စစ်ရေးသတင်း

ရေဦးနယ်က ပျူစောထီးရွာကို တော်လှန်ရေးတပ်ပေါင်းစု တိုက်ခိုက်၊ စစ်သား ၁၀ ဦးထက်မနည်းသေပြီး စစ်သုံ့ပန်း ၇ ဦးဖမ်းမိ

မဲခေါင် 25 Nov - 2023
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ပျူစောထီးရွာကို တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရကာ စစ်သုံ့ပန်း ၇ ဦး လက်ရ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်-PLA က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ပျူစောထီးရွာကို တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရကာ စစ်သုံ့ပန်း ၇ ဦး လက်ရ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်-PLA က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဒီကနေ့၊ နိုဝင်ဘာ ၂၄ ရက်၊ မနက်ပိုင်းက ကာဘိုး အနောက်ဘက်မှာရှိတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး အခြေစိုက်ရာ အောင်သာယာကျေးရွာကို PLA နဲ့ မဟာမိတ် တပ်ပေါင်းစု ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။

အဆိုပါ တိုက်ပွဲမှာ အောင်သာယာကျေးရွာကို သိမ်းယူဖို့ ရည်ရွယ်ပေမယ့် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူ၊ ခြေလျင်စစ်ကူတွေအပြင် Mi-35 ရဟတ်ယဥ်နဲ့ပါ ပစ်ကူတာကြောင့် သုံ့ပန်းတွေနဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ သိမ်းယူပြီး ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ PLA က ဆိုပါတယ်။

ဒီတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ် ဘက်က ရဲဘော် ၅ ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

PLA တပ်ဖွဲ့အနေနဲ့ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို အမှတ် (၁) စစ်ဒေသ လက်အောက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သုံ့ပန်း ပေါ်လစီနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကို PLA အမှတ် (၁) စစ်ဒေသရဲ့ စစ်ရေးဦးဆောင်မှုနဲ့ မဟာမိတ်တပ်ပေါင်းစု တပ်ဖွဲံတွေဖြစ်တဲ့ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော်-BNRA၊ 96 Soldiers PDF-အညာတပ်ခွဲ၊ စိန်ဗေဒါ KBU-ပကဖ၊ မိုးကြိုးမုန်တိုင်း-LPDF၊ ဝံသပါလ-LPDF၊ TCRF-PLA၊ ရွှေဘိုဓူဝံ-PLA၊ GZ LPDF တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

လက်ရှိ ရေဦးမြို့နယ် အတွင်းမှာ အင်တာနက်လိုင်း ပြတ်တောက်မှုတွေကြောင့် မြေပြင်တပ်ဖွဲ့တွေနဲ့ ဆက်သွယ်ဖို့ ခက်ခဲနေပြီး တိုက်ပွဲဖြစ်စဉ်နဲ့ အခြေအနေ အသေးစိတ်ကို မဲခေါင်သတင်းဌာနက စုံစမ်းနေဆဲ ဖြစ်ပါတယ်။

MK-009

#MeKongNews

#ရေဦးမြို့နယ်

#ပျူစောထီး

#PDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now