စစ်ရေးသတင်း

မတ္တရာမြို့နယ်က စစ်ကောင်စီစခန်းကို TNLA နဲ့ မန္တလေး PDF တိုက်ခိုက်၊ သေနတ် ၁၃ လက်နက်နဲ့ သုံ့ပန်း ၄ ယောက်ဖမ်းမိ

မဲခေါင် 29 Nov - 2023
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီစခန်းတစ်ခုကို တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မန္တလေး PDF တို့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သေနတ် ၁၃ လက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်ကို သုံ့ပန်းအဖြစ် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၂၉

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီစခန်းတစ်ခုကို တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မန္တလေး PDF တို့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သေနတ် ၁၃ လက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်ကို သုံ့ပန်းအဖြစ် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစခန်းကုန်းကို မနက် ၈ နာရီမှာ စတင်တိုက်ခိုက်ခဲ့ပြီး ၁၀ နာရီခွဲမှာ စခန်းကုန်းကို အပြီးသတ်သိမ်းဆည်းနိုင်ခဲ့သလို စစ်ကောင်စီအလောင်း ၁၅ လောင်းလည်း တွေ့ရှိခဲ့တယ်လို့ မန္တလေး PDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

TNLA နဲ့ မန္တလေး PDF တို့ဟာ “တောင်သမန် စစ်ဆင်ရေး” လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ နောင်ချိုမြို့နယ်၊ မန္တလေးတိုင်းအတွင်းက မတ္တရာနဲ့ မိုးကုတ်မြို့နယ်အတွင်းက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေပါတယ်။

ရှမ်းပြည်နယ်အတွင်းက မြို့နယ်တွေမှာ တိုက်ခိုက်တာဟာ စစ်ကောင်စီတပ်စစ်ကူတွေ ရှမ်းမြောက်ကို မလာနိုင်အောင် ဖြတ်တောက်ခြင်းဖြစ်ပြီး၊ မန္တလေးတိုင်းအတွင်းမှာ တိုက်ခိုက်နေတာဟာ မန္တလေးကို ထိုးဖောက်ဝင်ရောက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစခန်းသိမ်း ဓာတ်ပုံတွေကို မန္တလေး PDF က ထုတ်ပြန်ရာမှာ စစ်ကောင်စီတပ်မ ၃၃ ဘတ်တံဆိပ်နဲ့ စစ်ဝတ်စုံတွေကို တွေ့ရပါတယ်။

#MeKongNews

#မန္တလေး

#မတ္တရာ

#သိမ်းပိုက်

#လက်နက်

#TNLA

#PDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

1027 စစ်ဆင်ရေးအပြီး စစ်မှုထမ်းဝင်ရောက်လာသူများပြားပြီး သူတို့သဘောဆန္ဒအရသာဖြစ်တယ်လို့ TNLAဆို

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ 1027 စစ်ဆင်ရေးအပြီးမှာ စစ်မှုထမ်းဆောင်ဖို့ တအာင်းလူငယ်တွေက သူတို့ရဲ့သဘောဆန္ဒနဲ့လာရောက်ပူးပေါင်းကြတာဖြစ်တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။
ဒေသတွင်းသတင်း

ပင်လောင်းမှာ မိုးသက်လေပြင်းကြောင့် စိုက်ခင်း ၁၀ ဧကကျော်နဲ့ လူနေအိမ် ၅ လုံးထက်မနည်း ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်မှာ မေ ၂၁ ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် စိုက်ခင်း ၁၀ ဧကကျော်နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲ ၄လ ကျော်ကြာတဲ့ထိ မိုးမိတ်မြို့မှ ပြည်သူထက်ဝက်နီးပါးစစ်ရှောင်ပြီး နေရပ်မပြန်နိုင်သေး

ရှမ်းမြောက် မိုးမိတ်မြို့တွင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ကချင်တပ်မတော်(KIA)တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီး ၄လအကြာမှာ ထွက်ပြေးတိမ်ရှောင်တဲ့ဒေသခံတွေ နေရပ်မပြန်နိုင်သေးဘူးလို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း

၆၆ နှစ်ပြည့် ရှမ်းတော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွေကို RCSS နယ်မြေအသီးသီးမှာ ကျင်းပ

၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ ရှမ်းတော်လှန်ရေးနေ့(The 66th Anniversary of Shan State Resistance Day)ကိုRCSS/SSA ဌာနချုပ်အပါအဝင် ထိန်းချုပ်နယ်မြေအသီးသီးမှာ ကျင်းပခဲ့တယ်လို့ RCSS ရဲ့ အာဘော်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်အရှေ့ဘက် အနီးဝန်းကျင်ရွာတွေမှာ တိုက်ပွဲဖြစ်လို့ ဒေသခံ ၁၀၀၀ ခန့် ညောင်ရွှေနဲ့ဟိုပုံးဘက်ကို စစ်ရှောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ ၊ ဆီဆိုင်မြို့ရဲ့အရှေ့ဘက်အနီးဝန်းကျင်က ရွာတွေဖြစ်တဲ့ ထီလီ၊ ခိုမုန်း၊ တုံပန်၊ လွယ်ထွယ်ရွာဘက်တွေမှာ တိုက်ပွဲတွေဖြစ်ပွားလို့ ဒေသခံ ၁ ထောင်ကျော် ဟိုပုံးနဲ့ ညောင်ရွှေဘက်ကို စစ်ဘေးရှောင်ကြရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းမြောက်မှာ စစ်အင်အားတွေ တိုးချဲ့ပြီး အခိုင်အမာခံစစ်များပြုလုပ်လာနေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးဘက်တွေမှာ စစ်ကောင်စီတပ်တွေ အင်အားတိုးချဲ့ပြီး အခိုင်အမာခံစစ်တွေပြုလုပ်နေသလို EAOs တွေဘက်ကလည်း စစ်ရေးပြင်ဆင်မှုတွေပြုလုပ်လာနေတယ်လို့ ဒေသသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တရုတ်နယ်စပ်ဖြတ်ကျော်ပြီး KIA ဌာနချုပ်လိုင်ဇာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ

ကချင်ပြည်နယ်၊ ဝိုင်းမော် ရွှေညောင်ပင် ခမရ - ၃၂၁ ကို မနေ့ မေ ၂၁ ရက်နေ့ ညပိုင်း KIAနဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခံရတဲ့နောက် စစ်ကောင်စီအထိနာလို့ တရုပ်နယ်စပ်ဖြတ်ကျော် အသုံးပြုပြီး လိုင်ဇာမြို့ကို ဗုံးကျဲခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော် ခမရ – ၃၂၁ ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ပြီး စစ်ကောင်စီဘက်က အတွဲလိုက်ဒုံးတွေနဲ့ပစ်ခတ်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင် ခမရ - ၃၂၁ ကို မေလ ၂၁ ရက်နေ့ည ၈ နာရီ ၁၅ မိနစ်ခန့်က KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now