စစ်ရေးသတင်း

ကျောက်မဲမြို့အနီး စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့ တိုက်ပွဲပြင်းထန်နေ

မဲခေါင် 1 Nov - 2023
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့ အနီးမှာ စစ်‌ကောင်စီနဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ ဒီကနေ့ မနက်ပိုင်းကစပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ကျောက်မဲမြို့ခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ နို၀င်ဘာ ၁

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့ အနီးမှာ စစ်‌ကောင်စီနဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ ဒီကနေ့ မနက်ပိုင်းကစပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ကျောက်မဲမြို့ခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ဒီကနေ့ နို၀င်ဘာ ၁ ရက်၊ မနက်ပိုင်းက စပြီး ကျောက်မဲမြို့အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး ကျောက်မဲ အခြေစိုက် ခမရ (၅၀၂) တပ်စခန်းက လက်နက်ကြီးတွေ ဆက်တိုက် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

“လောလောဆယ် ၆ လုံးလောက်ရှိပြီ။ အသံအကျယ်ကြီးပဲ။ ဖြစ်နေတာ မြို့နဲ့ သိပ်မဝေးတော့ဘူး။ ဖောက်ဖောက်နဲ့ အသေးသံလည်း တစ်ချက်တစ်ချက် ကြားရတယ်” လို့ သူကရှင်းပြပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ မြို့အနီးက ကျေးရွာတွေဖြစ်တဲ့ ပင်တီး၊ ပင်တိန်၊ လုံကြိမ်၊နောင်ပစ်၊ နောင်ပိန်၊ ဇီးပင်၊ ကျောင်းကုန်း၊ ခိုက်တုန်ဟုန်း နဲ့ နားအိုက်ခန့် ကျေးရွာတွေဘက်ကို ပစ်ခတ်နေတဲ့အပြင် အုမ္မခါးကျေးရွာဘက်ကို လေကြောင်းက ၂ ကြိမ် ဗုံးကြဲ ပစ်ခတ် သွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲ အ‌ခြေအနေ အသေးစိတ်ကိုတော့ မဲခေါင်သတင်းဌာန အနေနဲ့ စုံစမ်း မေးမြန်းနေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကျောက်မဲမြို့တွင်း နေထိုင်တဲ့ ဒေသခံတွေ အနေနဲ့ စစ်ဘေးတိမ်းရှောင်ဖို့ စစ်ရေးအခြေအနေကို နားစွင့်နေကြပြီး အဆင်သင့် အနေအထား ပြင်ဆင်ထားနေရတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။

Mk-007

#MekongNews

#တိုက်ပွဲ_ပြင်းထန်

#ကျောက်မဲမြို့

#ခမရ_(၅၀၂)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်နေတဲ့ ဆီဆိုင်မြို့မှာ တိုက်ပွဲရှောင် မိသားစုလိုက် ဒဏ်ရာတွေနဲ့ ပိတ်မိနေ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ တိုက်ပွဲတွေကြောင့် ခြံအတွင်းပုန်းခိုနေတဲ့ ၁၀ ဦးပါ မိသားတစ်စုအနက် ၅ ဦးဒဏ်ရာရနေပြီး ၂ ဦးက ဒဏ်ရာပြင်းထန်တယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အာဆီယံနိုင်ငံတွေထဲမှာ “စစ်ကောင်စီတပ် အယုတ်မာဆုံး” လို့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ ပြော

စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေဟာ အာဆီယံနိုင်ငံတွေအတွင်း “အယုတ်မာဆုံး ဖက်ဆက်စစ်တပ်” လို့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့ ဖေဖော်ဝါရီ ၂၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PPDF-KD က တပ်သားသစ်တွေ ခေါ်ယူနေ

ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD က တပ်နယ် (၁) သုဝဏ္ဏဘူမိသထုံဒေသနဲ့ တပ်နယ် (၂) ဘားအံဒေသ တို့အတွက် တပ်ဖွဲ့ဝင်အသစ်များကို စတင်လက်ခံခေါ်ယူနေပြီလို့ ထုတ်ပြန် ကြေညာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အမျိုးသားလွတ်မြောက်ရေးတပ်တော် စစ်အခြေခံသင်တန်းဆင်း

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းမှာ အခြေစိုက်ထားတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ရဲ့ စစ်သင်တန်းဆင်းပွဲကို မနေ့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းရှူးမြို့ အဝင်အထွက်တွေကို SSPP ပိတ်ဆို့ထား၊ လိုင်းကားတွေ လူတင်ပြီး မြို့ပြင်ထွက်ခွင့် မရ

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က မြို့အဝင်အထွက်တွေကို ပိတ်ဆို့ထားပြီး လိုင်းကားမောင်းတဲ့သူတွေဟာလည်း လူတင်ခွင့်မရဘူးလို့ မိုင်းရှူးမြို့ခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မှုခင်းသတင်း

ထိုင်းဘတ်ငွေ ၁ သန်းဆုကြေးထုတ်ထားတဲ့ မူးယစ်ရာဇာကို တာချီလိတ်မှာဖမ်းမိ၊ ထိုင်းဘက် လက်ဗွေနဲ့ DNA လာစစ်ပြီး အတည်ပြုသွား

ကိုကဲဟာ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးလောကမှာ အွန်လိုင်းပေါ်ကနေ ရောင်းချတဲ့အထိ ရဲတင်းပြီး လက်တံ့ကျယ် ပြန့်လွန်းတဲ့ ဂိုဏ်းစတားဖြစ်တာကြောင့် ထိုင်း မူးယစ်ဆေးဝါးဘုတ်အဖွဲ့ရဲ့ ဖမ်း၀ရမ်းမှာ ဆုတော်ငွေ ဘတ် ၁ သန်းအထိ ထုတ်ထားရသူဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မံစီမြို့နယ်က စီခမ်းကြီးစစ်ကောင်စီစခန်းကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ စီခမ်းကြီးရွာရှိ စစ်ကောင်စီ တပ်စခန်းကို ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၁၁ နာရီ ဝန်းကျင်ခန့်မှာ KIA နဲ့ ပူးပေါင်း အဖွဲ့တွေ သိမ်းပိုက်လိုက်ကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးဒေသက ရွာတွေမှာ PNO ပြည်သူ့စစ်အတွက် တပ်သားသစ် ၂၀၀ ကျော်စုနိုင်ပြီလို့ ဆို

ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသကရွာတွေမှာ PNO က ဦးဆောင်ပြီး တပ်သားသစ်စုဆောင်းတာ နှစ်ရာကျော်ရှိသွားပြီလို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now