စစ်ရေးသတင်း

ပင်လောင်း နမ့်ဖာမူတွင် တိုက်ပွဲ ပြင်းထန်လို့ ဒေသခံတစ်သောင်းခန့် စစ်ဘေးရှောင်

မဲခေါင် 11 Mar - 2024
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီနဲ့လက်အောက်ခံ PNO ပြည်သူ့စစ်တွေနဲ့ ရှမ်းတောင် PDF တပ်ဖွဲ့တွေ တိုက်ပွဲ ပြင်းထန်နေတယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

မဲခေါင်၊ မတ် ၁၁

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီနဲ့လက်အောက်ခံ PNO ပြည်သူ့စစ်တွေနဲ့ ရှမ်းတောင် PDF တပ်ဖွဲ့တွေ တိုက်ပွဲ ပြင်းထန်နေတယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ PNO တပ်ရင်း ၇ တို့ ဟာ ဗန့်မောင်ရွာ စာသင်ကျောင်းကို လာရောက် တပ်စွဲပြီးနောက် ကျေးရွာလူထုကို တိုက်ပွဲမဖြစ်လိုရင် ကျပ်ငွေ သိန်း ၁၀၀ ပေးရမယ်လို့ တောင်းခံခဲ့တယ်လို့ သိရပါတယ်။

မနက် ၁၀ နာရီအချိန်မှာ PDF တပ်ရင်းတွေ အဲဒီ စာသင်ကျောင်းကို ဝင်ရောက်တိုက်ခိုက်တယ်လို့ သိရပြီး PNO အကျအဆုံးများတယ်လို့သိရပေမယ့် PDF တပ်ဖွဲ့တွေဆီက ထုတ်ပြန်ချက်မရှိသေးလို့ အတည်မပြုနိုင်သေးပါဘူး။

PDF တပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီနဲ့အပေါင်းပါတွေဟာ နောင်ဝိုးဘက်ကို ဆုတ်ခွာသွားပြီး လက်နက်ကြီးနဲ့ပစ်ခတ်လို့ လွယ်ကျိန်းကျေးရွာဘက်ကျရောက် ပေါက်ကွဲတာမှာ ကျေးရွာလူထုကတော့ ရရာပစ္စည်းတွေနဲ့ ထွက်ပြေးနေကြပါတယ်။

ယင်းတိုက်ပွဲကို PDF တပ်ဖွဲ့တွေဖြစ်တဲ့ အင်းလေးပြည်သူ့ကာကွယ်ရေး ၁၀၀၉ တပ်ရင်း၊ ဖယ်ခုံပြည်သူ့ကာကွယ်ရေး အမှတ် ၁၀၀၂ တပ်ရင်း၊ ဖယ်ခုံပြည်သူ့ကာကွယ်ရေး အမှတ် ၁၀၀၆ တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပင်လောင်းမြို့နယ်မှာ မြို့ပေါ် ၁၀ ရပ်ကွက်နဲ့ ကျေးရွာ ၄၄၆ ရွာရှိပြီး လူဦးရေ ၁ သိန်းကျော်ရှိရာ အဲဒီထဲက အခု တိုက်ပွဲတွေဖြစ်တဲ့နေရာက ရွာ ၅ ရွာမှာ လူဦးရေ ၁ သောင်းနီးပါးခန့် ပင်လောင်းမြို့ပေါ်၊ နောင်တယားနဲ့ညောင်ရွှေဘက်ကို စစ်ဘေးရှောင်ကြရတယ်လို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်တိုက်ပွဲမှာ တင်ပါးဒဏ်ရာရသွားတဲ့ ခရိုနီ PNA ဒု စစ်ဦးစီးချုပ် နေဝင်းထွန်း နောင်တရား လုံခြုံရေးအစည်းအဝေးမှာ လူလုံးထွက်ပြ

ရှမ်းပြည် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲအနီး ခရမ်းရွာမှာ မေလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူလူထုလုံခြုံရေး ဆွေးနွေးပွဲကို ပအိုဝ်းပြည်သူ့စစ်
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမိတ်မှာ စစ်ကောင်စီက ဝန်ထမ်းတွေပြန်ခေါ်နေပေမယ့် ဌာနဆိုင်ရာတွေ ပုံမှန်မလည်ပတ်နိုင်သေး

ရှမ်းမြောက် မိုးမိတ်မြို့တိုက်ပွဲဖြစ်ပြီးနောက်မှာ ဒေသခံတွေထွက်ပြေးတာကြောင့် စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းတွေကို ပြန်ခေါ်နေပေမယ့် လက်ရှိအချိန်ထိ အုပ်ချုပ်ရေးယန္တယားပုံမှန် ပြန်လည် မလည်ပတ်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

အင်းခရမ်းချဉ်သီး စိုက်ပျိုးစရိတ်ကြီးမြင့်တာနဲ့ လုပ်သားရှားပါးတာကြောင့် အစိုက်နည်းနေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ခရမ်းချဉ်သီး စိုက်ပျိုးစရိတ် ကြီးမြင့်တာအပြင်၊ လုပ်သားရှားပါးမှုနဲ့ အရင်နှစ်က အရှုံးပေါ်တဲ့ တောင်သူတွေ ပြန်မစိုက်တာကြောင့် ခရမ်းချဉ်သီးစိုက် တောင်သူတွေအနေ စိုက်ပျိုးသူ နည်းပါးတယ်လို့ စုံစမ်းသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တာချီလိတ်မှာ ကားပစ္စည်းလိုက်လံခိုးယူသူများ ရှိနေလို့ သတိထားရန်လိုအပ်နေ

တာချီလိတ်မှာ အိမ်ခြေမဲ့တွေ များပြားလာတဲ့နောက် လမ်းဘေးနဲ့ အိမ်ရှေ့ရပ်ထားတဲ့ ကားတွေရဲ့ မီးခွက်၊ ဘက်မှန်နဲ့ ဘထ္ထရီတွေ လိုက်လံဖြုတ်ခိုးတာတွေရှိလာတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တစ်နှစ်ခွဲကျော်ကြာ သင်ကြားလေ့ကျင့်ထားတဲ့ အရာရှိသင်တန်းဆင်းပွဲကို အာရက္ခတပ်တော်(AA)က ပထမဆုံး ရခိုင်မှာ ကျင်းပ

ရခိုင်ပြည်နယ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အရာရှိလေ့ကျင့်ရေးသင်တန်း ဖွင့်လှစ်ခဲ့ပြီးတော့ အရာရှိ ၃၂၆ ဦးကို (၁)နှစ်(၇)လကြာ လေ့ကျင့်သင်ကြားပြီး သင်တန်းဆင်းပွဲ ပြုလုပ်လိုက်တာလို့ အာရက္ခတပ်တော် AAက သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

အုပ်ချုပ်နယ်မြေမှာ သေဒဏ်နဲ့ တသက်တကျွန်းပြစ်ဒဏ်တွေ MNDAA ထုတ်ပြန်

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ခိုက်ရေးဘက် ဦးစားပေးနေရတာကြောင့် တရားစီရင်ရေးအပိုင်းမှာ အမြန် စစ်ဆေး၊ အမြန်စီရင်ချက်ချလုပ်ဆောင်ခဲ့ရမှုတွေသာ လုပ်နိုင်ခဲ့လို့ ခုချိန်ကစပြီး စနစ်တကျ တရားစီရင်ရေးလုပ်ဆောင်မယ့်အကြောင်း ကိုးကန့်တပ် MNDAA က မေ ၂၂ ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ ပြည်သူ့စစ်(PNA)တွေ စစ်ရေးလေ့ကျင့်နေတဲ့အတွက် မြို့ခံတွေ ထမင်း၊ ဟင်း ချက်ပို့နေရ

တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂ မှာ မေလ ၁၈ ရက်နေ့ကစပြီး ပအိုဝ်းပြည်သူ့စစ် (PNA)အတွက် ထမင်း၊ ဟင်း ချက်ပို့နေရတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်ထောင်မှာ ထောင်ဝင်စာဖြတ်ခံထားရတဲ့အတွက် အဟာရမပြည့်ဝဘဲလူ ၅ ဦးထက်မနည်း သေဆုံးနေ

လွိုင်ကော်အကျဉ်းထောင်မှာ ထောင်ဝင်စာဖြတ်ခံရတဲ့ ၆ လကျော်အတွင်း လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး စိတ်ဓါတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူတွေရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now