စစ်ရေးသတင်း

မိုင်းနောင်နဲ့ ကျေးသီးမြို့နယ်မှာ စစ်မှုမထမ်းရသူတွေကို တစ်အိမ်ကျပ်သုံးသောင်း SSPP လစဥ်ကောက်ခံ

မဲခေါင် 10 Apr - 2024
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က စစ်မှုမထမ်းရသူတွေကို တစ်အိမ်ကျပ် ၃ သောင်း လစဥ်ပေးဆောင်ရမယ်လို့ ကောက်ခံနေကြောင်း မိုင်းနောင်ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၁၀

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်နဲ့ ကျေးသီးမြို့နယ်ထဲက ကျေးရွာတစ်ချို့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က စစ်မှုမထမ်းရသူတွေကို တစ်အိမ်ကျပ် ၃ သောင်း လစဥ်ပေးဆောင်ရမယ်လို့ ကောက်ခံနေကြောင်း မိုင်းနောင်ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

“ ပြီးခဲ့တဲ့မတ်လမှာ တစ်ချို့ကျေးရွာတွေမှာ စစ်မူထမ်းဖို့မလိုဘူး။ ဒါပေမဲ့ လစဉ်ကြေးတော့ ပေးရမယ်တဲ့။ တစ်ချို့မရှိတဲ့ မိသားစုတွေကတော့ မပေးနိုင်ဘူး။ မတ်လထဲမှာတော့ ပိုက်ဆံ ၂ ကြိမ်ပေးရတယ်။ တစ်ခါကို တစ်ရွာသိန်း ၃၀ လောက်ကျတယ်။ ကျွန်တော်တို့ရွာအိမ်ခြေက ၃၀ ကျော်ပဲရှိတယ်။ တစ်ခါကောက်ရင် ၁၀ သိန်းတောင်မရဘူ” လို့ မဲခေါင်ကိုပြောပါတယ်။

SSPP က တစ်လတစ်အိမ် ၃ သောင်းပေးဆောင်ခိုင်းပေမယ့် အောက်ခြေတပ်သားအများစုကတော့ မကြာခဏပိုက်ဆံလာကောက်ပြီး ဆန်တွေကိုလည်း ပေးရတယ်လို့ သူက ပြောပါတယ်။

စစ်မှုထမ်းဖို့မသွားရတဲ့ ကျေးရွာတော်တော်များဟာ မှုးယစ်သုံးစွဲတဲ့သူတွေ များတာကြောင့် စစ်မှုထမ်းဖို့မခေါ်ပဲ ပိုက်ဆံကောက်ခံပြီး တစ်ချို့ကျေးရွာတွေမှာ စစ်သားစုဆောင်းတယ်လို့ ကျေးသီးဒေသခံတစ်ဦးက ပြောပါတယ်။

“ ပြီးခဲ့တဲ့လက တစ်ရွာကို ၁၀ ယောက်ခေါ်တယ်။ ဘိန်းသမားတွေများလို့ သွားတဲ့သူတွေမရှိတော့ ရွာသူကြီးတွေနဲ့ သွားတောင်းပန်တယ်။ သူတို့လည်း ဘိန်းသမားတွေမရချင်တော့ ပိုက်ဆံတောင်းတာ လတိုင်းပေးရမယ်ဆိုရင်တော့ မရှိတဲ့သူတွေ အခက်တွေ့တယ်” လို့ပြောပါတယ်။

ကျေးသီးနဲ့ မိုင်းနောင်မြို့နယ်မှာ စစ်ကောင်စီတပ်၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ လှုပ်ရှားပြီး အဲ့ဒေသတွေမှာ အရင်နှစ်ကတည်းက RCSS တပ်ဖွဲ့က ဖမ်းဆီမှုတွေ၊ အခွန်ကောက်မှုတွေ ရှိပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး SSPP ပြောရေဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဆုကို မဲခေါင်သတင်းဌာနက ဖုန်းဆက်သွယ်ပေးမယ့် ဖုန်းဆက်သွယ်လို့မရခဲ့ပါဘူး။

MK 011

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

တောင်ကြီးမှာ နေအိမ်ထဲထိ လူငယ်တွေကို အဓမ္မဖမ်းဆီးရိုက်နှက်ကာ စစ်မှုထမ်းဖို့ ခေါ်ယူသွား

တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်မှာ လူငယ် ၆ ဦးကို စစ်ကောင်စီက မဲမနှိုက်ဘဲ အဓမ္မစစ်မှုထမ်း ခေါ်ယူခဲ့တယ်လို့ မြို့ခံတွေက‌ ပြောပါတယ်။
မြန်မာ့နွေဦး

ကွက်ခိုင်က ရှမ်းရွာအဝင်ဆိုင်းဘုတ်တွေကို တအောင်းဘာသာနဲ့ အစားထိုးတဲ့အပေါ် TNLA တပ်ဖွဲ့ မသိသေးလို့ဆို

ကွက်ခိုင်မြို့နယ်အတွင်း ရှမ်းဘာသာနဲ့ရေးသားထားတဲ့ ရွာအဝင်ဆိုင်းဘုတ်တွေကို တအာင်းဘာသာနဲ့ လိုက်လံအစားထိုးနေတဲ့အပေါ် TNLA တပ်ဖွဲ့အနေနဲ့ သိရှိခြင်းမရှိသေးဘူးလို့ ပြောရေးဆိုခွင့်ရှိသူထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ရှမ်းတောင် တိုက်ပွဲအတွင်း ပျောက်ဆုံးလူငယ်တွေကို စစ်ကောင်စီနဲ့ PNA ပြည်သူ့စစ်တွေက သတ်ဖြတ်ခဲ့တယ်လို့ PYO ထုတ်ပြန်

ရှမ်းတောင်က ပအိုဝ်းဒေသ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ ဟိုပုံး၊ လွိုင်လင်မြို့နယ်တွေမှာ တိုက်ပွဲကာလအတွင်း ဆီဆိုင်မြို့ကို အကြောင်းအမျိုးမျိုးနဲ့ ပြန်ကြရာက ပျောက်ဆုံးသွားတဲ့ လူငယ်တွေကို စစ်ကောင်စီနဲ့ PNA ပြည်သူ့စစ်တွေက သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး(PYO)က ထုတ်ပြန်လာတာပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ယာယီကျင်သီတံတား ပုံမှန် ဖြတ်သန်းသွာလာခွင့်ပြု

ရှမ်းမြောက်၊ ကျောက်မဲ-သီပေါကြားက ယာယီကျင်သီတံတားကို မနေ့ မေလ ၂၇ ရက် မနက်ပိုင်းမှာ ပုံမှန်ဖြတ်သန်းခွင့်ပြုလိုက်တယ်လို့ PSLF/TNLA သတင်းစဉ်က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

အောင်ပန်း မီးလုံးယမ်းပေါက်ကွဲမှုရဲ့ လူနာ ၄ ဦးမြောက် သေဆုံး

ရှမ်းတောင်၊ အောင်ပန်းမြို့ရဲ့ မီးလုံးယမ်းပေါက်ကွဲမှုထဲကလူနာ ၄ ဦးမြောက် မနေ့ မေ ၂၇ ရက်နေ့ ညနေက တောင်ကြီး စဝ်စံထွန်းဆေးရုံမှာဘဲ ဆေးကုသရင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကချင်အများစုနေတဲ့ ရှမ်းမြောက် ဖိုင်ကောင်းရွာရှိ စာသင်ကျောင်းက ကချင် အမျိုးသားအလံ MNDAA တပ်ဖွဲ့က ဖြုတ်ချ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပန်ဆိုင်း (ကြူကုတ်) ဖိုင်ကောင်းရွာရှိ စာသင်ကျောင်းဝင်းက ကချင် အမျိုးသားအလံကို ယမန်နေ့ မေလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်မှာ MNDAA တပ်ဖွဲ့က ဖြုတ်ချသွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ပင်‌လောင်းမှာ ကျောင်းသားတွေကိုလည်း စစ်မှုထမ်းခေါ်ယူ

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လိန်းညာကျေးရွာအုပ်စုမှာ ကျောင်းသားတွေကို စစ်မှုထမ်းခေါ်ယူနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

တောင်ကြီးစဝ်စံထွန်းဆေးရုံမှာ အလောင်းထုတ်ခ ကောက်ခံတဲ့ကိစ္စ နေပြည်တော်ထိ အတိုင်ခံရပြီးနောက် ရင်ခွဲရုံဝန်ထမ်းကို စစ်ကောင်စီထံ ဝန်ခံထိုးဖို့ ဆေးရုံအုပ်က ဖိအားပေး

တောင်ကြီးစဝ်စံထွန်းဆေးရုံမှာ အလောင်းထုတ်ခ အဆမတန် ကောက်ခံတဲ့ကိစ္စ ပြီးခဲ့တဲ့ အပတ်က မဲခေါင်သတင်းမှာ ဖော်ပြပြီးတဲ့နောက် နေပြည်တော် ကျန်းမာရေးဌာနကို တိုင်ခံခဲ့ရတဲ့အတွက် စစ်ကောင်စီက လာစစ်ရင် ရင်ခွဲရုံဝန်ထမ်းကို ဝန်ခံလိုက်ဖို့ ငွေကောက်ခံခိုင်းတဲ့ ဆေးရုံအုပ်နဲ့ မှုခင်းဆရာဝန်က ဖိအားပေးထားတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now