စစ်ရေးသတင်း

“တောင်သမန် စစ်ဆင်ရေး” တစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၅ ယောက်သေပြီး PDF ၁၀ ဦး ကျဆုံး

မဲခေါင် 27 Nov - 2023
“တောင်သမန် စစ်ဆင်ရေး” စတင်ခဲ့ချိန်မှ တစ်လပြည့်တဲ့ ဒီနေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၅ ဦး သေဆုံးပြီး၊ မန္တလေး PDF ဘက်မှ ၁၀ ကျဆုံးကြောင်း စစ်ဆင်ရေး တစ်လပြည့်တဲ့ ဒီနေ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ မန္တလေး PDF က ထုတ်ပြန်ပါတယ်။

သံချပ်ကာ ၂ စီး ဖျက်ဆီးနိုင်ခဲ့သလို သုံ့ပန်း ၁၁ ယောက် ဖမ်းဆီးထားဟု မန္တလေး PDF ထုတ်ပြန်

မဲခေါင်၊ နိုဝင်ဘာ ၂၇

“တောင်သမန် စစ်ဆင်ရေး” စတင်ခဲ့ချိန်မှ တစ်လပြည့်တဲ့ ဒီနေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၅ ဦး သေဆုံးပြီး၊ မန္တလေး PDF ဘက်မှ ၁၀ ကျဆုံးကြောင်း စစ်ဆင်ရေး တစ်လပြည့်တဲ့ ဒီနေ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ မန္တလေး PDF က ထုတ်ပြန်ပါတယ်။

စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ သံချပ်ကာကား ၂ စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ သူ့လက်အောက်ခံ ပြည်သူ့စစ် ၁၁ ယောက်ကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးမိခဲ့တယ်လို့ ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဖော်ဆောင်တဲ့ “၁၀၂၇ စစ်ဆင်ရေး” နဲ့အတူ “တောင်သမန် စစ်ဆင်ရေး” လို့ အမည်ပေးပြီး မတ္တရာ၊ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲမြို့နယ်တွေမှာ တပြိုင်နက်တည်း စစ်ဆင်ရေးဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနဲ့နောင်ချိုမြို့နယ်တွေမှာ စစ်ဆင်ရေးဖော်ဆောင်တာ ညီနောင်သုံးဖွဲ့တိုက်ခိုက်တဲ့နေရာတွေဆီ စစ်ကောင်စီစစ်ကူတွေ မလာနိုင်အောင် ဖြတ်တောက်ခဲ့တာဖြစ်ပြီး၊ မတ္တရာနဲ့ မိုးကုတ်မြို့နယ်မှာ တိုက်ခိုက်ခဲ့တာ မန္တလေးသို့ ထိုးဖောက်ဝင်ရောက်ဖို့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ဆင်ရေးတစ်လအတွင်း တိုက်ပွဲပေါင်း ၃၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ကျောက်မဲနဲ့ နောင်ချိုမြို့နယ်အတွင်းမှာ ၂၈ ကြိမ်နဲ့အများဆုံးဖြစ်ပွားခဲ့ပါတယ်။

ဒီစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက် ၁၂၁ လက်နဲ့ ဆက်စပ်ခဲယမ်းအများအပြားကိုလည်း သိမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေး PDF နဲ့ ပူးပေါင်းအဖွဲ့တွေ ဖမ်းမိထားတဲ့ သုံ့ပန်းထိန်းသိမ်းထားရာနေရာကို စစ်ကောင်စီက လေကြောင်းနဲ့ ၁ ကြိမ်တိုက်ခိုက်ခဲ့တာကြောင့် သုံ့ပန်း ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးတစ်လတာမှာ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးအပါအဝင် နယ်မြေတချို့ကို ထိန်းချုပ်ထားပြီး စစ်ဆင်ရေးရည်မှန်းချက်အတိုင်း တဆင့်ပြီးတဆင့်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

#MeKongNews

#မန္တလေး

#PDF

#စစ်ဆင်ရေး

#တောင်သမန်

#ထိန်းချုပ်

#သုံ့ပန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သရက်ကုန်းရွာ တိုက်ပွဲ စစ်ကောင်စီ ၅၉ ဦး သေပြီး ၄၀ ခန့် ဒဏ်ရာရ

မန္တလေး PDF (MDY-PDF) တို့က သိမ်းပိုက်နိုင်ခဲ့ပြီး တစ်ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၉ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ စစ်မှုထမ်း ဆင့်ခေါ်စာကြောင့် ပြည်သူတွေ စိုးရိမ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သာလေးကျေးရွာမှာ စစ်မှုထမ်း ဆင့်ခေါ်စာကြောင့် စစ်မှုထမ်း အကြုံးဝင်သူတွေရဲ့ မိသားစုဝင်တွေဟာ စိုးရိမ်ပူပန်နေရတယ်လို့ စုံစမ်း သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KA အပတ်စဥ် (၇၅) စစ်သင်တန်းဆင်း

ကရင်နီတပ်မတော် (KA) ရဲ့ အပတ်စဥ် (၇၅) စစ်သင်တန်းဆင်းပွဲကို ကရင်နီပြည်တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ KnIC က ဒီနေ့ ဧပြီ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်မရှိတော့တဲ့ လိုင်ဇာမုခ်ဝအသစ် KIA ပြန်ဖွင့်

KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ ပြီးနောက် ဖြိုဖျက်လိုက်ပြီး အသစ်ပြန်လည် ပြုလုပ်ပြီးစီးထားပြီ ဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

AA ဒုစစ်ဦးစီးချုပ် SSPP/SSA အရာရှိကျောင်းသို့ သွားရောက်တွေ့ဆုံ

AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဟာ SSPP/SSA က ဖွင့်လှစ်ထားတဲ့ အရာရှိသင်တန်းကျောင်းကို သွားရောက်ကာ ကျောင်းအလုပ်အမှုဆောင်တွေ၊ သင်တန်းတက်ရောက် နေသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ SSPP/SSA က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသတွင်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူတွေကို အရေးယူမယ်လို့ DPLF သတိပေး

ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု DPLF ပြော

ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီက ဒဏ်ငွေ ၃ သိန်း ဆောင်ခိုင်း

ရှမ်းရှေ့ တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိုက်ဆံ ၃ သိန်းတောင်းလို့ ပေးခဲ့ရကြောင်း အမျိုးသမီးတစ်ဦးကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now