စစ်ရေးသတင်း

တရုတ်နယ်စပ်ဖြတ်ကျော်ပြီး KIA ဌာနချုပ်လိုင်ဇာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ

မဲခေါင် 22 May - 2024
ကချင်ပြည်နယ်၊ ဝိုင်းမော် ရွှေညောင်ပင် ခမရ - ၃၂၁ ကို မနေ့ မေ ၂၁ ရက်နေ့ ညပိုင်း KIAနဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခံရတဲ့နောက် စစ်ကောင်စီအထိနာလို့ တရုပ်နယ်စပ်ဖြတ်ကျော် အသုံးပြုပြီး လိုင်ဇာမြို့ကို ဗုံးကျဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မဲခေါင်၊ မေ ၂၂

ကချင်ပြည်နယ်၊ ဝိုင်းမော် ရွှေညောင်ပင် ခမရ – ၃၂၁ ကို မနေ့ မေ ၂၁ ရက်နေ့ ညပိုင်း KIAနဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခံရတဲ့နောက် စစ်ကောင်စီအထိနာလို့ တရုပ်နယ်စပ်ဖြတ်ကျော် အသုံးပြုပြီး လိုင်ဇာမြို့ကို ဗုံးကျဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ လေယာဉ် သံကြားတော့ အိပ်ခန်းထဲက ထွက်ပြီး ပုန်းနေတာ။ မြို့ထဲတော့ မဟုတ်ဘူး။ တရုတ်နိုင်ငံဘက်ကိုက ဖြတ်ကျော်ပီးမှကို လာကြဲတာ၊ တရုတ်ဘက်ကတော့ ညဆိုတော့ သူတို့နယ်နိမိတ်မှာ အလံထောင်ထားတာ မမြင်မှာစိုးလို့ ထင်တယ်။ လက်နက်ကြီးနဲ့ ပစ်ခတ် အချက်ပြ ပေးတယ်” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

လိုင်ဇာ ဧရိယာအတွင်းတိုက်ပွဲ ဖြစ်ပွားတာမရှိပဲ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးလာကြဲသွားတာဖြစ်ပြီး ဝိုင်းမော်ဘက် တိုက်ပွဲတွေအတွင်း စစ်‌ကောင်စီက အထိနာလာတာကြောင့် လေယာဉ်ဗုံးလာကျဲတာ ဖြစ်နိုင်ကြောင်း သိရပါတယ်။

လေယာဉ် ဗုံးထိမှန်တဲ့ နေရာတွေမှာ ထိခိုက်တာရှိနိုင်ပေမယ့် လက်ရှိအထိ အခြေအနေ မသိရသေးဘူး လို့ ပြောပါတယ်။

“ လိုင်ဇာဘက် လေယာဉ်နဲ့ ဗုံးလာကြဲတာ ၃ ခါလောက်ရှိတယ် ညဘက် သန်ခေါင်လောက်မှာ ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်လာကျဲတာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဝိုင်းမော် ရွှေညောင်ပင် ခမရ – ၃၂၁ စခန်းကိုလည်း စစ်ကောင်စီဘက်က အတွဲလိုက် ဒုံးတွေနဲ့ရော လေယာဉ်နဲ့ပါ ဗုံးကြဲနေတာလို့ မြစ်ကြီးနား ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့ စစ်စခန်းပေါင်း ၁၂ ခုကျော်ကို KIAနဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားတာဖြစ်ပြီး မြစ်ကြီးနားမြို့ကိုလဲ စစ်ကောင်စီက မာရှယ်‌လော ထုတ်ထားပြီး မြို့ကိုပိတ်မယ်သတင်းတွေ ထွက်ပေါ်နေပါတယ်။

CJ-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်ခမ်းက အများပြည်သူစျေးကို ဒေသခံတွေ မညှိနှိုင်းဘဲ TNLA က စတင်ဖျက်နေ

ရှမ်းမြောက်၊ နမ့်ခမ်းမြို့က အများပြည်သူရောင်းချနေတဲ့ အောင်မေတ္တာ အမှတ် ၂ စျေးကို ဒေသခံတွေအား မညှိနှိုင်းဘဲ TNLA က မနေ့ဇွန်
ဒေသတွင်းသတင်း

မူဆယ်က ဆေးစွဲသူတွေကို စစ်ကောင်စီက ဖမ်းပြီး နမ့်ခမ်းဘက်သွားလမ်းမှာ သွားလွှတ်လို့ ဒေသခံတွေ စိုးရိမ်နေ

ရှမ်းမြောက်၊ မူဆယ်မြို့က ဆေးစွဲနေသူတွေကို စစ်ကောင်စီက ဖမ်းပြီး နမ့်ခမ်းဘက်ကို ဇွန် ၁၇ ရက်က သွားလွှတ်လို့ ဒေသခံတွေ စိုးရိမ်နေကြတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တောင်ကြီး မြို့မဈေးမှာ ဈေးနေ့တိုင်း ခါးပိုက်နှိုက်တွေ သောင်းကျန်းနေလို့ ဈေးသည်နဲ့ဈေးဝယ်တွေ အခက်တွေ့

တောင်ကြီးမြို့၊ မြို့မဈေးမှာ ဈေးနေ့တိုင်းလိုလို ခါးပိုက်နှိုက်တွေက လူကြပ်တာကို အခွင့်ကောင်းယူပြီး ဈေးဝယ်တွေရဲ့ ဖုန်းနဲ့ပိုက်ဆံအိတ်တွေ နှိုက်ယူတာ၊ ဈေးဆိုင်တွေမှာ ဈေးမေးဟန်ပြုကာ လူအလစ်မှာ ပစ္စည်းယူပြေးတာတွေ ကျူးလွန်နေကြလို့ ဈေးသည်နဲ့ ဈေးဝယ်တွေအတွက် အခက်တွေ့နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကယန်းဒေသ စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာဖူလုံရေးအတွက် ကယန်းမျိုးဆက်သစ်လူငယ်(KNGY)က စိုက်ပျိုးရေး သင်တန်းပေးခဲ့

ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသရှိ ကျေးရွာ ၅ ခုက စစ်ဘေးရှောင် အယောက် ၂၀၀ ကို ဇွန်လ ဒုတိယပတ်အတွင်း စိုက်ပျိုးရေး သင်တန်းပေးနိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးအပြီး စစ်ကောင်စီ-တရုတ်နယ်စပ်ကုန်သွယ်ရေး ၁၂ ရာခိုင်နှုန်းအထိ ကျဆင်း

တရုတ်နဲ့ နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံ နယ်စပ်ကုန်သွယ်ရေးရှိခဲ့တဲ့ စစ်ကောင်စီဟာ ၁၀၂၇ ရှမ်းမြောက်တခွင်က ဒေသတွင်းတိုက်ပွဲအပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ အားလုံးနီးနီး ပိတ်ထားလိုက်ရတာကြောင့် စစ်ကောင်စီရဲ့ နယ်စပ်ကုန်သွယ်မှုတန်ဖိုး ဆက်တိုက်ကျဆင်းနေတာပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်မှာ အိမ်ငှားခ ဈေးတက်လို့ စစ်ဘေးရှောင်တွေ အခက်အခဲ ဖြစ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မြို့နယ်တချို့မှာ အိမ်ငှားခတွေ ဈေးတက်လာတာကြောင့် စစ်ဘေးရှောင်တွေ အခက်အခဲ ဖြစ်နေတယ်လို့ ‌ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရပ်စောက်နယ်ထဲမှာ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့

ရှမ်းတောင် ရပ်စောက်၊ ကျောက်ဂူနယ်၊ တောင်ထစ်(လက်ဘက်ခြံ)တောင်သူကုန်းနေရာမှာ ဇွန် ၁၆ ရက် မနက် ၈နာရီခွဲက အင်အား ၈၀ ခန့်ရှိတဲ့ RCSS တပ်ဖွဲ့နဲ့ SSPP နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထောင်ရွှေ့ပြောင်းခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ဒိုက်ဦးထောင်အတွင်း အကြမ်းဖက်ခံနေရ

မွန်ပြည်နယ်၊ ကျိုက်မရောအကျဥ်းထောင်ကနေ ဇွန်လ ၁၅ ရက်နေ့က ပဲခူးတိုင်း၊ ဒိုက်ဦးထောင်ကို ပြောင်းရွှေ့လာတဲ့ အကျဉ်းသူ အယောက် ၄၀ ဟာ အကျဉ်းထောင်အတွင်း အကြမ်းဖက်ခံနေရတယ်လို့ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now