စစ်ရေးသတင်း

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

မဲခေါင် 18 May - 2024
စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

မဲခေါင်၊ မေ ၁၈

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ လွိုင်ကော်မြို့တွင်း ဆေးရုံ၊ ဌာနဆိုင်ရာတွေနဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်ပတ်ဖို့ တပ်ပြင်ထွက် စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတာကြောင့် ထိတွေ့မှု ရှိနေပါတယ်။

လွိုင်ကော်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခလရ-၂၆၁ မှ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းဟာ ဒီရက်ပိုင်းအတွင်း လွိုင်ကော်မြို့အနီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် တိုက်ပွဲတွေ ထပ်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“တစ်ချို့ စစ်ကြောင်းတွေက အပျောက်ဖြစ်နေတယ်။ ရှာဖို့ လဲ ခက်တဲ့ အနေအထားပါ။ ရန်သူက သူ့ဆီ ဝင်လာဖို့‌စောင့်နေတာလဲ ဖြစ်နိုင်လို့ ပါ” လို့ Loikaw PDF ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်း က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

လွိုင်ကော်မြို့ကို စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေက တစ်ဝက်စီထိန်းချုပ်ထားတဲ့ အနေအထားဖြစ်လို့ စစ်ကောင်စီတပ်လှုပ်ရှားမှုတွေကို အကုန်မသိနိုင်ဘူးဆိုပေမယ့် မြို့ပတ်လည်ကို ဂရုစိုက်ရမယ့် အနေအထားလို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီဟာ လွိုင်ကော်ဆေးရုံပြန်ဖွင့်လှစ်နိုင်ဖို့အပါအဝင် ဌာနဆိုင်ရာအများစု ပြန်လည်ပတ်ဖို့ လုပ်နေတယ်လို့ သိရပါတယ်။

“သူတို့(စစ်ကောင်စီ) ပြန်ထိန်းနိုင်တယ်ဆိုတဲ့ အသိ ပြည်သူတွေကို လုပ်ပြတာပေါ့။ ပြည်သူတွေကို မြို့ထဲ ပြန်လာနေဖို့ ပြန်ဆွယ်တဲ့ သဘောပေါ့” လို့ လွိုကော်စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

လက်ရှိမှာ ကျောင်းဖွင့်ရာသီအတွက် စစ်ကောင်စီဟာ လွိုင်ကော်မြို့တွင်း ကျောင်းဖွင့်ဖို့လုပ်နေပေမယ့် လာတက်မယ့်သူ မရှိလောက်ဘူးလို့ သူက ဆက်ပြောပါတယ်။

“မြို့ပျက်ကြီးထဲ ကျောင်းတက်ဖို့ မလွယ်လောက်ဘူး” လို့ သူက ပြောပါတယ်။

လွိုင်ကော်မှာ စစ်ကောင်စီတပ်တွေဟာ ပြန်လှုပ်ရှားလာတဲ့အတွက် ဒေသခံတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးချနိုင်တာကြောင့် သတိထားကြဖို့ KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်နိုင် က မဲခေါင်သတင်းဌာနကို ပြောကြားထားပါတယ်။

လွိုင်ကော်မှာ စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ ခလရ-၂၆၁၊ ခလရ-၂၅၀၊ ခလရ-၅၄၊ အမြောက်တပ်(အမတ)-၃၂၆ တို့အပြင် ထောက်ပို့တပ်တွေလည်း အခြေစိုက်ကြပါတယ်။

အဲ့ဒီတပ်အများစုဟာ တပ်ပြင်ပမထွက်သည်မှာ လအတန်ကြာပြီဖြစ်ပြီး ဒီရက်ပိုင်းတွင်းမှ ခလရ-၂၆၁ ဟာ တပ်ပြင်ပြန်ထွက်လာတာဖြစ်ပါတယ်။

အဲ့ဒီတပ်တွေထဲမှ ခလရ-၂၆၁ နဲ့ ခလရ-၅၄ တပ်တွေဟာ ကရင်နီတော်လှန်ရေးအဖွဲ့တွေနဲ့ ဖြစ်တဲ့တိုက်ပွဲတွေမှာ လက်နက်ကြီးပစ်ကူပေးခဲ့တဲ့ တပ်တွေဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲတွေကြောင့် တိုက်ပွဲပြင်းထန်ခဲ့တဲ့ လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က စစ်ကောင်စီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

အဲ့ဒီလိုပြောပြီးမကြာမီ KNDF ဒုစစ်ဦးစီးချုပ်မာဝီက ဗြောင်လိမ်နေတာဟုဆိုကာ လွိုင်ကော်မြို့ ထေးငှားလျားကန်မှာရှိတဲ့အကြောင်း သူ့လူမှုကွန်ရက်ကနေ အသိပေးခဲ့ပါသေးတယ်။

MK-001

ပုံစာ- ၁၁၁၁ စစ်ဆင်ရေးအတွင်း လွိုင်ကော်မြို့နဲ့ KNDF ရဲဘော်များ
Photo- KNDF B-02

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အောင်ပန်းပြောက်ကျားတပ်ဖွဲ့က သင်တန်းဆင်းပွဲ ပြုလုပ်

ရှမ်းပြည်တောင်ပိုင်း၊ ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU)ရဲ့ တပ်ခွဲ ၂ ဖြစ်တဲ့ အောင်ပန်းမြို့ပြ ပျောက်ကျားတပ်ဖွဲ့ (UTF) ဟာ အခြေခံစစ်ပညာသင်တန်း
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြို့ပြပြောက်ကျားတပ်တွေအတွက် ရည်ရွယ်ပြုလုပ်တဲ့ “မြို့ပြတွေမှာ မွှေမယ့်ကြွက်” ကမ်ပိန်းအစီအစဥ် အောင်မြင်ဖို့ တိုက်တွန်း

ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားက မြို့တွေမှာရှိတဲ့ မြို့ပြပြောက်ကျားတပ်တွေအတွက် ပြုလုပ်သွားမယ့် “မြို့ပြတွေမှာ မွှေမယ့်ကြွက်” ကမ်ပိန်းအစီအစဥ်မှာ ပါဝင်ပေးကြဖို့ ကမ်ပိန်းတာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ စစ်ကောင်စီဘက်က ထိပ်တန်း အကြီးအကဲတစ်ဦး လာဖို့စီစဥ်နေလို့ ပျံကျစျေးသည်တွေကို ရက်အနည်းငယ် ပိတ်ခိုင်းထား

တောင်ကြီးမြို့ ကို လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ ပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို စစ်ကောင်စီဘက်က အကြီးအကဲတစ်ဦး လာရောက်ဖို့ စီစဥ်နေတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပျားစစ်ကြောင်း (Bees Column )ရဲ့ စစ်အခြေခံသင်တန်းအပတ်စဉ်-၂ သင်တန်းဆင်းပွဲကို စစ်ကောင်စီစခန်းအနီးမှာ ပြုလုပ်

ရှမ်းတောင်၊ ပျားစစ်ကြောင်း(Bees Column )ရဲ့ စစ်အခြေခံသင်တန်းအပတ်စဉ်-၂ သင်တန်းဆင်းပွဲကို မနေ့က ညောင်ရွှေမြို့နယ်၊ စစ်ကောင်စီစခန်းဗျူဟာ တစ်ခုရဲ့ အနီးကပ်ဆုံးနေရာမှာပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီဘက်က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေလို့ လွိုင်ကော် ပစ္စည်းပြန်ယူသူတွေကို စစ်တပ်က အမြန်ဆုံး ပြန်ထွက်ခိုင်းနေ

ကရင်နီပြည်၊ လွိုင်ကော်မြို့ကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် နေရပ်ပြန် ပစ္စည်းယူသူတွေကို အမြန်ဆုံး ထွက်ခိုင်းနေတယ်လို့ လတ်တလော ပြန်ရောက်နေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မိုးညှင်းနဲ့ ဖားကန့်ကြား၊ အင်းတော်ဒေသက စစ်ကောင်စီ စခန်း ၃ နေရာကို KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့က သိမ်းပိုက်

ကချင်ပြည်နယ်၊ မိုးညှင်းနဲ့ ဖားကန့်ကြား၊ အင်းတော်ဒေသက စစ်ကောင်စီ စခန်း ၃ နေရာကို ယမန်နေ့ ဇွန်လ ၂၃ ရက်‌နေ့နဲ့ ဒီနေ့ ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်းမှာ KIA နဲ့ ပူးပေါင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မဲဖောက်ရောင်းချနေဆဲ နေအိမ်ကို ဝယ်လက် နောက်တစ်ဦးဆီ ထပ်ရောင်းလို့ ငွေကြေးအရှုပ်အရှင်း ဖြစ်ပေါ်

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာ မဲဖောက်ရောင်းချနေဆဲဖြစ်တဲ့ အိမ်ကို ဝယ်လက်နောက်တစ်ဦးဆီ ထပ်မံရောင်း‌ချမှု ဖြစ်ပွားခဲ့ပြီး ငွေကြေးအရှုပ်အရှင်းတွေ ဖြစ်ပေါ် နေတယ်လို့ မဲဝယ်ထားသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကိုးကန့်ဒေသမှာ နှစ် ၂၀ အထက် နေထိုင်သူတွေကို မူရင်းဒေသသားအဖြစ်အတည်ပြုမယ်လို့ MNDAA က ထုတ်ပြန်

ရှမ်းမြောက်၊ ကိုးကန့်ဒေသဖြစ်တဲ့ အထူးဒေသ(၁) အတွင်း နှစ်ပေါင်း ၂၀ နှစ်နဲ့အထက် နေထိုင်ခဲ့သူတွေကို "မူရင်းဒေသသား"အဖြစ် အတည်ပြုပြီး ဒေသသား မှတ်ပုံတင်ကပ်ပြားအလိုအလျောက်ရရှိနိုင်မယ်လို့ MNDAA က ဇွန်လ ၂၂ ရက်နေ့ စာနဲ့ထုတ်ပြန်လာတာတွေ့ရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now