ငြိမ်းချမ်းရေးသတင်း

မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး တပ်မတော်၏ စွပ်စွဲပြောဆိုမှုများက ငြိမ်းချမ်းရေးအတွက် အလွန်ထိခိုက်ဟု RCSS တုံ့ပြန်

မဲခေါင် 3 Mar - 2020
RCSS အပေါ် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ စွပ်စွဲပြောဆိုမှုများမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အလွန်ထိခိုက်ရသည်ဟု RCSS ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက တုံ့ပြန်ပြောဆို လိုက်သည်။ တပ်မတော်၏ မတ်လ ၁ရက် ထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးသတင်းရသဖြင့် တပ်မတော်စစ်ကြောင်းများ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မည်ဟု (၅)ရက်ခန့် ကြိုတင် အကြောင်းကြားထားသော်လည်း RCSS ဘက်မှ လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ တပ်မတော် စစ်ကြောင်းကို စတင်တိုက်ခိုက်သည်ဟု ဖော်ပြထားသည့်အပေါ် အခြေခံပြီး ယခုကဲ့သို့ တုန့်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ “ကျွန်တော်တို့ အဖွဲ့ကို နယ်မြေကျူးကျော်တယ်လို့လဲ ပြောလိုပြော။ ပြီးတော့ ကျွန်တော်တို့အဖွဲ့က မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေ သယောင်ယောင်၊ မူးယစ်ဆေးဝါး အရောင်းအဝယ်သမားကို အကာအကွယ်ပေးနေ

RCSS အပေါ် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ စွပ်စွဲပြောဆိုမှုများမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အလွန်ထိခိုက်ရသည်ဟု RCSS ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက တုံ့ပြန်ပြောဆို လိုက်သည်။

တပ်မတော်၏ မတ်လ ၁ရက် ထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးသတင်းရသဖြင့် တပ်မတော်စစ်ကြောင်းများ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မည်ဟု (၅)ရက်ခန့် ကြိုတင် အကြောင်းကြားထားသော်လည်း RCSS ဘက်မှ လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ တပ်မတော် စစ်ကြောင်းကို စတင်တိုက်ခိုက်သည်ဟု ဖော်ပြထားသည့်အပေါ် အခြေခံပြီး ယခုကဲ့သို့ တုန့်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အဖွဲ့ကို နယ်မြေကျူးကျော်တယ်လို့လဲ ပြောလိုပြော။ ပြီးတော့ ကျွန်တော်တို့အဖွဲ့က မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေ သယောင်ယောင်၊ မူးယစ်ဆေးဝါး အရောင်းအဝယ်သမားကို အကာအကွယ်ပေးနေ သယောင်ယောင် ပြောဆိုမှုမျိုးက ငြိမ်းချမ်းရေးကို အတော်ထိခိုက်တယ်ဗျာ” ဟု ၎င်းက ပြောသည်။

ထို့အပြင် မူးယစ်ဆေးဝါးသတင်းအရ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မည်ဟု အကြောင်းကြားထားသည် ဆိုသည်မှာလည်း လုံးဝ မဟုတ်မှန်ကြောင်း RCSS ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက ပြောသည်။

“အဲဒါ(မူးယစ်သတင်းရ နယ်မြေရှင်းလင်းရေးလုပ်ဖို့ အကြောင်းကြားထားတယ်ဆိုတာ) လုံးဝမမှန်ပါဘူး။ ၂၂ရက်နေ့က အကြောင်းကြားလာတာက ဝန်ကြီးလာမှာမို့လို့ စစ်ကြောင်းက လုံခြုံရေး ယူပေးမလို့ ခင်ဗျားတို့ တပ်တွေ ရှိရင် ရှောင်ပေးပါ အဲဒီလောက်ပဲ အကြောင်းကြားတယ်။ အဲဒီတော့ ကျွန်တော်တို့က ပြန့်ကျဲနေတဲ့ လူတွေကို စုပြီး တောင်ကုန်းပေါ်ကို ရွှေ့ပေးလိုက်တာပေါ့။ ပြီးတော့ သူတို့ကို အကြောင်းပြန်လိုက်တယ်။ ရွှေ့လိုက်ပြီ တောင်ကုန်းပေါ်တော့ မတက်လာနဲ့နော် ဆိုပြီးတော့။ အဲဒါကို အခွင့်ကောင်းယူပြီး ရုတ်တရက် အင်အား ၄၀၀ လောက်နဲ့ ရုတ်တရက်ဝင်တိုက် လိုက်တာပေါ့နော်” ဟု ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက မဲခေါင်သတင်းဌာနကို ပြောသည်။

RCSS နှင့် တပ်မတော်တို့ ဖေဖော်ဝါရီလ ၂၇ရက်မှ စတင်ကာ မိုင်းကိုင်မြို့နယ်အနီးရှိ လွယ်တွမ်းတောင်ကြော တဝိုက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မတ်လ ၃ရက်အထိ အနီးတဝိုက်တွင် ပစ်ခတ်မှုများ ဖြစ်နေဆဲ ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ငြိမ်းချမ်းရေးသတင်း

စစ်ကောင်စီ၏ အင်အားသုံး ထိုးစစ်ဆင်မှုကို ကောင်းမွန်စွာခုခံနိုင်ကြောင်း ကိုးကန့်ထုတ်ပြန်

ကိုးကန့်တပ်ဖွဲ့ – MNDAA ဒေသဖြစ်သည့် မုံးကိုးခရိုင် ဖောင်းဆိုင်ဒေသတွင် စက်တင်ဘာလ ၅ရက်၌ စစ်ကောင်စီတပ်များက အင်အားအလုံးအရင်ဖြင့် ထိုးစစ်ဆင်နေပြီး ကိုးကန့်တပ်ဖွဲ့က
ငြိမ်းချမ်းရေးသတင်း

ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးကြီးဟောင်း စန်းပွင့် ကွယ်လွန်သည့်အပေါ် “ဝ” တပ်ဖွဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

ဩဇာအာဏာကြီးမားခဲ့သည့် ထောက်လှမ်းရေးတပ်ဖွဲ့ အကြီးအကဲဟောင့် ဗိုလ်မှူးကြီး(ငြိမ်း)စန်းပွင့် ကွယ်လွန်ခဲ့သည့်အပေါ် အထူးတုန်လှုပ်ပြီး နှမျောတသဖြစ်ရကြောင်း မြန်မာနိုင်ငံ၏ အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ “ဝ”က သဝဏ်လွှာတစ်စောင်
ငြိမ်းချမ်းရေးသတင်း

မိုင်းကိုင်တိုက်ပွဲအတွင်း တပ်မတော်ဘက်မှ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

မိုင်းကိုင်မြို့နယ်အနီး လွယ်တွမ်းတောင်ကြော တစ်လျှောက်တွင် RCSS နှင့် တပ်မတော်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တပ်မတော်ဘက်ကမှ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၉ရက် ညနေ ၃နာရီခွဲခန့်က တပ်မတော်ဘက်မှ ရဟတ်ယာဉ်
ငြိမ်းချမ်းရေးသတင်း

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရန် လမ်းပွင့်ပြီဟု ဗိုလ်မှူးကြီးစိုင်းငင်းပြော

နှစ်ရက်တာကျင်းပခဲ့သည့် အစိုးရနှင့် NCAလက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ NCA-S-EAO တွေ့ဆုံပွဲ ရလဒ်ကြောင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ လမ်းပွင့်သွားပြီ ဖြစ်ကြောင်း RCSS မှ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။ NRPC တွင် ဖေဖော်ဝါရီလ ၁၈ရက်တွင် ကျင်းပခဲ့သည့်