ငြိမ်းချမ်းရေးသတင်း

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရန် လမ်းပွင့်ပြီဟု ဗိုလ်မှူးကြီးစိုင်းငင်းပြော

မဲခေါင် 18 Feb - 2020
နှစ်ရက်တာကျင်းပခဲ့သည့် အစိုးရနှင့် NCAလက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ NCA-S-EAO တွေ့ဆုံပွဲ ရလဒ်ကြောင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ လမ်းပွင့်သွားပြီ ဖြစ်ကြောင်း RCSS မှ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။ NRPC တွင် ဖေဖော်ဝါရီလ ၁၈ရက်တွင် ကျင်းပခဲ့သည့် ယင်းအစည်းအဝေးတွင် (၈)ကြိမ်မြောက် JICM အစည်းအဝေးမှ ချမှတ်ခဲ့သည့် အချိန်ဇယားအလိုက် ပြည်ထောင်စု ငြိမ်းချမ်ရေးညီလာခံ – UPC ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် အစည်းအဝေးများ ပြုလုပ်ရန် သဘောတူညီချက်ရရှိခဲ့ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းကပြောသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – UPC ကျင်းပရန်အတွက် လိုအပ်သည့် UPDJC အတွင်းရေးမှူးများ အစည်းအဝေး၊ UPDJC အစည်းအဝေး၊ လုပ်ငန်းကော်မတီအစည်းအဝေး၊ အမျိုးသားအဆင့်

နှစ်ရက်တာကျင်းပခဲ့သည့် အစိုးရနှင့် NCAလက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ NCA-S-EAO တွေ့ဆုံပွဲ ရလဒ်ကြောင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ လမ်းပွင့်သွားပြီ ဖြစ်ကြောင်း RCSS မှ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

NRPC တွင် ဖေဖော်ဝါရီလ ၁၈ရက်တွင် ကျင်းပခဲ့သည့် ယင်းအစည်းအဝေးတွင် (၈)ကြိမ်မြောက် JICM အစည်းအဝေးမှ ချမှတ်ခဲ့သည့် အချိန်ဇယားအလိုက် ပြည်ထောင်စု ငြိမ်းချမ်ရေးညီလာခံ – UPC ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် အစည်းအဝေးများ ပြုလုပ်ရန် သဘောတူညီချက်ရရှိခဲ့ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းကပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – UPC ကျင်းပရန်အတွက် လိုအပ်သည့် UPDJC အတွင်းရေးမှူးများ အစည်းအဝေး၊ UPDJC အစည်းအဝေး၊ လုပ်ငန်းကော်မတီအစည်းအဝေး၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ၊ JMC အစည်းအဝေး၊ JICM အစည်းအဝေးများ စဉ်ဆက်မပြတ်ကျင်းပသွားရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။

“အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများနဲ့ Public Consultation ကျင်းပနိုင်ရေးအတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းဆွေးနွေးခဲ့ပြီး မကြာမီကျင်းပမယ့် UPDJC အစည်းအဝေးမှာ အတည်ပြုပေးဖို့ ဖြစ်ပါတယ်။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေး လမ်းပွင့်သွားပြီလို့ ဆိုနိုင်ပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။

ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NCA စာချုပ် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ပါဝင်နိုင်ရေးအတွက်လည်း ဆွေးနွေးညှိနှိုင်း နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖော်ဆောင်ရာတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးမှာ အရေးကြီးသည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ဆောင်ရာ၌ တပ်မတော်နှင့် RCSSတို့ကြား နေရာရွေးချယ်မှု ညှိနှိုင်းအဆင်မပြေခြင်း၊ အစိုးရဘက်မှ ဆွေးနွေးပွဲလုပ်ဆောင်ရာတွင် အစောတလျင် ပြုလုပ်ခြင်းများအပေါ် ရှမ်းတိုင်းရင်းသားပါတီများနှင့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များက သဘောကျမှုမရှိခြင်းတို့ကြောင့် ရှမ်းပြည်နယ်အတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ရပ်ဆိုင်းနေခြင်း ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ငြိမ်းချမ်းရေးသတင်း တိုင်းရင်းသားရေးရာ

ရည်မှန်းချက်ရောက်ရှိအောင်မြင်ဖို့ “ဝ” ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုကို လေးနက်စွာခံယူတယ်လို့ TNLA ဆို

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားနိုင်ငံရေး ဦးတည်ချက်သို့ ရောက်ရှိအောင်မြင်စေရန် PSLF/TNLA အနေနဲ့ “ဝ” ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုကို လေးနက်စွာ ခံယူတယ်လို့ ပလောင်ပြည်နယ်
ငြိမ်းချမ်းရေးသတင်း

စစ်ကောင်စီ၏ အင်အားသုံး ထိုးစစ်ဆင်မှုကို ကောင်းမွန်စွာခုခံနိုင်ကြောင်း ကိုးကန့်ထုတ်ပြန်

ကိုးကန့်တပ်ဖွဲ့ – MNDAA ဒေသဖြစ်သည့် မုံးကိုးခရိုင် ဖောင်းဆိုင်ဒေသတွင် စက်တင်ဘာလ ၅ရက်၌ စစ်ကောင်စီတပ်များက အင်အားအလုံးအရင်ဖြင့် ထိုးစစ်ဆင်နေပြီး ကိုးကန့်တပ်ဖွဲ့က
ငြိမ်းချမ်းရေးသတင်း

ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးကြီးဟောင်း စန်းပွင့် ကွယ်လွန်သည့်အပေါ် “ဝ” တပ်ဖွဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

ဩဇာအာဏာကြီးမားခဲ့သည့် ထောက်လှမ်းရေးတပ်ဖွဲ့ အကြီးအကဲဟောင့် ဗိုလ်မှူးကြီး(ငြိမ်း)စန်းပွင့် ကွယ်လွန်ခဲ့သည့်အပေါ် အထူးတုန်လှုပ်ပြီး နှမျောတသဖြစ်ရကြောင်း မြန်မာနိုင်ငံ၏ အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ “ဝ”က သဝဏ်လွှာတစ်စောင် ဩဂုတ်လ ၁၀ရက်က ထုတ်ပြန်လိုက်သည်။ ဗိုလ်မှူးကြီးဟောင်း စန်းပွင့်သည် “ဝ” တိုးတက်မှုတွင် ကြိုးစားအားထုတ်မှုများစွာပါဝင်နေပြီး
ငြိမ်းချမ်းရေးသတင်း

မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး တပ်မတော်၏ စွပ်စွဲပြောဆိုမှုများက ငြိမ်းချမ်းရေးအတွက် အလွန်ထိခိုက်ဟု RCSS တုံ့ပြန်

RCSS အပေါ် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ စွပ်စွဲပြောဆိုမှုများမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အလွန်ထိခိုက်ရသည်ဟု RCSS ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက တုံ့ပြန်ပြောဆို လိုက်သည်။ တပ်မတော်၏ မတ်လ ၁ရက် ထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးသတင်းရသဖြင့် တပ်မတော်စစ်ကြောင်းများ
ငြိမ်းချမ်းရေးသတင်း

မိုင်းကိုင်တိုက်ပွဲအတွင်း တပ်မတော်ဘက်မှ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

မိုင်းကိုင်မြို့နယ်အနီး လွယ်တွမ်းတောင်ကြော တစ်လျှောက်တွင် RCSS နှင့် တပ်မတော်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တပ်မတော်ဘက်ကမှ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၉ရက် ညနေ ၃နာရီခွဲခန့်က တပ်မတော်ဘက်မှ ရဟတ်ယာဉ်