ကမ္ဘာ့သတင်း

ဆိုလီဒါမြို့က ယူကရိန်းစစ်သည်အလောင်းတွေပြန်ပို့ဖို့  ဝက်ဂနာစစ်အုပ်စုအမိန့်ပေး 

မဲခေါင် 22 Jan - 2023
ရုရှားသမ္မတပူတင်ရဲ့  လက်ကိုင်တုတ်တပ်လည်းဖြစ် ကမ္ဘာတစ်ဝန်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပုဂ္ဂလိက စစ်တပ် လည်းဖြစ်တဲ့ ဝက်ဂနာအုပ်စု ဟာ ဆိုလီဒါမြို့ရှေ့တန်းစစ်မျက်နှာပြင်မှာ ကျဆုံးခဲ့တဲ့ ယူကရိန်းစစ်သည်အလောင်း တွေကို ယူကရိန်းဆီပြန်ပို့ပေးဖို့ အမိန့်ပေးခဲ့ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ  ၂၂

ရုရှားသမ္မတပူတင်ရဲ့  လက်ကိုင်တုတ်တပ်လည်းဖြစ် ကမ္ဘာတစ်ဝန်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပုဂ္ဂလိက စစ်တပ် လည်းဖြစ်တဲ့ ဝက်ဂနာအုပ်စု ဟာ ဆိုလီဒါမြို့ရှေ့တန်းစစ်မျက်နှာပြင်မှာ ကျဆုံးခဲ့တဲ့ ယူကရိန်းစစ်သည်အလောင်း တွေကို ယူကရိန်းဆီပြန်ပို့ပေးဖို့ အမိန့်ပေးခဲ့ပါတယ်။

ဝက်ဂနာအုပ်စု ထူထောင်သူယက်ဗ်ဂနီပရီဂိုဇင်နဲ့ ဆက်နွယ်တဲ့ မီဒီယာဝက်ဘ်ဆိုက် RIA FAN မှာ ဝက်ဂနာ တပ်မှူးတစ်ဦးက သူတို့သိမ်းပိုက်ထားနိုင်တဲ့ ဆိုလီဒါမြို့တိုက်ပွဲမှာ ရရှိတဲ့ ယူကရိန်းစစ်သားအလောင်းတွေနဲ့ ဖမ်းဆီးရမိသူတွေကို ယူကရိန်းဆီ ပြန်ပို့ပေးဖို့ အမိန့်ပေးတဲ့ ဗီဒီယိုဖိုင်ကို ဖော်ပြခဲ့ပါတယ်။

ဆိုလီဒါမြို့ဟာ ယူကရိန်းအရှေ့ပိုင်း ဒိုးနက်စ်ဒေသမှာ ရှိပြီး ရုရှားက သူတို့ဩဇာခံနယ်မြေအဖြစ် သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ လမ်းကြောင်းပေါ်က မြို့တစ်မြို့ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၁ ရက်နေ့ကတည်းက ဆိုလီဒါမြို့ကို ရုရှား သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဝက်ဂနာအုပ်စုက ကြေညာပေမယ့် ယူကရိန်းဘက်ကတော့ မကျသေးကြောင်း တုံ့ပြန်ထား တယ်။

အဲ့ဒီ့ အခြေအနေမှာ စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ထားတယ်လို့ စွပ်စွဲခံနေရတဲ့ ဝက်ဂနာအုပ်စု တပ်မှူးက ယူကရိန်းစစ်သည်တွေရဲ့ ဂုဏ်သိက္ခာကိုငဲ့ပြီး စစ်ယာဉ်တန်း လေးတန်း သို့မဟုတ် ငါးတန်း (စုစုပေါင်း ယာဉ်အစီး ၂၀ နဲ့ ယူကရိန်းပိုင်နက်ထဲ ပြန်ပို့ပေးမယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ယူကရိန်း စစ်သည် အလောင်း အရေအတွက်ကို ထည့်သွင်းမပြောသွားပဲ ပရီဂိုဇင်ဟာ အရင်က ဝက်ဂနာအုပ်စုနဲ့ မပတ်သက်ကြောင်း လိမ်ညာငြင်းချက်ထုတ်ခဲ့ပေမယ့် စက်တင်ဘာလက သူဟာ ဝက်ဂနာအုပ်စုကို ထူထောင်သူဖြစ်ကြောင်း ဝန်ခံခဲ့ပြီး အမေရိကန်နဲ့အနောက်မဟာမိတ်တွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ခံနေရသူဖြစ်ပါတယ်။

MKF-001

Ref: jpost

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

တရုတ်က ထိုင်ဝမ်ရေလက်ကြားမှာ ၃ ရက်တာ စစ်ရေးလေ့ကျင့်မယ်

တရုတ်စစ်သင်္ဘောနဲ့ တိုက်လေယာဉ်တွေ ထိုင်ဝမ်ပိုင်နက်ထဲ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက်  တရုတ်က ဧပြီ ၈ ရက်နေ့ကစပြီး ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှု ၃ ရက်တာ
ကမ္ဘာ့သတင်း

ပြင်းအား ၆ ဒသမ ၅ ငလျင်လှုပ်ခတ်လို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ သေဆုံးဒဏ်ရာရမှုများ

မဲခေါင်၊ မတ် ၂၃ အာဖဂန်နစ္စတန်နိုင်ငံကို ဗဟိုပြုပြီး ပြီးခဲ့တဲ့ မတ် ၂၁ ရက်၊ အင်္ဂါနေ့၊ ဒေသစံတော်ချိန် ည
ကမ္ဘာ့သတင်း

BRICS အစည်းအဝေး မှာ ပူတင်ကို တောင်အာဖရိကအစိုးရ ဖမ်းပေးဖို့ ငြင်းဆန်ဖွယ်ရှိ

မဲခေါင်၊ မတ် ၂၁ စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတပူတင် တောင်အာဖရိကနိုင်ငံမှာ BRICS အစည်းအဝေး လာတက်ပါက တောင်အာဖရိက အစိုးရအနေနဲ့ ဖမ်းပေးဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။
ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ မြောက်ကိုရီးယား ဟာ ဂျပန်ပင်လယ်ထဲကို တာတိုပစ် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး ဒရုန်း MQ-9 Reaper ကို ပျက်ကျသွားအောင် စွမ်းဆောင်ခဲ့တဲ့ ရုရှား Su-27
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။