စစ်ရေးသတင်း

ဆီဆိုင်နဲ့ပင်လောင်းမှာ တိုက်ပွဲပြင်းထန်နေပြီး ထပ်ဆင့်စစ်ရှောင်တွေ စားဝတ်နေရေး ခက်ခဲလာ

မဲခေါင် 26 Jun - 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်နဲ့ပင်လောင်းမြို့နယ်တွေမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ထပ်ဆင့်စစ်ဘေးရှောင်ရသူတွေအတွက် စားဝတ်နေရေးနဲ့ ငွေရေးကြေးရေး အခက်အခဲတွေ့ကြုံနေရတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

မဲခေါင်၊ ဇွန် ၂၆

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်နဲ့ပင်လောင်းမြို့နယ်တွေမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ထပ်ဆင့်စစ်ဘေးရှောင်ရသူတွေအတွက် စားဝတ်နေရေးနဲ့ ငွေရေးကြေးရေး အခက်အခဲတွေ့ကြုံနေရတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဇွန်လ ၂၄ ရက်နေ့ကတည်းက စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေဟာ ဆီဆိုင်မြို့နယ်အရှေ့ဘက် ထီဆုံကျေးရွာကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ရွာခံအများစုဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

“ဆီဆိုင်အခြေအနေကတော့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ဆီဆိုင်အနောက်ခြမ်း၊ တောင်ဘက်ခြမ်း၊ အရှေ့ဘက်ခြမ်း၊ အရှေ့မြောက်ခြမ်းနေရာတွေမှာ ဖြစ်ပွားနေပါတယ်။ အသေးစိတ်ကိုတော့ ထုတ်ပြန်သွားဖို့ရှိပါတယ်” လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်‌ရေးတပ်မတော် (PNLA)ရဲ့ စစ်ဘက်ဆိုင်ရာ ပြော‌ရေးဆိုခွင့်ရှိသူ ခွန်ရိမ်းယံက ပြောပါတယ်။

အလားတူ ပင်လောင်းမြို့နယ် တောင်ဘက်ပိုင်းမှာလည်း တိုက်ပွဲပြင်းထန်နေပြီး ရွာခံအများစုက ညောင်ရွှေမြို့နယ်၊ စံကားမြို့ဘက်ကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပင်လောင်းနဲ့ ဆီဆိုင်မြို့နယ်က စစ်ဘေးရှောင်တွေဟာ ဒုတိယအကြိမ်မြောက် တိမ်းရှောင်ကြတာဖြစ်ပြီး အများစုက လက်လုပ်လက်စား အောက်ခြေလူတန်းစားတွေဖြစ်တာကြောင့် ငွေရေးကြေးရေး အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

“တစ်ချို့ကတော့ မရှောင်ကြတော့ဘူးပေါ့။ အကြိမ်ကြိမ်ရှောင်ရပြီဆိုတော့ ပိုက်ဆံလည်းမရှိတော့ဘူးလေ။ မြို့ပေါ်တက်လို့လည်း မရသေးဘူး။ ဆောင်းပြောင်းဂိတ်မှာ ပိတ်ထားတယ်။ နန်းဖာမူဘက်မှာ တိုက်ပွဲဖြစ်နေတော့ ဂျာမနီလမ်းဘက်လည်း ထွက်လို့မရ။ ဒါ‌ကြောင့် ဖယ်ခုံနဲ့ စံကားဘက်ကို သွားကြတာ” လို့ ပင်လောင်းစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

ဇွန်လအတွင်း ဖယ်ခုံနဲ့ ပင်လောင်းမြို့တွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှု၊ မြေမြုပ်မှိုင်းတွေကြောင့် ၆ ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာရရှိခဲ့ပြီး အဲ့ဒီသေဆုံးသူတွေထဲမှာ အသက် ၁ နှစ်အရွယ် ကလေး ၁ ဦးနဲ့ သံဃာတော် တစ်ပါးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူ တစ်ဦးနဲ့ ပျောက်ဆုံးနေသူ တစ်ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ကျောင်းသား ၂ ဦးလည်း ပါဝင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

MK-015

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

ကျောက်မဲမှာ မူးယစ်ဆေးသမားနဲ့ စစ်ကောင်စီသတင်းပေးတွေကို မြို့ပိတ်ပြီးဖမ်းလို့ ၁၈၀ ဦး ဖမ်းမိ

ရှမ်းမြောက်၊ ကျောက်မဲမြို့မှာ မူးယစ်ဆေးသမားတွေနဲ့ စစ်ကောင်စီသတင်းပေးတွေကို မြို့ပိတ်ပြီးဖမ်းလို့ ၁၈၀ ဦး ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

မြို့ရဲ့တစ်ခုတည်းသော အများပြည်သူပိုင်ပန်းခြံကို တာချီလိတ်စည်ပင်အမှုဆောင်အရာရှိအသစ် ဦးကျော်မင်းထိုက် ဆိုင်ခန်းဆောက်ပြီးငွေရှာ

တာချီလိတ်မြို့ရဲ့ တစ်ခုတည်းသော အများပြည်သူအပန်းဖြေနေရာဖြစ်တဲ့ ရွှေဝါနဒီပန်းခြံကို ပိတ်ပြီး တာချီလိတ်စည်ပင်က ဆိုင်ခန်းဆောက်လုပ်နေတာကြောင့် အများပြည်သူနားနေဖို့ နေရာပျောက်သွားပြီး ရေကြီးမှုဖြစ်လာမှာကိုလည်း စိုးရိမ်နေရတယ်လို့ ဒေသခံတွေထံက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

တိုက်ပွဲထဲပါဖို့မဟုတ်ဘဲ ရှမ်းမြောက်ပဋိပက္ခတွေကို ကြိုတင်ကာကွယ်ဖို့သာ တန့်ယန်းကို ဝင်တာလို့ UWSA ဆို

ရှမ်းပြည်မြောက်ပို၊ တန့်ယန်းမြို့ကို ဒီနေ့ UWSA တပ်ဖွဲ့တွေ အင်အားထောင်ကျော် ကားတွေနဲ့ဝင်ရောက်လာတာဟာ လက်ရှိဖြစ်ပွားနေတဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ မှာ ပါဝင်ဖို့မဟုတ်ဘဲ ကျယ်ပြန့်လာတဲ့ ပဋိပက္ခတွေ တန့်ယန်းကို မဝင်လာအောင် ကြိုတင်ကာကွယ်တာလို့ UWSA

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးပြည်သူ့ဆေးရုံမှာ ဆရာဝန်တွေ စစ်ရှောင်ကုန်ပြီး ဒဏ်ရာရပြည်သူတွေ အခက်အခဲဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးပြည်နယ်ဆေးရုံကြီးမှာ သူနာပြုအချို့မှအပ ဆရာဝန်၊ ဆရာမတွေ စစ်ဘေးရှောင်ကုန်ကြလို့ ကျန်နေတဲ့ ဒဏ်ရာရ ပြည်သူတွေ အသက်ဘေးကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ လောင်စာဆီပြတ်လပ်လာ

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှာ ဇူလိုင်လ ၁၀ ရက်နေ့ကစပြီး ဓာတ်ဆီတွေ ပြတ်လပ်လာနေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းမြောက်ကနေ တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေကို ရောက်ရှိရာမြို့တွေမှာ စစ်ကောင်စီက ဖောင်ဖြည့်ခိုင်းနေ

ရှမ်းပြည်မြောက်ပိုင်းကနေ ရှမ်းပြည်တောင်ပိုင်းဒေသတွေဆီ တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေကို ရောက်ရှိရာမြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ထွေအုပ်)က ဖောင်ဖြည့်ခိုင်းနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးတိုက်ပွဲအတွင်း အရပ်သားပြည်သူ ၂၅ ဦးခန့် သေဆုံးပြီး ၃၀ ဦးကျော် ဒဏ်ရာရရှိနေ

ရှမ်းမြောက်၊ လားရှိုးမြို့ကို MNDAA က တိုက်နေတဲ့ တိုက်ပွဲတွေအတွင်း အရပ်သား ပြည်သူ ၂၅ ဦးခန့်သေဆုံးပြီး ၃၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပြီလို့ ဒေသသတင်းတွေနဲ့ ပရဟိတအဖွဲ့တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နောင်ချိုက နောက်ဆုံး စစ်ကောင်စီတပ် အမှတ် ၆၀၆ ကို တော်လှန်ရေးတပ်တွေ ရပြီ

ရှမ်းမြောက်၊ နောင်ချိုမြို့နယ်တိုက်ပွဲမှာ ခုခံနေတဲ့ နောက်ဆုံးတပ် ၆၀၆ တပ်ကို ယမန်နေ့ ညသန်းခေါင်အချိန်မှာ တော်လှန်ရေးတပ်တွေက လက်ရ သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now