ငြိမ်းချမ်းရေးသတင်း

ရှမ်းတပ်နှစ်ဖွဲ့ရဲ့ သဘောတူညီချက်အရ RCSS နဲ့ ပတ်သက်ဆက်နွယ်သူ ၅ ဦးကို SSPP ပြန်လွှတ်

မဲခေါင် 21 Dec - 2023
နှစ်ဖက်အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးမှုရဲ့ သဘောတူညီချက်အရ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ ပတ်သက်ဆက်နွယ်သူ ၅ ဦးကို ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မဲခေါင် ၊ ဒီဇင်ဘာ ၂၁

နှစ်ဖက်အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးမှုရဲ့ သဘောတူညီချက်အရ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ ပတ်သက်ဆက်နွယ်သူ ၅ ဦးကို ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ရှမ်းတပ် ၂ ခု စည်းလုံးညီညွတ်မှုကို ဖော်ဆောင်တဲ့အနေနဲ့ နှစ်ဖွဲ့ရေးထိုးထားတဲ့ သဘောတူညီချက်အရ တိုက်ပွဲအတွင်းက ဖမ်းမိထားတဲ့သူတွေကို ပြစ်ဒဏ်မှ လျော့ပေါ့လွတ်ပေးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

SSPP က ဖမ်းဆီးထားတဲ့ RCSS နဲ့ ဆက်နွယ်သူ ၅ ဦးကို အထွေထွေအတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းဆုက SSPP ကိုယ်စား ဒီကနေ့မှာ ပြစ်ဒဏ်မှ လွတ်ပေးခဲ့တာဖြစ်ပြီး အဲ့ဒီလွတ်ပေးလိုက်တဲ့သူတွေကိုလည်း ရှမ်းတပ် ၂ ဖွဲ့ရဲ့ အပစ်ခတ်ရပ်စဲရေးအကြောင်းကို ရှင်းပြခဲ့တယ်လို့ SSPP ကဆိုပါတယ်။

ဒါ့အပြင် RCSS နဲ့ SSPP ကြား အပစ်ခတ်ရပ်စဲမှု သဘောတူညီချက်အရ သဘောညီထားတဲ့ အချက် ၉ ချက်ကိုလည်း ရှင်းပြခဲ့ပြီး ပြစ်ဒဏ်မှုလွတ်မြောက်လာသူတွေအတွက် လမ်းခရီးစရိတ်ကိုပါ ထုတ်ပေးခဲ့တယ်လို့ SSPP ကဆိုပါတယ်။

RCCSS နဲ့ SSPP အဖွဲ့တို့ရဲ့ နှစ်ဖက်တပ်ဖွဲ့များ အပစ်ခတ်အရပ်စဲရေး သဘောတူညီမှု အချက် ၉ ချက်အနက် ဖမ်းဆီးထားတဲ့ နှစ်ဖက်အဖွဲ့နဲ့ ပတ်သက်ဆက်နွယ်သူတွေကို ပြန်လွတ်ပေးရေးဟာလည်း တစ်ချက်အပါအဝင်ဖြစ်ပါတယ်။

ဒီကနေ့ SSPP မှ ပြန်လွတ်ပေးလိုက်တဲ့ RCSS နဲ့ ပတ်သက်ဆက်နွယ်သူ ၅ ဦးမှာ စိုင်းဖြူ ၃၃ နှစ်၊ စိုင်းမိုင် ၃၃ နှစ်၊ စိုင်းမိန်း ၃၂၊ စိုင်းစု ၄၆ နှစ် နဲ့ စိုင်းဆိုင်ဖ ၂၈ နှစ်တို့ဖြစ်တယ်လို့ SSPP ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

CJ-002

#MeKongNews

#RCSS

#SSPP

#အပစ်ရပ်

#ပြန်လွှတ်

#သဘောတူ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

သံလွင်မြစ်ရေ ဘေးကင်းအဆင့်ထက် အာဆင်းနစ် ၅ ဆကျော်ပိုများနေသဖြင့် ထိုင်းအရေးပေါ်တိုင်းတာ

မဲခေါင်၊ နိုဝင်ဘာ ၅ ပြီးခဲ့သည့်တစ်ပတ်က ချင်းမိုင်တက္ကသိုလ်ရှိ စူးစမ်းလေ့လာရေးပညာရှင်များ လေ့လာချက်အရ သံလွင်မြစ်ရေသည် အာဆင်းနစ်အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော်ပိုများပြီး ညစ်ညမ်း ပျော်ဝင်နေကြောင်း တွေ့ရသဖြင့် ထိုင်းတာဝန်ရှိသူများ အားချင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now