝင်းထွန်း နောင်တရား လုံခြုံရေးအစည်းအဝေးမှာ လူလုံးထွက်ပြ

ရှမ်းပြည် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲအနီး ခရမ်းရွာမှာ မေလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူလူထုလုံခြုံရေး ဆွေးနွေးပွဲကို ပအိုဝ်းပြည်သူ့စစ်
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမိတ်မှာ စစ်ကောင်စီက ဝန်ထမ်းတွေပြန်ခေါ်နေပေမယ့် ဌာနဆိုင်ရာတွေ ပုံမှန်မလည်ပတ်နိုင်သေး

ရှမ်းမြောက် မိုးမိတ်မြို့တိုက်ပွဲဖြစ်ပြီးနောက်မှာ ဒေသခံတွေထွက်ပြေးတာကြောင့် စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းတွေကို ပြန်ခေါ်နေပေမယ့် လက်ရှိအချိန်ထိ အုပ်ချုပ်ရေးယန္တယားပုံမှန် ပြန်လည် မလည်ပတ်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

အင်းခရမ်းချဉ်သီး စိုက်ပျိုးစရိတ်ကြီးမြင့်တာနဲ့ လုပ်သားရှားပါးတာကြောင့် အစိုက်နည်းနေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ခရမ်းချဉ်သီး စိုက်ပျိုးစရိတ် ကြီးမြင့်တာအပြင်၊ လုပ်သားရှားပါးမှုနဲ့ အရင်နှစ်က အရှုံးပေါ်တဲ့ တောင်သူတွေ ပြန်မစိုက်တာကြောင့် ခရမ်းချဉ်သီးစိုက် တောင်သူတွေအနေ စိုက်ပျိုးသူ နည်းပါးတယ်လို့ စုံစမ်းသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တာချီလိတ်မှာ ကားပစ္စည်းလိုက်လံခိုးယူသူများ ရှိနေလို့ သတိထားရန်လိုအပ်နေ

တာချီလိတ်မှာ အိမ်ခြေမဲ့တွေ များပြားလာတဲ့နောက် လမ်းဘေးနဲ့ အိမ်ရှေ့ရပ်ထားတဲ့ ကားတွေရဲ့ မီးခွက်၊ ဘက်မှန်နဲ့ ဘထ္ထရီတွေ လိုက်လံဖြုတ်ခိုးတာတွေရှိလာတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တစ်နှစ်ခွဲကျော်ကြာ သင်ကြားလေ့ကျင့်ထားတဲ့ အရာရှိသင်တန်းဆင်းပွဲကို အာရက္ခတပ်တော်(AA)က ပထမဆုံး ရခိုင်မှာ ကျင်းပ

ရခိုင်ပြည်နယ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အရာရှိလေ့ကျင့်ရေးသင်တန်း ဖွင့်လှစ်ခဲ့ပြီးတော့ အရာရှိ ၃၂၆ ဦးကို (၁)နှစ်(၇)လကြာ လေ့ကျင့်သင်ကြားပြီး သင်တန်းဆင်းပွဲ ပြုလုပ်လိုက်တာလို့ အာရက္ခတပ်တော် AAက သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

အုပ်ချုပ်နယ်မြေမှာ သေဒဏ်နဲ့ တသက်တကျွန်းပြစ်ဒဏ်တွေ MNDAA ထုတ်ပြန်

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ခိုက်ရေးဘက် ဦးစားပေးနေရတာကြောင့် တရားစီရင်ရေးအပိုင်းမှာ အမြန် စစ်ဆေး၊ အမြန်စီရင်ချက်ချလုပ်ဆောင်ခဲ့ရမှုတွေသာ လုပ်နိုင်ခဲ့လို့ ခုချိန်ကစပြီး စနစ်တကျ တရားစီရင်ရေးလုပ်ဆောင်မယ့်အကြောင်း ကိုးကန့်တပ် MNDAA က မေ ၂၂ ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ ပြည်သူ့စစ်(PNA)တွေ စစ်ရေးလေ့ကျင့်နေတဲ့အတွက် မြို့ခံတွေ ထမင်း၊ ဟင်း ချက်ပို့နေရ

တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂ မှာ မေလ ၁၈ ရက်နေ့ကစပြီး ပအိုဝ်းပြည်သူ့စစ် (PNA)အတွက် ထမင်း၊ ဟင်း ချက်ပို့နေရတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်ထောင်မှာ ထောင်ဝင်စာဖြတ်ခံထားရတဲ့အတွက် အဟာရမပြည့်ဝဘဲလူ ၅ ဦးထက်မနည်း သေဆုံးနေ

လွိုင်ကော်အကျဉ်းထောင်မှာ ထောင်ဝင်စာဖြတ်ခံရတဲ့ ၆ လကျော်အတွင်း လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး စိတ်ဓါတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူတွေရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now