စစ်ရေးသတင်း

စစ်ကောင်စီ ခိုမုန်းစခန်းသိမ်းပိုက်မှု ခဲယမ်းအများအပြား TNLA ရရှိ

မဲခေါင် 9 Dec - 2023
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ ခိုမုန်းစခန်းကို တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီဇင်ဘာ ၇ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး ရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ ခိုမုန်းစခန်းကို တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီဇင်ဘာ ၇ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး ရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အဲ့ဒီစခန်းကနေ ၆၀ မမ လက်နက်ကြီးအပါအဝင်၊ ပစ္စတို(၁)လက်၊ လက်နက် (၅) လက်၊ ခဲယမ်းများစွာနဲ့ စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့မှာ ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ လယ်ကြီးစခန်းကိုလည်း TNLA နဲ့ PDF တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သားနဲ့ရဲ ၅ ယောက်ကို သုံ့ပန်းအဖြစ် ဖမ်းမိခဲ့ကာ လက်နက်ခဲယမ်းတွေလည်း သိမ်းမိခဲ့ပါသေးတယ်။

တအာင်း(ပလောင်)ဒေသအတွင်းက စစ်ကောင်စီစခန်း ၅၃ ခုကို TNLA က သိမ်းပိုက်ထားပါတယ်။ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်နေတဲ့ “၁၀၂၇ စစ်ဆင်ရေး” အတွင်း ကိုးကန့်ဒေသမှာလည်း စစ်ကောင်စီစခန်း ၂၀၀ ကျော်ကို MNDAA က သိမ်းပိုက်ထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်းကို စစ်ကောင်စီတပ်တွေ စစ်ကူမလာနိုင်အောင် သိန္နီမြို့ကနေ TNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ပေးနေပြီး မန္တလေးတိုင်းအတွင်းက မတ္တရာနဲ့ မိုးကုတ်မြို့နယ်အတွင်းမှာလည်း တိုက်ခိုက်မှုတွေ ရှိနေပါတယ်။

#MeKongNews

#မန်တုံ

#ခိုမုန်း

#ခဲယမ်း

#သိမ်းပိုက်

#TNLA

#PDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးပြည်သူ့ဆေးရုံမှာ ဆရာဝန်တွေ စစ်ရှောင်ကုန်ပြီး ဒဏ်ရာရပြည်သူတွေ အခက်အခဲဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးပြည်နယ်ဆေးရုံကြီးမှာ သူနာပြုအချို့မှအပ ဆရာဝန်၊ ဆရာမတွေ စစ်ဘေးရှောင်ကုန်ကြလို့ ကျန်နေတဲ့ ဒဏ်ရာရ ပြည်သူတွေ အသက်ဘေးကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ လောင်စာဆီပြတ်လပ်လာ

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှာ ဇူလိုင်လ ၁၀ ရက်နေ့ကစပြီး ဓာတ်ဆီတွေ ပြတ်လပ်လာနေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းမြောက်ကနေ တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေကို ရောက်ရှိရာမြို့တွေမှာ စစ်ကောင်စီက ဖောင်ဖြည့်ခိုင်းနေ

ရှမ်းပြည်မြောက်ပိုင်းကနေ ရှမ်းပြည်တောင်ပိုင်းဒေသတွေဆီ တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေကို ရောက်ရှိရာမြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ထွေအုပ်)က ဖောင်ဖြည့်ခိုင်းနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးတိုက်ပွဲအတွင်း အရပ်သားပြည်သူ ၂၅ ဦးခန့် သေဆုံးပြီး ၃၀ ဦးကျော် ဒဏ်ရာရရှိနေ

ရှမ်းမြောက်၊ လားရှိုးမြို့ကို MNDAA က တိုက်နေတဲ့ တိုက်ပွဲတွေအတွင်း အရပ်သား ပြည်သူ ၂၅ ဦးခန့်သေဆုံးပြီး ၃၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပြီလို့ ဒေသသတင်းတွေနဲ့ ပရဟိတအဖွဲ့တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နောင်ချိုက နောက်ဆုံး စစ်ကောင်စီတပ် အမှတ် ၆၀၆ ကို တော်လှန်ရေးတပ်တွေ ရပြီ

ရှမ်းမြောက်၊ နောင်ချိုမြို့နယ်တိုက်ပွဲမှာ ခုခံနေတဲ့ နောက်ဆုံးတပ် ၆၀၆ တပ်ကို ယမန်နေ့ ညသန်းခေါင်အချိန်မှာ တော်လှန်ရေးတပ်တွေက လက်ရ သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီက လားရှိုး ခမရ ၅၀၇ ပြန်ရပြီဆိုပြီး လိမ်လည်နေ

ရှမ်းမြောက်၊ လားရှိုး ရမခစစ်တိုင်းဌာနချုပ်ရဲ့ ရှေ့ကာတပ်ဖြစ်တဲ့ ခမရ-၅၀၇ ကို MNDAA က တိုက်ထုတ်နိုင်ခဲ့တာကို စစ်ကောင်စီတပ်တွေက ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး အလံတင်ပြတဲ့ ရုပ်သံနဲ့ ၅၀၇ ကို ပြန်သိမ်းလိုက်နိုင်တယ်လို့ ပြောတဲ့ Tiktok ရုပ်သံတွေဟာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO က နားခိုက်ရွာမှာ နေအိမ်မီးရှို့ဖျက်စီးပြီး ပစ္စည်းတွေယူဆောင်သွား

ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ PNO က ပြည်သူတွေရဲ့နေအိမ် တွေကို မွှေနှောက်ဖျက်ဆီးပြီး ဘုရားဆင်းတုတော်တွေနဲ့ ငွေတွေ၊ ကားတွေ ဆိုင်ကယ်တွေကို လုယက်ယူဆောင်သွားတယ်လို့သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လူသစ်တွေ သင်တန်းဆင်းဖို့ လွိုင်ကော် Local PDF ယူနီဖောင်းတွေလိုအပ်နေ

အသစ်ဝင်ရောက်လာတဲ့ လူသစ်တွေကို စစ်သင်တန်းပေးပြီးနောက် သင်တန်းဆင်းဖို့အတွက် ယူနီဖောင်းတွေ လိုအပ်နေတယ်လို့ Loikaw Local PDF က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now