စစ်ရေးသတင်း

ဆီဆိုင်မြို့မှာ တိုက်ပွဲပြင်းထန်၊ PNLA က မြို့ကို ဆက်လက်ထိန်းချုပ်ထား

မဲခေါင် 30 Jan - 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO) က မြို့ကို ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO) က မြို့ကို ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

စစ်ကောင်စီလေယာဉ်တွေက အရပ်သားပစ်မှတ်နဲ့ ဘာသာရေးအဆောက်အဦ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေကို ဦးတည်တိုက်ခိုက်နေတာဖြစ်လို့ ဒေသခံတွေက ပြောပါတယ်။

လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် ဟိုခဲဘုန်းကြီးကျောင်း၊ ကောင်းမှုဗွာ ဘုန်းကြီးကျောင်း၊ အရိယာမဂ္ဂင်ဓမ္မာရုံ၊ မြကန်သာရပ်ကွက် ခရစ်ယန်ဘုရားကျောင်းနဲ့ နန်းတာင်းမူလတန်းကျောင်းတွေ ထိခိုက်ပြိုကျပျက်စီးခဲ့ရသလို လက်နက်ကြီးပစ်ခတ်မှုကြောင့် အိမ်ခြေ ၁၀ အိမ်ကျော် မီးသင့်လောင်ကျွမ်းခဲ့ကာ သေဆုံးသူ ၃ ဦး ရှိပြီလို့ သိရှိရပါတယ်။

မြို့နဲ့အနီးနားမှာရှိတဲ့ တပ်ရင်းတွေမှာ စစ်ကောင်စီ၊ ပြည်သူ့စစ်နဲ့ PNLA အဖွဲ့တွေဟာ တိုက်ပွဲဖြစ်နေပြီး လေကြောင်းကနေ ဗုံးကြဲတာကြောင့် မြို့တွင်းနေရာတွေမှာ မီးလောင်ကုန်တယ်လို့ ကျန်ရှိမြို့ခံတချို့က ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ မြို့နဲ့အနီးက တောတောင်တွေထဲ စစ်ဘေးရှောင်နေရပြီး စားသောက်ရေးအတွက် ခက်ခဲနေတယ်လို့ သိရပါတယ်။

တိုက်ပွဲအခြေအနေ ပြင်းထန်နေဆဲဖြစ်လို့ ဒေသခံတွေအနေနဲ့ နေအိမ်ပြန်ကြည့်တာတွေ မလုပ်ဘဲ ယာယီခိုလှုံနေကြဖို့ PNLA က သတိပေးထားပါတယ်။

MK-012

#MeKongNews

#ဆီဆိုင်

#စစ်ကောင်စီ

#PNLA

#ပအိုဝ်း

#ဗုံးကြဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

ကချင်အများစုနေတဲ့ ရှမ်းမြောက် ဖိုင်ကောင်းရွာရှိ စာသင်ကျောင်းက ကချင် အမျိုးသားအလံ MNDAA တပ်ဖွဲ့က ဖြုတ်ချ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပန်ဆိုင်း (ကြူကုတ်) ဖိုင်ကောင်းရွာရှိ စာသင်ကျောင်းဝင်းက ကချင် အမျိုးသားအလံကို ယမန်နေ့ မေလ ၂၆ ရက်နေ့
မြန်မာ့နွေဦး

ပင်‌လောင်းမှာ ကျောင်းသားတွေကိုလည်း စစ်မှုထမ်းခေါ်ယူ

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လိန်းညာကျေးရွာအုပ်စုမှာ ကျောင်းသားတွေကို စစ်မှုထမ်းခေါ်ယူနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

တောင်ကြီးစဝ်စံထွန်းဆေးရုံမှာ အလောင်းထုတ်ခ ကောက်ခံတဲ့ကိစ္စ နေပြည်တော်ထိ အတိုင်ခံရပြီးနောက် ရင်ခွဲရုံဝန်ထမ်းကို စစ်ကောင်စီထံ ဝန်ခံထိုးဖို့ ဆေးရုံအုပ်က ဖိအားပေး

တောင်ကြီးစဝ်စံထွန်းဆေးရုံမှာ အလောင်းထုတ်ခ အဆမတန် ကောက်ခံတဲ့ကိစ္စ ပြီးခဲ့တဲ့ အပတ်က မဲခေါင်သတင်းမှာ ဖော်ပြပြီးတဲ့နောက် နေပြည်တော် ကျန်းမာရေးဌာနကို တိုင်ခံခဲ့ရတဲ့အတွက် စစ်ကောင်စီက လာစစ်ရင် ရင်ခွဲရုံဝန်ထမ်းကို ဝန်ခံလိုက်ဖို့ ငွေကောက်ခံခိုင်းတဲ့ ဆေးရုံအုပ်နဲ့ မှုခင်းဆရာဝန်က ဖိအားပေးထားတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဒေါနတောင်ပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်

မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးလာတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ မနေ့ညက မေလ ၂၆ ရက်နေ့မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်ဘက်က ထိုးလာတဲ့ စစ်ကြောင်း ကရင်နီဘက်ကိုတိုးဝင်နေ

ရှမ်းတောင်၊ ပအိုဝ်းဒေသ ဆီဆိုင်မြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ လွိုင်လင်လေးကို မနေ့ညနေပိုင်းက ရောက်လာခဲ့ပြီလို့ JOBS For Kayah က မနေ့ မေလ ၂၆ ရက်က သတိပေးချက် ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကျောက်မဲက ONE LOVE ဟိုတယ် ဗုံးပစ်ခံရလို့ ဝန်ထမ်း ၁ ဦး ဒဏ်ရာရရှိ

ရှမ်းမြောက်၊ ကျောက်မဲမြို့၊ ရပ်ကွက်-၁ မှာ ရှိတဲ့ ONE LOVE ဟိုတယ်ကို မနေ့ကည ပိုင်းမှာ လက်လုပ်ဗုံးနဲ့ပစ်ထည့်လို့ ဟိုတယ်ဝန်ထမ်း ၁ ဦး ဒဏ်ရာရ သွားတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ညောင်ရွှေ(NS) ပညာရေးဖောင်ဒေးရှင်းက တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်နယ်မြေမှာ ကျောင်းအပ်စတင်လက်ခံ

ညောင်ရွှေမြို့နယ်၊ NS ပညာရေးဖောင်ဒေးရှင်းက ဆရာ၊ ဆရာမနဲ့ လုပ်အားပေး Volunteer တွေက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ကလေးငယ်တွေကို မေလ ၂၅ ရက်က စပြီး ကျောင်းအပ်လက်ခံနေပြီလို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကလောမှာ ၁၂ ဘီးကားနဲ့တိုက်လို့ အာလူးကြော်ပို့ဆိုင်ကယ်သမား သေဆုံး

ရှမ်းတောင်၊ ကလောမြို့နယ်၊ ရေယားကျေးရွာမှာ မနေ့ ည က ၁၂ ဘီးယာဉ်နဲ့ အာလူးကြော်ပို့ ဆိုင်ကယ်ကို တိုက်မိလို့ အာလူးကြော်သည် သေဆုံးသွားတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now