ငြိမ်းချမ်းရေးသတင်း

ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးကြီးဟောင်း စန်းပွင့် ကွယ်လွန်သည့်အပေါ် “ဝ” တပ်ဖွဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

မဲခေါင် 10 Aug - 2021
ဩဇာအာဏာကြီးမားခဲ့သည့် ထောက်လှမ်းရေးတပ်ဖွဲ့ အကြီးအကဲဟောင့် ဗိုလ်မှူးကြီး(ငြိမ်း)စန်းပွင့် ကွယ်လွန်ခဲ့သည့်အပေါ် အထူးတုန်လှုပ်ပြီး နှမျောတသဖြစ်ရကြောင်း မြန်မာနိုင်ငံ၏ အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ “ဝ”က သဝဏ်လွှာတစ်စောင် ဩဂုတ်လ ၁၀ရက်က ထုတ်ပြန်လိုက်သည်။ ဗိုလ်မှူးကြီးဟောင်း စန်းပွင့်သည် “ဝ” တိုးတက်မှုတွင် ကြိုးစားအားထုတ်မှုများစွာပါဝင်နေပြီး နက်ရှိုင်းသောချစ်ကြည်မှုကို တည်ဆောက်နိုင်ခဲ့ကြောင်း “ဝ”တပ်ဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ဗိုလ်မှူးကြီးဟောင်း စန်းပွင့်သည့် ဗမာပြည်ကွန်မြူနစ်ပါတီကို သပ်ရှိုပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ “ဝ”၊ မိုင်းလား စသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် ရှေ့တန်းမှ ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။ “ဝ”နှင့် မိုင်းလား ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်အခမ်းအများသို့ အထူးဧည့်သည်တော်တစ်ဦးအဖြစ်တက်ရောက် ခဲ့ပြီး ထောက်လှမ်းရေးခေါင်းဆောင်ဟောင်း ဦးခင်ညွန့်ပေးပို့သည့် သဝဏ်လွှာကို ကိုယ်စားဖတ်ကြားခဲ့သူ ဖြစ်သည်။ ပုံအညွှန်း

ဩဇာအာဏာကြီးမားခဲ့သည့် ထောက်လှမ်းရေးတပ်ဖွဲ့ အကြီးအကဲဟောင့် ဗိုလ်မှူးကြီး(ငြိမ်း)စန်းပွင့် ကွယ်လွန်ခဲ့သည့်အပေါ် အထူးတုန်လှုပ်ပြီး နှမျောတသဖြစ်ရကြောင်း မြန်မာနိုင်ငံ၏ အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ “ဝ”က သဝဏ်လွှာတစ်စောင် ဩဂုတ်လ ၁၀ရက်က ထုတ်ပြန်လိုက်သည်။

ဗိုလ်မှူးကြီးဟောင်း စန်းပွင့်သည် “ဝ” တိုးတက်မှုတွင် ကြိုးစားအားထုတ်မှုများစွာပါဝင်နေပြီး နက်ရှိုင်းသောချစ်ကြည်မှုကို တည်ဆောက်နိုင်ခဲ့ကြောင်း “ဝ”တပ်ဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဗိုလ်မှူးကြီးဟောင်း စန်းပွင့်သည့် ဗမာပြည်ကွန်မြူနစ်ပါတီကို သပ်ရှိုပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ “ဝ”၊ မိုင်းလား စသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် ရှေ့တန်းမှ ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။

“ဝ”နှင့် မိုင်းလား ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်အခမ်းအများသို့ အထူးဧည့်သည်တော်တစ်ဦးအဖြစ်တက်ရောက် ခဲ့ပြီး ထောက်လှမ်းရေးခေါင်းဆောင်ဟောင်း ဦးခင်ညွန့်ပေးပို့သည့် သဝဏ်လွှာကို ကိုယ်စားဖတ်ကြားခဲ့သူ ဖြစ်သည်။

ပုံအညွှန်း – “ဝ”ငြိမ်းချမ်းရေး နှစ်၃၀ပြည့်အခမ်းအနားတွင် ခင်ညွန့်မိန့်ခွန်းကို ကိုယ်စားဖတ်ပြနေသည့် ဗိုလ်မှူးကြီးဟောင်းစန်းပွင့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ငြိမ်းချမ်းရေးသတင်း

စစ်ကောင်စီ၏ အင်အားသုံး ထိုးစစ်ဆင်မှုကို ကောင်းမွန်စွာခုခံနိုင်ကြောင်း ကိုးကန့်ထုတ်ပြန်

ကိုးကန့်တပ်ဖွဲ့ – MNDAA ဒေသဖြစ်သည့် မုံးကိုးခရိုင် ဖောင်းဆိုင်ဒေသတွင် စက်တင်ဘာလ ၅ရက်၌ စစ်ကောင်စီတပ်များက အင်အားအလုံးအရင်ဖြင့် ထိုးစစ်ဆင်နေပြီး ကိုးကန့်တပ်ဖွဲ့က
ငြိမ်းချမ်းရေးသတင်း

မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး တပ်မတော်၏ စွပ်စွဲပြောဆိုမှုများက ငြိမ်းချမ်းရေးအတွက် အလွန်ထိခိုက်ဟု RCSS တုံ့ပြန်

RCSS အပေါ် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ စွပ်စွဲပြောဆိုမှုများမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အလွန်ထိခိုက်ရသည်ဟု RCSS ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက
ငြိမ်းချမ်းရေးသတင်း

မိုင်းကိုင်တိုက်ပွဲအတွင်း တပ်မတော်ဘက်မှ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

မိုင်းကိုင်မြို့နယ်အနီး လွယ်တွမ်းတောင်ကြော တစ်လျှောက်တွင် RCSS နှင့် တပ်မတော်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တပ်မတော်ဘက်ကမှ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၉ရက် ညနေ ၃နာရီခွဲခန့်က တပ်မတော်ဘက်မှ ရဟတ်ယာဉ်
ငြိမ်းချမ်းရေးသတင်း

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရန် လမ်းပွင့်ပြီဟု ဗိုလ်မှူးကြီးစိုင်းငင်းပြော

နှစ်ရက်တာကျင်းပခဲ့သည့် အစိုးရနှင့် NCAလက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ NCA-S-EAO တွေ့ဆုံပွဲ ရလဒ်ကြောင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ လမ်းပွင့်သွားပြီ ဖြစ်ကြောင်း RCSS မှ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။ NRPC တွင် ဖေဖော်ဝါရီလ ၁၈ရက်တွင် ကျင်းပခဲ့သည့်