စစ်ရေးသတင်း

ဆီဆိုင်မြို့မှာ ပိတ်မိနေဆဲ ဒဏ်ရာရသူအပါ ၂၀ ဦးခန့်ကို ကယ်ထုတ်ရန် ကားအခက်အခဲရှိနေ

မဲခေါင် 22 Feb - 2024
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့အတွင်း ပိတ်မိနေဆဲဖြစ်တဲ့ ခေါင်းဒဏ်ရာရသူအပါအဝင် ပြည်သူ ၂၀ ဦးခန့်ကို ကယ်ထုတ်ရန်အတွက် ကားအခက်အခဲရှိနေတယ်လို့ ဆီဆိုင်စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ အဖွဲ့ဝင်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့အတွင်း ပိတ်မိနေဆဲဖြစ်တဲ့ ခေါင်းဒဏ်ရာရသူအပါအဝင် ပြည်သူ ၂၀ ဦးခန့်ကို ကယ်ထုတ်ရန်အတွက် ကားအခက်အခဲရှိနေတယ်လို့ ဆီဆိုင်စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ အဖွဲ့ဝင်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

သူတို့ဟာ ဆီဆိုင်မြို့မှာ တိုက်ပွဲတွေစဖြစ်ခဲ့တဲ့ အချိန်က ယာဉ်ကားမရှိသူတွေ၊ ငွေကြေးမတတ်နိုင်သူတွေ၊ တိုက်ပွဲတွေကို ခဏလို့ပဲ ယူဆသူတွေဟာ ဆီဆိုင်မြို့က အဝေးကို ထွက်မပြေးပဲ အနီးအနား တောတောင်တွေမှာ ပုန်းခိုရင်း ကျန်ရှိနေခဲ့ကြတာလို့ သိရပါတယ်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်က နောက်ကျောမှာပြင်းထန်ဒဏ်ရာရနေတဲ့ အမျိုးသမီး ၁ ဦးနဲ့ ၁၃နှစ်အရွယ်မိန်းကလေးငယ်တ ၁ ဦး မိသားစုဝင် ၁ ဦး ကို ကားဝင်ခက်လို့ ဆိုင်ကယ်နဲ့ သယ်ထုတ်လာရပြီးနောက် ကားနဲ့တင်ဆောင်ကာ စဝ်စံထွန်းဆေးရုံကို ကယ်ထုတ်တင်ပို့ပြီးတဲ့နောက်မှာ ကျန်ရှိနေသေးတဲ့ ဒဏ်ရာရသူတွေအပါအဝင် ၂၀ ဦးခန့် ကျန်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

ကျန်ရှိနေသူတွေထဲမှာ ခေါင်းဒဏ်ရာရသူ ၁ ဦးနဲ့ ခြေလက်ဒဏ်ရာရသူ ၃ ဦး၊ လေဖြတ်နေသူ ၁ ဦးနဲ့ ကိုယ်ဝန်ဆောင် ၁ဦးအပြင် သက်ကြီးရွယ်အို၊ ကလေးငယ်တွေ စုစုပေါင်း ဆီဆိုင်မြို့ သီရိရပ်ကွက်က ပြည်သူ ၂၀ ဦးလို့သိရပါတယ်။

ကျနော်တို့ သွားခေါ်ပေးလို့ရတယ်၊ လိုတာက ကားနဲ့ဆီ စရိတ်ပဲ၊ သူတို့နေတဲ့နေရာနဲ့မြို့ထဲကို ကားနဲ့ဝင်ရင် အန္တရာယ်ရှိလို့ ဆိုင်ကယ်နဲ့ ဒဏ်ရာရသူ တစ်ယောက်စီကို တင်ပြီး သယ်ထုတ်လာရတာ၊ ခုလဲ ဆိုင်ကယ်တွေနဲ့ထုတ်ပြီး ကားနဲ့တဆင့်ပို့လို့ရတယ်၊ စိုးရိမ်တာက ခေါင်းမှာဒဏ်ရာရနေတဲ့သူနဲ့ လေဖြတ်လူနာတွေပဲ အရင်သယ်ထုတ်ရမှာ၊ ကြာလေ အသက်အန္တရာယ်ရှိလေပဲလို့ လူနာတွေကို ခေါ်ဆောင်ရာမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ လူငယ်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

အဓိက တော့ ဒဏ်ရာရသူနဲ့ လေဖြတ်ထားသူကို ဦးစားပေးသယ်ထုတ်ဖို့လိုအပ်နေတာလို့ ဆိုပါတယ်။

မြို့ထဲ ကားဝင်ဖို့ခက်လို့ ဆိုင်ကယ်တွေနဲ့သယ်ထုတ်ပြီး လွတ်တဲ့နေရာတစ်ခုမှာ စုရပ်လုပ်ပြီးကားနဲ့တဆင့် ခေါ်ထုတ်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

ဆီဆိုင်မြို့ကို ရက်ပိုင်းအတွင်း စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်မယ့် သတင်းတွေကြောင့် မြို့တွင်းပိတ်မိနေတဲ့သူတွေ အန္တရာယ် ပိုမိုလာနေတဲ့ အခြေအနေဖြစ်လို့ အမြန်ကယ်ထုတ်ဖို့ လိုအပ်နေတာလို့ သူက ပြောပါတယ်။

အလားတူ တိုက်ပွဲတွေကြောင့် ဟိုပုံးက ဂူတစ်ခုထဲ ပိတ်မိနေသူ ၃၀ ဦးကလည်း သူတို့ကို ကူညီကယ်ဆယ်ပေးဖို့ အကူအညီတောင်းခံနေတယ်လို့ ဟိုပုံးမြို့ခံ တစ်ဦးက ပြောပါတယ်။

လတ်တလောမှာ ဟိုပုံး ထမ်ဆမ့်၈ူအနီးနဲ့ မဲနယ်တောင်ကြော၊ မိုင်းပွန် နမ်းဗေးခံးရွာတွေဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေလို့တောင်ကြီး-ကျိုင်းတုံကားလမ်းကို ခရီးသွားတွေ သွားလာခွင့် ပိတ်ထားနေတယ်လို့ သိရှိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီမြို့ပေါ် အမျိုးသမီးတပ်တွေအပါ KNLA၊ KNA၊ DKBA နဲ့ PDF ပူးပေါင်းတပ်တွေ ကင်းလှည့်

မြ၀တီမြို့ပေါ် KNLA၊ KNA၊ DKBA နဲ့ PDF တပ်တွေ ကင်းလှည့်နေပြီး ဘတ်တံဆိပ်ပေါင်းစုံနဲ့ ကင်းလှည့်နေတဲ့ အဖွဲ့တွေထဲမှာ မိန်းကလေး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နေပြည်တော် အေလာလေတပ်စခန်း ရှော့တိုက်ဒုံး ၇ လုံးနဲ့ တိုက်ခိုက်ခံရပြန်

နေပြည်တော် အေလာလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ ဒီနေ့ မနက်အစောပိုင်းက အောင်မြင်စွာတိုက်ခိုက်ခဲ့တယ်လို့ Mountain Knights-

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားကန့် နန့်ယားစစ်ကောင်စီစခန်း အလံဖြူထောင်

စစ်ကောင်စီတပ်နဲ့ ရှမ်းနီ ပြည်သူ့စစ် ပူးပေါင်း အဖွဲ့ အားလုံ အလံဖြူထောင် လက်နက်ချပြီး ထွက်ပြေးသွားကြောင်း KIA ရှေ့တန်း အသိုင်းအဝိုင်းဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

အင်းလေးရေပေါ်သင်္ကြန် ပြည်သူ့စစ်က လုံခြုံရေး ယူပေးမယ်

အင်းလေးရေလည်ခန်းမမှာ ကျင်းပမယ့် အင်းလေးရေပေါ်သင်္ကြန်ကို ပအိုဝ်းပြည်သူ့စစ် (PNA)က လုံခြုံရေး ယူပေးမယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ ဝန်ကြီးချုပ်လာမှာမို့ ဟိုပုံးမြို့မဈေးကြီးကို ပိတ်ခိုင်း

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့က သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ လူမစည်မှာစိုးလို့ ဟိုပုံးမြို့မစျေးကြီးကို ဖွင့်ပွဲ နေ့မှာ ပိတ်ခိုင်းထားတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြဝတီက စစ်ကောင်စီနောက်ဆုံးစခန်း ခလရ-၂၇၅ ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်၊ လက်နက်အများအပြား သိမ်းမိတယ်လို့ KNU ထုတ်ပြန်

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ နောက်ဆုံးကျန်တဲ့ ခလရ-၂၇၅ စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ ပူးပေါင်းအဖွဲ့တွေက ဒီနေ့မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ KNU က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

မိုင်းတုံမှာ လေပြင်းတိုက်လို့ စေတီတစ်ဆူထီးတော်ပြုတ်ကျ၊ ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်နေ

ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့မှာ မနေ့ ညပိုင်းက မိုးရွာလေပြင်းတိုက်လို့ စေတီထီးတော်ပြုတ်ကျပြီး အိမ်အချို့ သွပ်မိုးများလန်ကာ၊ ဆက်သွယ်ရေး တိုင်တွေပြိုလဲလို့ လိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းနောင်နဲ့ ကျေးသီးမြို့နယ်မှာ စစ်မှုမထမ်းရသူတွေကို တစ်အိမ်ကျပ်သုံးသောင်း SSPP လစဥ်ကောက်ခံ

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က စစ်မှုမထမ်းရသူတွေကို တစ်အိမ်ကျပ် ၃ သောင်း လစဥ်ပေးဆောင်ရမယ်လို့ ကောက်ခံနေကြောင်း မိုင်းနောင်ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now